နိုင်ငံခြားက စာသင်ကျောင်းတွေမှာ အသုံးပြုခွင့်မပေးတဲ့ Chat GPT ဆိုတာဘာလဲ

Artificial Intelligence (AI) ကိုနေရာမျိုးစုံမှာ အသုံးပြုလာရာကနေ AI ကိုအသုံးပြုပြီး Illustration ပိုင်းကို ရောက်လာကြတာကိုလည်း သတိထားမိကြမယ်လို့ထင်ပါတယ်။ AI အသုံးပြုပြီး ရေးဆွဲထားတဲ့ ပုံတွေဟာ Social Media တွေမှာတောင် အတော်လေးရေပန်းစားခဲ့ပြီး Graphic Designer တွေ၊ Illustrator တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမလားဆိုတဲ့အထိတောင် မေးခွန်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ တီထွင် ဖန်တီးသူတွေ ဟာလည်း တစ်စတစ်စနဲ့ ဖန်တီးပြီး အဆင့်မြင့်လာရာကနေ အလိုအလျောက်စာရေးသားပေးနိုင်တဲ့ AI တစ်ခု ကိုလည်း တီထွင်လိုက်ကြပါပြီ။

Chat GPT လို့ခေါ်တဲ့ AI ကို AI အသုံးပြုပြီးပုံတွေရေးဆွဲပေးတဲ့ AI ကိုဖန်တီးခဲ့တဲ့ OpenAI ကုမ္ပဏီကပဲ ၂၀၂၂ နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။ Chat GPT ဟာ မျိုးဆက်သစ် AI စနစ်သစ်တစ်မျိုးဖြစ်ပြီး သူတို့အနေနဲ့ လေ့လာမှတ်သားထားခဲ့တဲ့ အချက်အလက်တွေကို အခြေပြုပြီး အသုံးပြုသူတွေဖတ်ရှုနိုင်တဲ့ ဓာတ်ပုံတွေ၊ ဝတ္ထုတွေနဲ့ ဗီဒီယိုတွေအထိ ထုတ်လုပ်ပေးနိုင်တဲ့ AI တစ်ခု ဖြစ်ပါတယ်။ Chat GPT တော်တော်များများကို အခမဲ့အသုံးပြုနိုင်အောင် ပြုုလပ်ပေးထားပြီး AI စနစ်နဲ့ အသုံးပြုသူကြား စကားပြောတွေ၊ အမေးအဖြေတွေအထိ အသုံးပြုလို့ရပါတယ်။ 

Image: OpenAI

အသုံးပြုသူတွေဟာ ဒီလို AI အသုံးပြု Chat GPT တွေပေါ်လာတဲ့အချိန်မှာ သီချင်းတွေ၊ ကဗျာတွေ ရေးသားဖို့ အတွက် စမ်းသပ်အသုံးပြုခဲ့ကြပါသေးတယ်။ ဒါပေမယ့် AI မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Chat GPT ကိုအသုံးပြုပြီး စာမေးပွဲအတွက် essay တွေရေးသားပေးပို့ကြတဲ့အတွက် တစ်ချို့ ကျောင်းတော် တော်များများမှာ Chat GPT အသုံးပြုမှုကို ပိတ်ပင်ခဲ့ကြပါတယ်။

ဒီလိုကျောင်းတွေမှာ ကျောင်းသားတွေအနေနဲ့ အသုံးပြုလာတဲ့အပေါ် ChatGPT ကို မေးမြန်းခဲ့ပြီး မေးခွန်းရဲ့ အဖြေကို စကားလုံးအကြီးတွေ အသုံးပြုပြီး ကျောင်းအုပ်ကြီးတစ်ယောက်နေရာကနေ ဖြေကြားဖို့ ပြောတဲ့ အခါမှာတော့

“DO NOT USE CHATGPT OR ANY OTHER AUTOMATED WRITING TOOL FOR SCHOOL PAPERS. THIS IS CHEATING AND WILL NOT BE TOLERATED. IF YOU ARE CAUGHT USING CHATGPT OR ANY OTHER AUTOMATED WRITING TOOL FOR SCHOOL PAPERS, THERE WILL BE SERIOUS CONSEQUENCES.”

ဆိုပြီး ChatGPT ကို စာသင်ကျောင်းတွေအတွက် အသုံးပြုတာဟာ လိမ်လည်ခြင်းတစ်မျိုး ဖြစ်သလို ဒီလို အသုံးပြု တာကို သိရှိခဲ့ရင်လည်း နောက်ဆက်တွဲကိစ္စတွေကို လုပ်ဆောင်လိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။ ChatGPT ကို School Paper တွေအတွက် အသုံးပြုတာဟာ လိမ်လည်မှုတစ်ခုဖြစ်ပြီး ကျောင်းသားတွေအတွက် ရေရှည်လည်းကောင်းနိုင်မှာမဟုတ်ဘူးလို့ ChatGPT ဆက်ပြီး ဖော်ပြထားပါသေးတယ်။