HUAWEI nova စမတ်ဖုန်းအသစ်၏ တစ်မူထူးခြားသည့် အနောက်ဘက် 3D Glass ကာဗာနှင့် Full View Display တို့အကြောင်း

HUAWEI nova 9 SE သည် အနုပညာဆန်ပြီး ကောင်းမွန်သည့်လုပ်ဆောင်ချက်များကို လက်ဆင့်ကမ်းဆက်ခံကာ Resolution မြင့်မားသည့် ကင်မရာစနစ်နှင့်အတူ အမျိုးမျိုးသော ခေတ်မှီအသုံးပြုမှုအတွေ့အကြုံများရရှိစေရန် EMUI 12 ကိုထည့်သွင်းကာ ပွဲဦးထွက်လာခဲ့သည်။
HUAWEI nova 9 SE ၏ ဘေးဘောင်များသည် အလွန်သေးသွယ်ပါးလျှပြီး 1mm သာရှိသည့်အတွက် Full View Display ကိုခံစားရမည်ဖြစ်သည်။ HUAWEI nova 9 SE ၏ သတိမပြုမိလောက်အောင် သေးသွယ်လွန်းသည့်ဘေးဘောင်များသည် 7.94mm သာရှိသည့် အလွန်ပါးလျှသည့်ဖုန်းကိုယ်ထည်နှင့် အချိုးညီလိုက်ဖက်လှသည်။

Photo Source https://www.facebook.com/huaweimobile/

Huawei သည် စမတ်ဖုန်းအသုံးပြုသူများအနေဖြင့် ဖုန်းမျက်နှာပြင်အား ကြည့်ရှုရအဆင်ပြေစေရန် Screen Display အား အကောင်းဆုံးတီထွင်ထုတ်လုပ်ထားသည်။ ဒီဇိုင်းရှုထောင့်မှထပ်လောင်းဖော်ပြရလျှင် HUAWEI nova 9 SE ၏ Screen Display သည် 6.78 လက်မရှိပြီး အခြားသောထွက်ရှိထားသည့် Flagship Model များထက်ပိုမိုကြီးမားသည်။
ထို့အပြင် 6.78 လက်မရှိသည့် Display ကိုထပ်မံထောက်ပံ့ထားသည်မှာ Huawei ရှိ ကျွမ်းကျင်သူများမှ ဖန်တီးထားသည့် 1.1 mm ရှိသည့် ထိပ်ဘက်ဘောင်များနှင့် 1.05 mm ရှိသည့် ဘေးဘက်‌ဘောင်များဖြစ်သည်။ ပုံမှန် စမတ်ဖုန်းများနှင့်နှိုင်းယှဉ်ပါက HUAWEI nova 9 SE ၏ Screen to body ratio သည် 94.85% ရှိသည့်အတွက် ပိုမိုကောင်းမွန်ပြီး ကြွရွသည့် ပုံရိပ်များကို ခံစားကြည့်ရှုနိုင်စေမည် ဖြစ်သည်။
HUAWEI nova 9 SE ၏ 10K-Level Smooth Light Adjustment နည်းပညာအရ ပတ်ဝန်းကျင်အလင်းရောင်ထိန်းညှိသည့် Settingတွင် ဖုန်း၏မျက်နှာပြင်အလင်းရောင်အား ပတ်ဝန်းကျင်ရှိ အလင်းရောင်နှင့်လိုက်လျောညီစွာ အလိုအလျောက် ပြောင်းလဲပေးနိုင်စေရန် ဖန်တီးထားသည်။ ထို့ပြင် မျက်လုံးညောင်းညာခြင်းနှင့် အမြင်အာရုံအား ကာကွယ်နိုင်စေရန် Smartphone’s Eye Protection mode ထည့်သွင်းထားသည့်အတွက် အပြာရောင်အလင်းတန်းများအားလျော့ချပေးနိုင်သည်။
HUAWEI nova 9 SE ၏ 2388 x 1080 high resolution ရှိသည့် screen သည် ဂိမ်းကစားခြင်းနှင့် ဗီဒီယိုများကြည့်ရာတွင် စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများကို ရရှိစေနိုင်သည့် P3 colour gamut ကိုအထောက်အပံ့ပေးထားသည်။ ထို့အပြင် screen display refresh rate သည် 90 Hz ရှိပြီး 270 Hz touch sampling rate ရှိသည့်အတွက် ပိုမိုညက်ညောပြီး တုန့်ပြန်မှုမြန်ဆန်စေမည်ဖြစ်သည်။
HUAWEI nova 9 SE ၏ အနောက်ဘက် lens များသည် nova series ၏ အထင်ကရအမှတ်အသားဖြစ်သည့် ကြယ်ပတ်လမ်းကြောင်းပုံစံကင်မရာဒီဇိုင်းအတိုင်းဖန်တီးထားသည့်အတွက် စက်ဝိုင်းပုံစံမှာအချိုးကျလှပပြီး မျက်စိပသာဒဖြစ်စေသည်။ HUAWEI nova series ၏အကောင်းဆုံးကင်မရာဖြင့် မျက်စိရှေ့တွင်ရှိသော ရင်သပ်ရှုမောဖွယ်ရာရှုခင်းများအား နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် အကောင်းဆုံးရိုက်ကူးပေးနိုင်မည်ဖြစ်သည်။
HUAWEI nova 9 SE ၏ 7.94 mm သာရှိသည့် သေးသွယ်သည့် ကိုယ်ထည်သည် 3D Glass အနောက်ဘက်ကာဗာနှင့်အတူ ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းထားသည့်အတွက် လက်ထဲတွင် ပေါ့ပါးကျစ်လစ်ကာ vloggers များအတွက်အထူးသင့်လျော်သည်။ ခရီးထွက်ရာတွင်ဖြစ်စေ၊ နေ့စဉ်ဘဝအားမှတ်တမ်းတင်ရာတွင်ဖြစ်စေ HUAWEI nova 9 SE ဖြင့် vlog ကောင်းများကိုဖန်တီးနိုင်မည် ဖြစ်သည်။
HUAWEI nova 9 SE အား ယနေ့ခေတ် စမတ်ဖုန်းသုံးစွဲသူလူငယ်များအကြိုက်ဖြစ်စေမည့် ဖက်ရှင်ကျကာ မျက်စိပသာဒဖြစ်စေသည့် အရောင်များဖြစ်သည့် Crystal Blue (အပြာရောင်)၊ Pearl White (အဖြူ‌ရောင်) နှင့် Midnight Black (အနက်ရောင်) ဟူ၍ အရောင်သုံးရောင်ထုတ်လုပ်ထားသည်။

