Samsung Galaxy A series ၏ Galaxy A73 5G စမတ်ဖုန်းကို ကြိုတင်မှာယူနိုင်

Samsung ၏ လူကြိုက်အများဆုံးသော Galaxy A Series စမတ်ဖုန်းများ အနက် စွမ်းဆောင်ရည် အမြင့်မားဆုံးသော စမတ်ဖုန်း Galaxy A73 5G အား များပြားလှသည့် အကျိုးခံစားခွင့်များ၊ မေတ္တာလက်ဆောင်များ နှင့်အတူ မြန်မာနိုင်ငံတွင် ဧပြီလ ၁၉ ရက် (ယနေ့) မှ စတင်၍ ကြိုတင်မှာယူသွားနိုင်ပြီ ဖြစ်သည်။
နောက်ဆုံးပေါ် Samsung Galaxy A73 5G တွင် Galaxy A Series စမတ်ဖုန်းများအနက် ပထမဦးဆုံးအဖြစ် 108 MP Main ကင်မရာအား အခြားသော စွမ်းဆောင်ရည်မြင့် ကင်မရာများ (12MP Ultra Wide, 5MP Bokeh နှင့် 5MP Macro) နှင့် ‌ပေါင်းစပ် ထည့်သွင်းပေးထားပြီး အဆင့်အမြင့်မားဆုံးသော Night Mode၊ Cinematic Videos နှင့် Portrait Mode များကိုလည်း ထည့်သွင်းပေးထားသည့်အတွက် ပြင်ပလောကနှင့် ထပ်တူကျသော ပုံရိပ်များအား ကြည်လင်ပြတ်သားမှု အပြည့်နှင့် အချိန်မရွေး နေရာမရွေး မလွတ်တမ်း ရိုက်ကူး သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။
ထို့အပြင် 120Hz Refresh Rate ပါရှိသည့် ကြီးမားကျယ်ပြန့်သော ၆.၇” FHD+၊ Super AMOLED+ Infinity-O မျက်နှာပြင်၊ 25W Super Fast Charging အထောက်အပံ့ ပါရှိသည့် ၂ ရက်တာ အသုံးခံသော 5,000mAh ဘက်ထရီ နှင့် မြန်ဆန်မှု အပြည့်ရှိသော Snapdragon 778G Processor၊ Premium အဆင့် အသံအရည်အသွေး နှင့် IP67 အဆင့်ရှိ Water & Dust Resistance အပါအဝင် စမတ်ဖုန်းတစ်လုံးတွင် ပါရှိနိုင်သည့် အမြင့်မားဆုံး စွမ်းဆောင်ရည်များအား ထည့်သွင်းပေး ထားသည့် Galaxy A73 5G စမတ်ဖုန်းသည် အသုံးပြုသူများ၏ စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြံများအား တစ်ခေတ် ဆန်းသစ် သွားစေမည် ဖြစ်သည်။
“Galaxy A Series စမတ်ဖုန်းတွေရဲ့ သင့်တင့်တဲ့ဈေးနှုန်း၊ စွဲဆောင်မှု အပြည့်ရှိတဲ့ လူငယ်ဆန်ဆန် ဒီဇိုင်းတည်ဆောက်ပုံနဲ့ အားရကျေနပ်ဖွယ် အဆင့်မြင့် ဘက်ပေါင်းစုံ စွမ်းဆောင်ရည်တွေကြောင့် တစ်ကမ္ဘာလုံးမှာ Samsung ရဲ့ ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်အများဆုံး စမတ်ဖုန်း စီးရီးတစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့တာပါ။ Flagship အဆင့် စမတ်ဖုန်း စွမ်းဆောင်ရည်တွေကို အခု နောက်ဆုံးပေါ် Galaxy A73 5G စမတ်ဖုန်းမှာ ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ နေ့စဉ်ဘဝလုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင်တဲ့အခါမှာ ပိုမိုအဆင်ပြေလွယ်ကူမှုရှိရှိ၊ စိတ်ကျေနပ်မှုရှိရှိနဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မှာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Photo Source https://www.samsung.com/mm/smartphones/galaxy-a/

Samsung Myanmar၏ နောက်ဆုံးပေါ် Galaxy A73 5G စမတ်ဖုန်းအားကြိုတင်မှာယူလိုသူများအနေနှင့် ၂၀၂၂ခုနှစ် ဧပြီလ ၁၈ ရက် မှ ၂၇ရက် အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ Samsung Galaxy A73 5G (8+256GB) စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Awesome Gray, Awesome Mint နှင့် Awesome White) အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၂၁၉,၀၀၀ ဖြင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။
Galaxy A73 5G စမတ်ဖုန်းအား Samsung Myanmar အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်း အရောင်းဆိုင်များတွင် ကြိုတင်မှာယူနိုင်မည့်အပြင် Samsung Myanmar ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/smartphones/galaxy-a/ နှင့် Shop.com မှတဆင့်လည်း အိမ်တိုင်ရာရောက် လွယ်ကူလျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။ သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးသွားမည် ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ IPP Store အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူသွားနိုင်မည်ဖြစ်သည်။
ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၅၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများ၌ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည့်အပြင် Samsung Myanmar မှပေးအပ်သော Travel Adapter နှင့် Silicone Cover with Strap (ပစ္စည်းလက်ကျန်ရှိသည်အထိသာ) များကိုလည်း အထူးအခွင့်အရေးအနေနှင့် ရရှိသွားမည် ဖြစ်သည်။

Photo Source https://www.samsung.com/mm/smartphones/galaxy-a/

ထို့အပြင် သုံးစွဲသူများ အနေနှင့် အထူးအာမခံ အခွင့်အရေး ဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအဖြစ် မတော်တဆ ဖြစ်ရပ်များကြောင့် Galaxy A73 5G စမတ်ဖုန်း၏ ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀ ရာခိုင်နှုန်းအထိ သက်သာခွင့်တစ်ကြိမ် အား (ဝယ်ယူသည့်နေ့မှ ခြောက်လအထိ) ခံစား သွားနိုင်မည် ဖြစ်သည်။ (ဤအာမခံသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ အကျုံးဝင်သည်)
၂၀၁၉ အထက်ရှိ Samsung နှင့် Apple စမတ်ဖုန်းမော်ဒယ်များ နှင့် ၅ သိန်း အထက်တန်ဖိုးရှိ အခြားစမတ်ဖုန်းအမျိုးစားများအား ကိုင်ဆောင်ထားသူများ အနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား နောက်ဆုံးပေါ် Galaxy A73 5G စမတ်ဖုန်းနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy A73 5G အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၁၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။