Huawei ချစ်သူများအတွက် နှစ်သစ်မှာဖုန်းသစ်ဝယ်ရင်းကံစမ်းနိုင်မည့် Perfect Moment Together 2023 အစီအစဉ်

Huawei မှ Huawei ချစ်သူများအတွက် Perfect Moment Together 2023 အစီအစဉ်အား ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်မှာ HUAWEI မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော Smartphone၊ Tablet နှင့် အခြားထုတ်ကုန်များအား ဝယ်ယူသူအားပေးသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လက်ဆောင်များ ဆွတ်ခူးနိုင်မည့် Lucky Draw Coupon များကို ပြန်လည်ပေးအပ်သွားမည့် အစီအစဉ်ဖြစ်သည်။

အစီအစဉ်တွင် HUAWEI nova 9/10 series၊ P50 series နှင့် Mate 50 series ၀ယ်ယူသူတိုင်းအတွက် Lucky Draw coupon ၂ စောင်၊ အခြား HUAWEI Product များကို ၀ယ်ယူသူတိုင်းအတွက် Lucky Draw coupon ၁ စောင်စီ အသီးသီးပေးအပ်သွားမှာဖြစ်ပြီး ဝယ်ယူအားပေးသူများအနေဖြင့် Huawei အရောင်းဝန်ထမ်းရှိသည့် ဆိုင်များတွင် ဝယ်ယူမှသာ ဤအစီအစဉ်တွင်အကျုံးဝင်မည်ဖြစ်သည်။

Image: Huawei

ဆုများမှာ Mega Prize အနေဖြင့် HUAWEI Mate 50 Pro တစ်လုံး၊ 1st Prize အနေဖြင့် HUAWEI nova 10 SE တစ်လုံး၊ 2nd Prize အနေဖြင့် HUAWEI Band 7 (၅) လုံး၊ 3rd Prize အနေဖြင့် HUAWEI Band 4 (၁၀) လုံးအား ပေးအပ်သွားမည်ဖြစ်ပြီး Lucky Draw ကံထူးသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလဒုတိယအပတ်တွင် မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။
ကံစမ်းမဲဖွင့်ပွဲအစီအစဥ်နှင့် အသေးစိတ်အချက်အလက်များကို HUAWEI Mobile (MM) Facebook Page တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကံထူးရှင်များအား HUAWEI Mobile (MM) မှ ဖုန်းဆက်အကြောင်းကြားပေးသွားမည် ဖြစ်သည်။ ကံစမ်းမဲပေါက်သည့် HUAWEI Product ၀ယ်ယူသူများအနေဖြင့် မဲပေါက်သည့် Lucky Draw coupon နှင့် နိုင်ငံသားမှတ်ပုံတင်တို့ကိုပြသကာ ဆုလက်ဆောင်များကို လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက် ရှိပြီး   ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာများကို  တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး  သုံးခုတွင်  တစ်ခု အပါအဝင်ဖြစ်ပြီး စမတ်ဖုန်း(Smartphones)၊ ကွန်ပြူတာ နှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ(Wearables)၊ ကြိုးမဲ့ အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device)နှင့်  အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှု ထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၃၀ ကျော်သက်တမ်း ရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း  ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။