Photo Source https://www.facebook.com/huaweimobile/

Huawei သည် အနောက်ဘက် 3D Glass ကာဗာအား dual-film dual-plating nano-texture နည်းပညာကို အသုံးပြုကာထုတ်လုပ်ထားသည့်အတွက် အနောက်ဘက်မှန်ခုံးသည် ကြည်လင်ပြီး တောက်ပရွှန်းစိုနေသည်။ Nano texture design အရ အနောက်ဘက်မျက်နှာပြင်ပေါ်တွင်အလွှာပါးလေးတစ်လွှာ ဖုံးထားသည့်အတွက် ဖန်သားမျက်နှာပြင်မှာတောက်ပပြီး ကြယ်ပတ်လမ်းကြောင်းပုံစံ ကင်မရာမှ ဖြာထွက်နေသည့်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုရှိစေမှာဖြစ်သည်။
HUAWEI nova 9 SE ၏ အရင်ထက်ပိုမိုသေးသွယ်သော ဘေးဘောင်များပါရှိသည့် FullView Display၊ 108MP high-res photography၊ ပေါ့ပါးသွက်လက်သည့် လုပ်ဆောင်ချက်များ၊ အမျိုးမျိုးသော ခေတ်မှီအသုံးပြုမှုအတွေ့အကြုံများနှင့်အတူ ရွေးချယ်စရာ အရောင်သုံးမျိုး ရရှိနိုင်သည့်အတွက် ယခုနှစ်အတွင်း လူငယ်များအကြား ရေပန်းစားသည့် ဖုန်းတစ်လုံးဖြစ်လာမည်ဖြစ်သည်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/huaweimobile/