Carbon Black အရောင်အသစ်ဖြင့် Huawei Mate 50 Pro (8GB+256GB) အား ဈေးကွက်တွင်းဝယ်ယူရရှိနိုင်

Huawei Device Business Group (BG) (မြန်မာ)မှ နောက်ဆုံးထွက်ရှိထားသည့် Flagship ထုတ်ကုန်လိုင်းဖြစ်သည့် HUAWEI Mate 50 Pro (Kunlun Glass၊ Vegan Leather Version) အား Carbon Black အရောင်အသစ်ထပ်မံထုတ်လုပ်ပြီး (8GB+256GB) ဖြင့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Image: HUAWEI

HUAWEI Mate 50 Series အား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ HUAWEI Mate 50 Pro Vegan Leather Version အား အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် အခြားဖုန်းများထက် ၁၀ ဆပိုမို ပြုတ်ကျမှုခံနိုင်ရည်ရှိသည်။ ထို့အပြင် HUAWEI Mate Series သည် DxO Mark Ranking တွင် အမှတ်အများဆုံးရရှိထားပြီး တရုတ်နိုင်ငံတွင် ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Pre-order တင်သည့် အရေအတွက်မှာ ၂.၄၅ မီလီယံ ကျော်ခဲ့ပြီး ပထမဆုံးစတင်ရောင်းချသည့်နေ့တွင်လည်း  ၁၀ စက္ကန့်အတွင်း Stock ပြတ်သည်အထိ ရောင်းထွက်ခဲ့သည့် ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်သည်။ HUAWEI Mate 50 Pro Vegan Leather Version အား Orange (လိမ္မော်ရောင်)ဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီး ယခု အရောင်သစ်ဖြစ်သည့် Carbon Black (အနက်ရောင်) အား မြန်မာပြည်ဈေးကွက်တွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။

HUAWEI “Kunlun Glass” တွင် 10 quadrillion-level nanocrystals များပါဝင်သောကြောင့် ကြံ့ခိုင်ပြီး ခံနိုင်ရည်ရှိသည်။ HUAWEI Mate 50 Series မှာ Switzerland’s SGS မှ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းလည်းဖြစ်သည့်အပြင် IP68 အထိထောက်ပံ့ပေးပြီး ရေအောက် ၆ မီတာအထိ ရေစိုခံနိုင်ကာ ဖုန်မှုန့်များကိုလည်း ခံနိုင်ရည်ရှိသောဖုန်းတစ်လုံးဖြစ်သည်။

Huawei မှ ကိုယ်ပိုင် မိုဘိုင်း imaging brand ဖြစ်သည့် “XMAGE” အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မိတ်ဆက်ခဲ့ပြီး HUAWEI Mate 50 Series ဖုန်းများတွင် Ultra-Aperture XMAGE Camera အားထည့်သွင်းထုတ်လုပ်ထားသည်။ Ultra-Aperture XMAGE Camera တွင် နောက်ဆုံးပေါ် ၁၀ ဆ ပိုမိုမြင့်မားသည့် Adjustable physical aperture ပါရှိပြီး၊ Optical System၊ Mechanical Structure၊ Imaging Technology နှင့် Image Processing တို့အား အဆင့်မြင့်တင်ထားသည်။ Auto mode ဖြင့်ရိုက်သည့်အခါတွင် Aperture Size နှင့် မြင်ကွင်းအား ကိုက်ညီမှုရှိစေရန် Smart Aperture မှ အလိုအလျောက် ထိန်းညှိပေးသည်။ Professional Mode ကိုပြောင်းပါက Depth of field နှင့် Blur Degree ကို မိမိစိတ်ကြိုက် ချိန်ညှိနိုင်မည်ဖြစ်သည်။

 

Image: HUAWEI

Portrait mode မှ အရာဝတ္ထုအား ပိုမိုသိသာထင်ရှားနေစေရန် သဘာဝဆန်စွာဖြင့် အနောက်ဘက်မြင်ကွင်းအား ဝါးပေးပြီး Periscope telephoto camera မှ အဆ ၂၀၀ အထိ ချဲ့ကာရိုက်ကူးပေးနိုင်သည်။ Wide-angle macro camera မှ millimeter-level အထိရိုက်ကူးပေးနိုင်ကာ အမှုန်အမွှားအစက်ကလေးများအထိ အသေးစိတ် ကြည်လင်စွာ ရိုက်ကူးပေးနိုင်သည်။ HUAWEI Mate 50 Series မှ လှုပ်ရှားမှုတိုင်းတွင် တိကျစွာ ရိုက်ကူးနိုင်စေရန် Macro Video shooting နှင့် Macro picture-picture (PiP) အားလည်း အထောက်အပံ့ပေးထားသည်။

HUAWEI Mate 50 Series ဖုန်းများသည် နေ့စဉ်အသုံးပြုသည့်အခါတွင် လွယ်ကူအဆင်ပြေစေသည့် နောက်ဆုံးပေါ် EMUI 13 ဖြင့်ထုတ်လုပ်ထားသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။ SuperStorage လုပ်ဆောင်ချက်မှ နှစ်ခုထပ်နေသည့် ဖိုင်များအား အလိုအလျောက် ဖယ်ရှားပေးပြီး အသုံးပြုမှုနည်းသည့် Application များအား ချုံ့ထားပေးသည်။ ၎င်းသည် များပြားလှသော ဓါတ်ပုံနှင့် ဗီဒီယိုများအတွက် 20GB အထိ (ROM 256GB ရှိသည့်ဖုန်းတွင်) နေရာချန်ထားပေးနိုင်သည်။ ထို့ပြင် HUAWEI Mate 50 Series များ၏ 120 Hz⁠ Refresh Rate ရှိသည့် မျက်နှာပြင်ခုံးသည် 6.74 လက်မ ရှိပြီး 1440 Hz PWM dimming⁠ ကလည်း Flicker ထခြင်းကိုလျော့ချပေးပြီး အသုံးပြုသူ၏မျက်လုံးများအား သက်တောင့်သက်သာဖြစ်စေပါသည်။