Ooredoo မှ Employee Engagement Leadership ဆုချီးမြှင့်ပွဲ ၌ တစ်နှစ်တာ ဝန်ထမ်းများနှင့်ထိတွေ့ ဆက်ဆံမှုအ ကောင်းဆုံး ကုမ္ပဏီဆုရရှိ

မြန်မာနိုင်ငံတွင် ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်လျက်ရှိသည့်အူရီဒူးမြန်မာသည် ကမ္ဘာ့လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ၂၀၂၂ ၌ Employee Engagement Leadership ဆုပေးပွဲတွင်တစ်နှစ်တာအတွက် ဝန်ထမ်းများနှင့်ထိတွေ့ဆက်ဆံမှုအကောင်းဆုံး ကုမ္ပဏီဆု (Best Employee Engagement Company of the Year) အားလက်ခံရရှိခဲ့ပြီး ၎င်း၏ စေ့စပ်ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းကောင်းသော ဝန်ထမ်းအဖွဲ့အဖြစ်ဖန်တီးနိုင်ရန် ကောင်းမွန်ပြောင်မြောက် သည့် ဆောင်ရွက်ချက်များကို အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
၎င်းဆုသည် ထိပ်တန်းကုမ္ပဏီတစ်ခု၏ ပျော်ရွှင်ဖွယ်ကောင်းရုံမျှမက လုပ်ဆောင်နိုင်စွမ်းမြင့်မားသော လုပ်ငန်းခွင်တစ်ခုကို အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဖန်တီးနိုင်ခြင်းအတွက် အသိအမှတ်ပြုချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။
အူရီဒူးမြန်မာမှ ဝန်ထမ်းတစ်ဦးစီတိုင်းသည် အဖွဲ့အစည်း၏အဖွဲ့ဝင်များဖြစ်ပြီးအချင်းချင်း လုပ်ဆောင်နိုင်စွမ်းများကို ယုံကြည်စွာအားပေးခြင်း၊ အပြုသဘောဆောင်သော ပုံမှန် အကြံပြုချက်များကို လက်ခံရရှိခြင်း၊ ကျွမ်းကျင်မှုအသစ်များ ဖော်ထုတ်ရာတွင် ပံ့ပိုးပေးခြင်း၊ ရရှိလောသောအောင်မြင်မှုများအတွက် အသိအမှတ်ပြုကျေးဇူးတင်ခံရခြင်း စသဖြင့် ၎င်းတို့ကို ကမ္ဘာမှကျင့်သုံးနေသည့် အဆင့်မီ ဝန်ထမ်းများနှင့်ထိတွေ့ဆက်ဆံမှုဆိုင်ရာ အလေ့အကျင့်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ကမ္ဘာ့ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်ကို နားလည်ထားပြီးအူရီဒူးမြန်မာသည် ဝန်ထမ်းများ၏ ကျန်းမာရေး၊ ဘေးကင်းရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးတို့ကို အမြဲဦးစားပေးဆောင်ရွက်လျက်ရှိသည်။

Photo Source sammathaindex@gmail.com

အူရီဒူးမြန်မာသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နေအိမ်မှအလုပ်လုပ်စေခြင်း(Work from Home)စနစ်ကို (၂၀၂၀ ခုနှစ် မတ်လမှ ယနေ့အထိ) မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်သည့် ပထမဆုံးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အူရီဒူးဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပါတ်သတ်သည့် ကိစ္စရပ်များအတွက်လည်းISOS ဆေးခန်းမှ ဆရာဝန်နှင့် ၂၄/၇ တယ်လီဖုန်းဖြင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပါသည်။ COVID-19 ကူးစက်ခံထားရသော ဝန်ထမ်းများအား ပံ့ပိုးကူညီရာတွင်လည်း အူရီဒူးမြန်မာမှ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများဖြင့် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့်quarantine စင်တာအား စီစဉ်ပေးခဲ့ပါသည်။ ထို့အပြင် Covid-19 ကူးစက်ခံထားရသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လည်း အူရီဒူးမြန်မာမှ oxygen concentrators နှင့် oxygen cylindersများဝယ်ယူ ငှားရမ်းပေးခဲ့ပါသည်။ အူရီဒူး၏ ပံ့ပိုးကူညီမှုဖြင့် ယခုအခါ ဝန်ထမ်း၁၀၀% ကို COVID-19 ကာကွယ်ဆေး အပြည့်ထိုးပေးပြီး ဖြစ်သည်။
ပွင့်လင်းယုံကြည်စိတ်ချရသော လုပ်ငန်းခွင်ကို ဖန်တီးရန်အတွက် အူရီဒူးမြန်မာသည် ဝန်ထမ်းများ၏ အကြံပြုချက်၊ အကြံဉာဏ်များ၊ ထင်မြင်ချက်များကို မျှဝေနိုင်သည့် လမ်းကြောင်းများဖြစ်သော- Ask Me Anything ချန်နယ်ကို Microsoft Teams ဖြင့်လည်းကောင်း၊ CEO နှင့်ကော်ဖီစကားဝိုင်း၊ စီမံခန့်ခွဲမှုအရာရှိကြီးများနှင့်ကော်ဖီစကားဝိုင်းများ၊ ဝန်ထမ်းများမှ အမျိူးမျိူးသောခေါင်းဆောင်မှု၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ လုပ်ငန်းစဉ်များ၊ ထိတွေ့ဆက်ဆံမှု စသည်တို့ကဲ့သို့ မတူညီသော ကဏ္ဍ အမျိုးအစားများအတွက် ၎င်းတို့၏ အကြံပြုချက်များကို ပေးပို့နိုင်သော အွန်လိုင်းအကြံပြုချက်ဘောက်စ် နှင့် အသင်းအဖွဲ့၏ အခြေအနေကို အမြင်အမျိုးမျိူးဖြင့် ပုံမှန်အကဲဖြတ်နေသည့် စစ်တမ်းတိုဖြစ်သည့် Team Barometer စသည်တို့ဖြင့် တိုင်းတာစစ်ဆေးလျက်ရှိသည်။
၂၀၂၁ ခုနှစ် OHI (Organizational Health Index)စစ်တမ်း ရလဒ်အရ အူရီဒူးမြန်မာသည် “ဝန်ထမ်းပါဝင်မှု” အတိုင်းအတာတွင် ၇၉မှတ်ဖြင့် ကမ္ဘာလုံးဆိုင်ရာစံနှုန်းထိပ်တန်းတွင် ရောက်နေပြီး၂၀၂၀ OHI ရလဒ်ထက် သိသိသာသာ အားကောင်းလာခဲ့သည်။
World HRD Congress သည် လုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုရှိသော အဓိကကျသော လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုလမ်းကြောင်းများနှင့် အလေ့အကျင့်များကို ဆွေးနွေးရန်အတွက် လုပ်ငန်းနှင့် လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုခေါင်းဆောင်များကို အတူတကွ ခေါ်ဆောင်ပေးသည့် မြင့်မားစွာ အသိအမှတ်ပြုခံထားရသော ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် အလုပ်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဘဝများကို ဖန်တီးရန်ရည်ရွယ်ချက်ဖြင့်လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုအသိုင်းအဝိုင်း၊ လုပ်ငန်းများနှင့် စီးပွားရေးကို အမှန်တကယ် ခြားနားကောင်းမွန်လာအောင်ပြုလုပ်ရန် မျှော်မှန်းချက် ဖြင့် ဖွဲ့စည်းထားသော လွတ်လပ်သော အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ဆောင်ပါသည်။