ဂျပန်ရောက် အိုင်တီ/အင်ဂျင်နီယာ မြန်မာများအတွက် အလုပ်ခေါ်စာများစွာကိုတစ်စုတစ်စည်းထဲတင်ပြထားသောအလုပ်အကိုင် ပြပွဲကို Online မှ ကျင်းပမည်

အလုပ်အတွေ့အကြုံရှိပြီး Career Up ဖစ်ချင်သော ဂျပန်ရောက်မြန်မာ IT/Engineering ပညာရှင်များအတွက် ဂျပန်ရှိကောင်းမွန်သော Jobs Vacancies များစုစည်းပြသပွဲနှင့် အလုပ်လျှောက်ခြင်းပွဲကို Online မှကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ဂျပန်ရောက် မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် တဖက်တလမ်းမှ ပံ့ပိုးနေသော Part-time job Times Co., Ltd သည် မြန်မာလူမျိုးများ ဂျပန်ကုမ္ပဏီများတွင် အလုပ်ပိုမိုရရှိနိုင်စေရန်နှင့် ဂျပန်တွင် လုပ်ငန်းအတွေ့ အကြုံယူချင်သော မြန်မာ လူမျိုးများအတွက် အထူးရည်ရွယ်၍ အဆိုပါပွဲ(Online)ကို ကျင်းပခြင်းလည်းဖြစ်သည်။
Job information exhibition for human resources in Myanmar ဆိုသည်မှာလည်း ဂျပန်ရောက် မြန်မာလူမျိုးများကို အလုပ်ခန့်ချင်သော ဂျပန်နိုင်ငံရှိ အိုင်တီ/အင်ဂျင်နီယာ အလုပ်ခေါ်စာများစွာကို တစ်စုတစ်စည်းထဲတင်ပြထားပြီး Online မှ အလုပ်လျှောက်နိုင်သောပွဲတစ်ခုဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

အဆိုပါပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ စနေနေ့ နံနက် ၉ နာရီ မိနစ် ၃၀ မှ ညနေ ၁၂ နာရီ မိနစ် ၃၀ အထိကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါပွဲကို တက်ရောက်ခြင်းဖြင့် အချိန် ၂နာရီ ကျော်လေး ပေးရုံဖြင့် IT/ Engineer များနှင့်ပတ်သက်သော Job Vacancies များကို တနေရာထဲတွင် တစ်စုတစည်းထဲ ဝေဝေဆာဆာ သိရှိနိုင်ခြင်း၊ မိမိစိတ်ကြိုက် ရွေးချယ်နိုင် တစ်ခါထဲ အလုပ်လျှောက်နိုင်ခြင်း၊ ကုမ္ပဏီများမှ ၏ ရွေးချယ်ပုံများ/သိလိုသည်များကို လွတ်လပ်စွာမေးမြန်းနိုင်ခြင်း စသည့် အခွင့်အ ရေးများစွာ ရရှိမည်ဖြစ်သည်။
အဆိုပါပွဲကို လာရောက်ဆင်နွှဲနိုင်သော သူများမှာလည်း လက်ရှိဂျပန်တွင် နေထိုင်နေသောသူ၊ ဂျပန်(သို့) မြန်မာတွင် အိုင်တီ/အင်ဂျင်နီယာ လုပ်ငန်းအတွေ့အကြုံရှိသူ၊ အနည်းဆုံး ဂျပန်စာ N3 လက်မှတ်ရှိသူ၊ Career up ချင်သူများသာ တက် ရောက်နိုင်မည်ဖြစ်သည်။
အဆိုပါ Online Seminar တက်ရောက်မည့်သူများ မည်သူမဆို အောက်ဖော်ပြပါ Entry Form Link (သို့မဟုတ်) ပုံထဲမှာပါတဲ့ QR Code ကို Scan ဖတ်ပြီးတော့ Registration ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLSeYOlrCjR1…/viewform…

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

Link မှRegistration ပြုလုပ်ထားသူအား mail မှ တဆင့် Online Seminar Link & Password ကို ပေးပို့ပေးမည် ဖြစ်ပါသည်။※
ARBEIT TIMES CO.,LTD သည်ဂျပန်တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၇နှစ် ကြာ ရှိပြီဖြစ်ပြီး The Tokyo Stock Exchange JASDAQ တွင် စာရင်းပေးသွင်းခံထားရသော ဂျပန် ဥပဒေများနှင့်အညီ မှန်ကန်စွာ လုပ်ကိုင်နေသော ကုမ္ပဏီတခုဖြစ်သည်။
အလုပ်ရှာဖွေသူဆီမှ ဝန်ဆောင်မှု အခမဲ့၊ နည်းမှန်၊လမ်းမှန်ဖြင့် ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့် အလမ်းများစွာ ၊ ဗဟုသုတများစွာ ရရှိအောင် Myanmar Job Fair ,IT/Engineer Seminar & Events , Seminars , Online events , Live Programs ,SNS Programs, Tokuteigino Kaigo Exam Programs, များစွာကို စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နေသော HR Media ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
ထို့အပြင် နိုင်ငံခြားသားဆိုလျှင် မြန်မာလူမျိုးသီးသန့်ကို ထားပြီးအလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိခြင်း၊ ဂျပန်ပြည်တွင်းရှိ ကုမ္ပဏီကြီးများနှင့်သာ မိတ်ဆက်ပေးလျှက်ရှိသောကြောင့် မိမိအလုပ်အတွက် အပြည့်အဝယုံကြည်စိတ်ချနိုင်ခြင်း၊ အလုပ်ခွင်မှာအဆင်မပြေတာရှိခဲ့လျှင် မြန်မာလူမျိုးတာဝန်ခံနှင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။ အလုပ်စပြီးရှာဖွေသည့်အချိန်မှစ အလုပ်လုပ်ပြီးသည့်နောက်ပိုင်း အဆင်မပြေဖြစ်ခဲ့သောအခါမျိုးတွင်လဲ ဆွေးနွေးအကြံပေးခြင်း အလုပ်ပြောင်းခြင်း စသဖြင့် support လုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ မှစပြီး ယနေ့အထိ ၇ ကြိမ်တိုင်တိုင် ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် JOB FAIR ကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲမှမြန်မာလူမျိုး စုစုပေါင်း အယောက်ရာကျော် အလုပ်ရရှိခဲ့ပြီးဖြစ်သည်။ ဆက်လက် ပြီးနောင်နှစ်များတွင်လည်း ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။