Epic Games Store မှာအခမဲ့ရယူနိုင်မဲ့ Amnesia: Rebirth Horror ဂိမ်း

Epic Games Store ဆိုတာကတော့ Steam လိုပဲဂိမ်းတွေဝယ်ယူဆော့ကစားနိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ အခမဲ့ဆော့ကစားနိုင်တဲ့ဂိမ်းတွေရှိသလို ဝယ်ယူဆော့ကစားရမယ့် ဂိမ်းတွေလည်း ရှိပါတယ်။ အခကြေးငွေနဲ့ ဝယ်ယူဆော့ကစားရတဲ့ ဂိမ်းတွေကိုလည်း အခမဲ့အနေနဲ့ အမြဲလိုလိုပေးတတ်တဲ့ Platform တစ်ခု လည်းဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ Epic Games Store အကောင့်တစ်ခုရှိရုံနဲ့ ဂိမ်းတွေကိုအကောင့်ထဲသိမ်းထားလို့ရပါတယ်။ အခကြေးငွေနဲ့ ဝယ်ယူရတဲ့ဂိမ်းကို အခမဲ့ပေးလိုက်တာနဲ့ Get Now နှိပ်ပြီး ကိုယ့်ရဲ့ Game Library ထဲ သိမ်းထားလို့ရပါတယ်။ 

Photo Source https://amnesiarebirth.com/

April လအတွက် PS4 Exclusive တစ်ခုလည်းဖြစ်၊ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ Survival Horror ဂိမ်းလည်းဖြစ်တဲ့ Amnesia: Rebirth ဂိမ်းအပါအဝင် Riverbond ဂိမ်းကို အခမဲ့မေးထားပါတယ်။ April လ ၂၈ ရက်နေ့မတိုင်ခင်အထိ Link ကိုနှိပ်ပြီး အခမဲ့ဝင်ယူထားနိုင်သလို Epic Games Store ရဲ့ Browse ကနေလည်း ဝင်ရောက်နိုင်ပါတယ်။ April 28 ရက်ရောက်တာနဲ့ Amnesia: Rebirth နဲ့ Riverbond မဟုတ်တော့ဘဲ Just Die Already နဲ့ Paradigm ကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရယူထားတဲ့ ဂိမ်းတွေကို My Library ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။