ရွှေ ၁၀ ကျပ်သားဆုကြီးများအပါအဝင် ရွှေဒင်္ဂါးများစွာ ကံထူးနိုင်မယ့် အူရီဒူးရဲ့ “ချွင်ချွင်ချွင်” ကံစမ်းမဲအစီအစဉ်

အူရီဒူးမြန်မာမှ ရွှေဆုကြီးများ ကံထူးနိုင်မည့် “ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်အား နို၀င်ဘာ(၁)ရက်နေ့မှ စတင်လိုက်ရာ အူရီဒူးသုံးစွဲသူများအနေဖြင့် ၉၉၉ကျပ်နှင့်အထက် အူရီဒူး ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်များ ဝယ်ယူရုံဖြင့် (၁၀) ကျပ်သားအထိ ရွှေဆုကြီးများအား ကံစမ်းရယူနိုင်မည်ဖြစ်သည်။

“ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်တစ်လျောက် အထက်ဖော်ပြပါ အူရီဒူးပက်ကေ့ချ် ဝယ်ယူသူများထဲမှ နေ့စဥ် ရွှေဒင်္ဂါးတစ်မတ်သားဆုများ ကံစမ်းပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များအား အပတ်စဥ်ကြေညာသွားမည် ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့်  ပရိုမိုးရှင်းကာလ ပြီးဆုံးပြီးပါက အထူးဆုကြီး ရွှေ (၁၀) ကျပ်သား (၃) ဆုကို ‌ရွေးချယ်ကြေညာပေးသွားမည်ဖြစ်သည်။ 

၎င်းပရိုမိုးရှင်းအစီအစဉ်ကို အူရီဒူးသုံးစွဲသူတိုင်း အလွယ်တကူပါဝင်နိုင်ပြီး ရွှေဆုများစွာကို ကံစမ်းနိုင်မည်ဖြစ်သည်။ ၉၉၉ ကျပ်နှင့်အထက် အူရီဒူး ဒေတာနှင့် ဖုန်းခေါ်ဆိုမှု  ပက်ကေ့ချ်များအား နှစ်သက်ရာနည်းလမ်းနဲ့ ၀ယ်ယူပြီး ကံထူးခွင့်ရရှိနိုင်ပါသည်။ ပက်ကေ့ချ်တစ်ခုပိုဝယ်ယူတိုင်း ကံထူးရန်အခွင့်အရေးတစ်ခါပိုရမည်ဖြစ်သည့်အတွက် ပက်ကေ့ချ်များများ၀ယ်လေ နေ့စဥ် ရွှေဒင်္ဂါးဆုများနှင့် အထူးရွှေဆုကြီးများကို ကံထူးနိုင်ရန် အခွင့်အရေး ပိုများလေဖြစ်သည်။

‘ချွင်ချွင်ချွင်’နှင့်အတူ ရွှေဆုကြီးများကံထူးဖို့ My Ooredoo SuperApp မှ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များ ရွေးချယ်ဝယ်ယူနိုင်သလို၊ ဒေတာအစီအစဉ်များအတွက် *140# ကိုလည်းကောင်း၊ ဖုန်းခေါ်ဆိုခွင့် အစီအစဉ်များအတွက်  *150# ကိုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။

အူရီဒူးမှ ကံထူးရှင်များအား တိုက်ရိုက်ဆက်သွယ်ပေးသွားမည်ဖြစ်သလို အူရီဒူးမြန်မာ Website နှင့် Facebook Page တွင်လည်း ကြေညာမည်ဖြစ်သည်။ အထက်ပါ ကံစမ်းမဲအစီအစဉ်နှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများနှင့် အသေးစိတ်အချက်အလက်များအား https://ooredoo.com.mm/portal/en/chwinchwinchwin တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။