Style သစ်လွင် Selfie ဘုရင် ဟူသော ဆောင်ပုဒ်နဲ့ အတူ ဆန်းသစ်စွာ ရောက်ရှိလာတော့မည့် OPPO F21 Pro အကြောင်း

OPPO သည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး Selfie King ဟူသော ဆောင်ပုဒ်နှင့်အတူ Selfie Camera ပါဝင်လာသည့် ဖုန်းအဖြစ် OPPO F1S ကို စတင်မိတ်ဆက်ခဲ့ပြီး Selfie တစ်ခေတ်ဆန်းသစ်စေခဲ့သည်။
အဆိုပါကာလတုန်းက OPPO သည် Selfie ရိုက်ကူးသည့်အခါ မိမိ၏ အလှတရားကို ပိုမိုပေါ်လွင်စေသော AI Beautification ကို စတင်ထည့်သွင်းပေးခဲ့သည့် ပထဦးဆုံး Brand ဖြစ်ခဲ့ပြီး အားပေးသူများကြားတွင်လည်း အလွန်ရေပန်းစားခဲ့သည်။ ယနေ့ခေတ်တွင် Selfie ရိုက်ကူးမှုမှာ ပို၍ ခေတ်စားလာခဲ့ပြီး Selfie ကို Smartphone Brand အားလုံးမှ အဓိကထား ထုတ်လုပ်လာကြကာ အရည်အသွေးများ ပိုမိုကောင်းသည်ထက် ကောင်းအောင် ထုတ်လုပ်လာကြသည်။ ဇွန်လ ၂၁ ရက်နေ့ကို World Selfie Day ဟူ၍ပင် သတ်မှတ်ခံရသည်အထိ Selfie သည် ယနေ့ခေတ်တွင် အလွန်ခေတ်စားလျက်ရှိသည်။
လွန်ခဲ့သည့် ၆ နှစ်ခန့်က မြန်မာနိုင်ငံသို့ ပထမဆုံး Selfie King ဟု စတင်မိတ်ဆက်ခဲ့သော OPPO သည် ယခုအခါလည်း တစ်‌ကျော့ပြန် Selfie ဘုရင် ဖြစ်လာဦးမည့် OPPO F Series အသစ် “Style သစ်လွင် Selfie ဘုရင်” OPPO F21 Pro ကို မကြာခင် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်တော့မည်ဖြစ်သည်။ OPPO F21 Pro သည် “Style သစ်လွင် Selfie ဘုရင်” ဆိုသည့် သူ၏ ဆောင်ပုဒ်အတိုင်း တစ်ကျော့ပြန် Selfie ဘုရင် ပြန်ဖြစ်လာဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခု OPPO F21 Pro တွင် ထူးခြားသည့် လုပ်ဆောင်ချက်များဖြင့် ခေတ်မီဆန်းသစ်တဲ့ ကင်မရာ Feature များ ပါဝင်လာမည့်အပြင် လှပကျော့ရှင်းသည့် ပါးလွာပေါ့ပါးသော ကိုယ်ထည်ဒီဇိုင်းဖြင့် ထွက်ရှိလာဦးမည်ဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2217615985062944  

