IP 69 အဆင့်အကြမ်းခံနိုင်ရုံသာမက ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေအထိ အကြမ်းခံနိုင်တဲ့ ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း OPPO A5 Pro

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က သာမန်ထက်ပိုတဲ့ အကြမ်းခံနိုင်မှုနဲ့ ရေဒဏ် ဖုန်ဒဏ်ခံနိုင်မှု IP 69 အဆင့်ရှိပြီး ဈေးတန်းတူ စမတ်ဖုန်းများအကြား အကြမ်းခံနိုင်မှု မြင့်မားတဲ့ OPPO A5 Pro ကို ဝယ်ယူသူတွေအတွက် 180 Days Screen Protection Plan ၊ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ် နဲ့အတူ ATOM Package တွေကို အထူး လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

Image: OPPO

OPPO A5 Pro မှာ ပါ၀င်တဲ့ IP68/69 က ဘာလို့ အခြားစမတ်ဖုန်းတွေနဲ့ မတူညီဘဲ ထူးခြားနေရတာလဲ။

သာမန်အားဖြင့် စမတ်ဖုန်းတွေမှာ ပါဝင်လာတဲ့ IP Rating ဟာဆိုရင် Ingress Protection Rating လို့ ခေါ်ဆိုတာဖြစ်ပြီး ပထမ စာလုံး I ဟာ ဖုန်ဒဏ် သဲ ဒဏ်တွေကို ခံနိုင်ရည်ရှိကြောင်းပြတဲ့ စကားလုံးဖြစ်သလို အနောက် စာလုံး P ဟာဆိုရင် ရေစိုဒဏ် ရေစိမ်ဒဏ် ခံနိုင်ရည်ရှိမှုကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။ IP Rating ကို ပြောရမယ်ဆိုပါက ဖုန်ဒဏ် သဲဒဏ် ခံနိုင်မှုကို ဖော်ပြတဲ့ I မှာဆိုရင် အဆင့် (၀) မှ (၆) အထိ ရှိပြီး ၆ ဆိုတာက အမြင့်ဆုံး ဖုန်ဒဏ် သဲဒဏ်ခံနိုင်ရည်ရှိမှုကို ဖော်ပြပါတယ်။ အနောက်စာလုံး P မှာဆိုရင် အဆင့် (၀) မှ (၉) အထိရှိပြီး အဆင့် ၉ ဟာဆိုရင် ရေစိမ်၊ ရေစိုဒဏ်ခံနိုင်မှု အမြင့်ဆုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုနောက်ပိုင်းစမတ်ဖုန်းတွေမှာဆိုရင် IP 68/69 အဆင့်အထိ မာကြောမှုဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ဖော်ပြလာကြပြီဖြစ်ပါတယ်။

မာကြောမှုဆိုင်ရာ စမ်းသပ်ချက် ၁၄ ခုကို အောင်မြင်ထားပြီး Military-Grade Shock Resistance လက်မှတ်ရရှိထားတဲ့ OPPO A5 Pro ရဲ့ Screen Cover ကိုလဲ အခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ ပုံမှန် Double-tempered Glass တွေထက် ၁၆၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့် Double-tempering Glass ကို အသုံးပြုထားပါတယ်။ ဒါအပြင် Motherboard Cover အတွက်ဆိုရင်လဲ အားကောင်းတဲ့ Aluminium သတ္တုစပ် ကိုယ်ထည် AM04 က ဖုန်းရဲ့ အရေးကြီးတဲ့ အဓိကအစိတ်အပိုင်းတွေကို ကာရံထားပြီး Camera ၊ Motor ၊ Speaker ၊ Battery နဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မိတဲ့အခါ အပေါ်မှ လေအိတ်ငယ်ကဲ့သို့ ကာကွယ်ပေးနိုင်မဲ့ Sponge Bionic Cushioning ကို ထည့်သွင်းအသုံးပြုလာတာဖြစ်ပါတယ်။

Image: OPPO

အပူရော အအေးပါ ခံနိုင်ရည်ရှိပြီး အကြမ်းခံနိုင်မှုတွေကြောင့် သုံးစွဲသူတွေနဲ့ စမတ်ဖုန်းချစ်သူတွေအကြား နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ OPPO A5 Pro ဟာ ဒီဇိုင်းအားဖြင့် စတိုင်ကျလှပနေသလိုပဲ နေ့စဉ်သုံးရတဲ့အခါမှာလဲ IP69 ၊ IP68 နှင့် IP66 ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည် ပါရှိရုံသာမက Military-Grade Shock Resistance အားဖြင့်လဲ အကြမ်းခံနိုင်တာဖြစ်ပါတယ်။ ရေစို ရေစိမ်ခံနိုင်တာနဲ့ပတ်သက်ပြီး OPPO A5 Pro ဟာ သာမန် IP 69 အဆင့်ပါရှိတဲ့ဖုန်းတွေထက် ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေထဲအထိ ထိခိုက်မှုနဲ့ ရေစိမ့်ဝင်မှုတွေ မဖြစ်ပေါ်စေနိုင်အောင် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဘက်စုံကာကွယ်မှုအပိုင်းမှာဆိုရင်လဲ OPPO A5 Pro ဟာ သာမန်ရေစိမ်ခံနိုင်ရုံသာမက အပူချိန်မြင့်တဲ့ရေအထိ ရေစိမ်ခံနိုင်ခြင်း၊ ဖိအားမြင့် ရေဖြန်းခြင်းနဲ့ ဖုန်မှုန့်ဝင်ရောက်ခြင်းမှလဲ ကာကွယ်ပေးနိုင်အောင် ဖုန်းရဲ့ ဘေးဘက်နေရာအားလုံးကို လေလုံစေဖို့ ဆီလီကွန်ကွင်းတွေနဲ့ ကော်တွေ သုံးကာ အထူးတလည် ပိတ်ထားတာကြောင့် အလွှာနှစ်ခုပါရှိတဲ့ Sponge Bionic Cushioning နဲ့အတူ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သုံးစွဲသူတွေ စိုးရိမ်နေကြတဲ့ ဖုန်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို ရေစိမ့်ဝင်ခြင်း နဲ့ ထိခိုက်ခြင်းတွေမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Image: OPPO

အတွင်းရော အပြင်ပါ အကြမ်းခံတဲ့ OPPO A5 Pro က နေ့စဉ် ဘဝမှာ ခပ်ကြမ်းကြမ်းသုံးနိုင်လောက်အောင် ဖန်တီးထားသလို ဈေးနှုန်းတူ ဝန်းကျင် ဖုန်းတွေအကြား AI လုပ်ဆောင်ချက်တွေ ပါရှိလာတာကြောင့် သုံးစွဲသူတွေအတွက် ဘက်စုံအဆင်ပြေစေမဲ့ ဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ခပ်ကြမ်းကြမ်းအသုံးပြုနိုင်တဲ့ “ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း” OPPO A5 Pro ကို သက်ဆိုင်ရာ ဆိုင်တွေမှာ အရစ်ကျ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး OPPO A5 Pro နဲ့ ပတ်သက်ပြီး  အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – https://surl.li/wkrygq ၊ Website – https://surl.lu/gweabu ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။