Samsung သည် Interbrand ၏ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်းအမှတ်တံဆိပ် ၁၀၀ စာရင်းတွင် အဆင့် ၅ နေရာ၌ ဆက်လက်ရပ်တည်

Samsung Electronics သည် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand မှ ထုတ်ပြန်ကြေညာသည့် ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ စာရင်းတွင် အဆင့် (၅) နေရာ၌ ထပ်မံရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် စုစုပေါင်း ကုန်အမှတ်တံဆိပ်တန်ဖိုး ၂၀ ရာခိုင်နှုန်း (၂၀၂၁ ခုနှစ်အတွက် ထိပ်တန်းကုန်အမှတ်တံဆိပ် ၁၀၀ ၏ ပျှမ်းမျှ ကုန်အမှတ်တံဆိပ်တန်ဖိုး တိုးတက်လာမှု ပမာဏ၏ ၂ ဆ) အထိ တိုးတက်လာခဲ့ပြီး ၎င်း၏ ကုမ္ပဏီသက်တမ်း တစ်လျှောက် စံချိန်တင် ကုန်အမှတ်တံ ဆိပ်တန်ဖိုးအဖြစ် အမေရိကန်ဒေါ်လာ ၇၄.၆ ဘီလီယံအထိ ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် Interbrand မှ Best Global Brands (တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ) စာရင်းအား ပထမဦးဆုံး စတင်ထုတ်ပြန်ခဲ့သည့် အချိန်စ၍ Samsung ၏ ကုန်အမှတ်တံဆိပ် တန်ဖိုးသည် နှစ်စဉ်နှစ်တိုင်း တသမတ်တည်း သိသိသာသာ တိုးတက်လာနေခဲ့သည်။ စာရင်းစတင်ထုတ်ပြန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တွင် Samsung သည် အဆင့် ၄၃ နေရာ၌သာ ရပ်တည်နိုင်ခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် အဆင့် ၁၉၊ ထိုမှတဆင့် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၅ နေရာ၌ (၂၀၀၀ ပြည့်နှစ်မှ အမှတ်တံဆိပ်တန်ဖိုးထက် ၁၂ ဆ ခန့် မြင့်တက်လာခဲ့) ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

Photo Source http://samsung.com/mm

၂၀၂၁ ခုနှစ်အတွင်း သုံးစွဲသူဗဟိုပြု customer-centric management system အား အောင်မြင်စွာ ပြောင်းလဲအသုံးပြုနိုင်ခဲ့ခြင်း၊ လူမှုအကျိုးပြုလုပ်ငန်း အများအပြား အပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း၊ Galaxy Z Flip3၊ Neo QLED တီဗီများ နှင့် နည်းပညာမြင့် အိမ်သုံးပစ္စည်းများ အပါအဝင် သူမတူသည့် နည်းပညာထုတ်ကုန်များအား မိတ်ဆက်နိုင်ခဲ့ခြင်း၊ မှတ်ဉာဏ်တုနည်းပညာ – artificial intelligence (AI)၊ 5G၊ မော်တော်ယာဉ်နှင့် စက်ရုပ်နည်းပညာ ကဏ္ဍနယ်ပယ်များတွင် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ခြင်း စသည့်အချက်များသည် Samsung ၏ ယခုနှစ် အရှိန်အဟုန်မြင့်တိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အဆိုပါ Best 100 Global Brands (အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ် ၁၀၀) စာရင်းအား နှစ်ပေါင်း ၄၀ ကျော်ကြာ သက်တမ်းရှိနေပြီ ဖြစ်သည့် နာမည်ကျော် နိုင်ငံတကာ အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး Interbrand မှ နှစ်စဉ်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ထိုသို့ကြေညာရာတွင် နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှု (Financial Performance)၊ သုံးစွဲသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိမှု (Brand Influence on Purchase) နှင့် ယှဉ်ပြိုင်နိုင်စွမ်း (Brand Competitiveness) အစရှိသည့် အချက်အလက်များ အပေါ် အသေးစိတ် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ကာ အဆင့်သတ်မှတ်ချက်များ တွက်ချက်ပေးခြင်း ဖြစ်သည်။
ထို့အတူ Samsung သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နာမည်ကျော် Forbes မဂ္ဂဇင်းမှ ချီးမြှင့်သည့် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးအလုပ်ရှင်ဆု (World’s Best Employers 2021) ကိုလည်း ၂ နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းဦးရေနှင့် စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသည့် Samsung သည် ကမ္ဘာ့နံပါတ်တစ် အလုပ်ရှင်အဖြစ် ယခုနှစ်တွင် ထပ်မံရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

Photo Source http://samsung.com/mm

နှစ်စဉ်နှစ်တိုင်းတွင် Forbes မဂ္ဂဇင်းသည် အဆိုပါ ဆုအတွက် နိုင်ငံဒေသအများအပြားတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီးများအတွက် အလုပ်လုပ်ကိုင်ပေးနေသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံမှ ဝန်ထမ်းဦးရေပေါင်း ၁၅၀,၀၀၀ ခန့်အား စစ်တမ်း ကောက်ယူလေ့ရှိသည်။ ယခုနှစ်အတွက်မှု COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ၎င်းတို့အလုပ်လုပ်ကိုင် ပေးနေသည့် ကုမ္ပဏီကြီးများ၏ တုံ့ပြန်ဆောင်ရွက်မှုများအပေါ် စိတ်ကျေနပ်မှုအတိုင်းအတာ စသည်တို့အပါအဝင် ပုံရိပ်ကောင်းမွန်မှု၊ စီးပွားရေး အခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ၊ ကျား/မ သာတူညီမျှရှိမှုနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှု စသည့် ကဏ္ဍနယ်ပယ်များအတွက် ဝန်ထမ်းများအား အမှတ်ပေး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com (သို့မဟုတ်) http://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။