Style သစ်လွင်ဟု ဆိုထားသည့်အတိုင်း OPPO F21 Pro ကိုယ်ထည်ကို ပါးလွှာကျစ်လစ်သည့် Ultra-Slim Flat-Edged Design ဖြင့် ထုတ်လုပ်ထားပြီး စတိုင်ကျစေသည့် သစ်လွင်သော ဒီဇိုင်းများဖြင့် ဖန်တီးထုတ်လုပ်ထားသည်။ ဒီဇိုင်းပိုင်းတွင် အသုံးပြုသူများ နှစ်ခြိုက်စေမယ့် အရောင်နဲ့ ဒီဇိုင်းများကို အရည်အသွေးမြင့်ပြီး အကြမ်းခံသည့် ပုံစံဖြင့် ထုတ်လုပ်ပေးထားပြီး Sunset Orange နှင့် Cosmic Black ဟူ၍ အရောင်နှစ်ရောင်ဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်သည်။ Sunset Orange ဆိုသည့်အတိုင်း နေ့ဝင်ဆည်းဆာအလှကို တွေ့မြင်ရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး Cosmic Black သည်လည်း ထူးခြားသည့် လက်‌‌ဗွေရာ ထင်ကျန်ခြင်း မရှိသော OPPO Glow Design ဖြင့် ပြုလုပ်ထားကာ Premium ဆန်သည့် Hand Feeling ကို ရရှိစေမည်ဖြစ်သည်။
Sunset Orange အရောင်သည် OPPO မှ မူပိုင်တီထွင်ဖန်တီးထားသည့် အရောင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် Fiberglass-leather ဒီဇိုင်းဖြင့် ပထမဦးဆုံးဝင်ရောက်လာသော Smartphone ဖြစ်ကာ အထက်တန်းကျသည့် အဆင်မြင့် Leather အထိအတွေကို ခံစားရရှိနိုင်မည်ဖြစ်သည်။ သားရေနှင့် တူသည့် Leather-like Texture သည် လက်ဗွေရာနှင့် ခြစ်ရာများ ဒဏ်ကို ခံနိုင်သည်သာမက ဂျင်းသား၊ ခဲဖျက်နှင့် အရက်ပြန်တို့နှင့် ပွတ်တိုက်မှုများကို ခံနိုင်ကြောင်း စမ်းသပ်မှုများ အောင်မြင်ထားသည့် ကိုယ်ထည်ဒီဇိုင်းဖြစ်သည်။ အလွန်ပေါ့ပါးပြီး လေးထောင့်ကျသော ကိုယ်ထည်၏ ကျောဘက် ကင်မရာများတွင် Metal ဘောင်များ ထည့်သွင်းပေးထားပြီး အောက်ဘက်ကင်မရာတွင် ရွေးချယ်ထားသည့် လုပ်ဆောင်ချက်များအတွက် အချက်ပြမီးလင်းပေးမည့် Orbit Breating Light Design ကိုလည်း ထည့်သွင်း ပေးထားသည်။
Selfie ဘုရင်ဟု ဆိုထားသည့် OPPO F21 Pro သည် မြန်မာ့ Smartphone လောကတွင် ပထမဆုံးဖြစ်သော SONY Ultra-sensing IMX 709 Hardware Sensor တပ်ဆင်ထားသော Selfie Camera ပါဝင်သည့်အတွက် Selfie ဓာတ်ပုံများကို ပိုမိုသေသပ်လှပစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။ IMX 709 Sensor သည် များသောအားဖြင့် Smartphone များတွင် Software ပိုင်းတွင်သာ တပ်ဆင်လေ့ရှိပြီး ယခု F21 Pro တွင် တမူထူးခြားစွာ Hardware ပိုင်းတွင် တပ်ဆင်ပေးထား သည့်အတွက် ပိုမိုကောင်းမွန်သည့် Selfie ဓာတ်ပုံများကို လှပသေသပ်စွာ ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို SONY Ultra-sensing IMX 709 Sensor သည် ကမ္ဘာပေါ်တွင် OPPO F21 Pro တွင်သာ ပါဝင်ထားသည့် Sensor တစ်ခုဖြစ်သည်။ အဆိုပါ New Generation Sensor သည် “RGBW” Sensor ဖြစ်ပြီး အလင်း အာရုံခံကိရိယာ ၁၆ ခုပါဝင်ကာ အလင်းရောင်မှိန်သည့် ပတ်ဝန်းကျင်များတွင်လည်း ဓာတ်ပုံကို ပိုမိုထင်းလင်းစေပြီး အသေးစိတ်ကျသည့် ရုပ်ထွက်များကို ရရှိစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2217615985062944  

ထို့ပြင် ယခု OPPO F21 Pro တွင် လူတို့ မျက်စိဖြင့် မမြင်နိုင်သည့် အလွန်သေးငယ်သော Micro World ကို အသုံးပြုသူများ စူးစမ်းလေ့လာနိုင်ရန် အဆ ၃၀ ချဲ့ပြီး ဓာတ်ပုံအပြင် ဗီဒီယိုအထိပါ ရိုက်ကူးနိုင်သည့် Microlens 30x ကိုလည်း ထည့်သွင်းပေးထားသည်။ ကြည်လင် ပြတ်သားပြီး အရည်အသွေးကောင်းမွန်သော Selfie Camera အပြင် အခြားသောကင်မရာ Features များဖြစ်သည့် HDR၊ Bokeh Flare Portrait၊ AI Enhancement စသည်တို့လည်း ပါဝင်လာမည်ဖြစ်သည့်အတွက် ပိုမိုအဆင်ပြေ ချောမွေ့သော ကိုယ်ပိုင်နေ့စဉ်ဘဝကို OPPO F21 Pro နှင့်အတူ ဖန်တီးယူနိုင်မည်ဖြစ်သည်။
OPPO F series အသစ်ဖြစ်သည့် OPPO F21 Pro သည် မြန်မာနိုင်ငံ ဈေးကွက်အတွင်း မကြာမီ ရောက်ရှိ လာတော့မည် ဖြစ်ပြီး ၎င်း၏ ဈေးနှုန်းနှင့် အခြားအသေးစိတ်အချက်အလက်များကို မကြာမီ OPPO မှ ဆက်လက် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။