Freelancer တွေအနေနဲ့ သိထားသင့်တဲ့ Freelance Platform များ

ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး Freelancer တစ်ယောက်အနေနဲ့ Online ကနေ ငွေရှာလို့ရနေပါပြီ။ Freelancer ဆိုတာကတော့ အချိန်ပိုင်းအလုပ်လုပ်ပေးတဲ့သဘောမျိုးပါပဲ။ Online ကနေ Project တစ်ခုခုကို ဘာသာပြန်ပေးတာ၊ ဆောင်းပါးရေးပေးတာ၊ Design ဆွဲပေးတာ၊ Video Editing လုပ်ပေးတာ လုပ်နိုင်ပါတယ်။ ဒီမှာတော့ Freelancer တွေအတွက် Website တွေကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

Image Source: https://www.freelancer.com/

Freelancer.com

Freelancer.com ဆိုတာကတော့ အသုံးပြုသူတွေနဲ့ Project တွေအမြောက်အများရှိတဲ့ ကမ္ဘာ့အကြီးဆုံး Freelancing Platform တစ်ခုဖြစ်သလို Crowdsourcing Marketplace တစ်ခုဆိုရင်လဲ မမှားပါဘူး။ Client ပေါင်းများစွာကနေ ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံပေါင်း ၂၄၇ နိုင်ငံက Freelancer တွေကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Website ကနေတစ်ဆင့် Client တွေအနေနဲ့ Software Development, Writing, Data Entry နဲ့ Design ပိုင်းတွေအပြင် Engineering, Sciences, Sales and Marketing, Accounting လိုလုပ်ငန်းမျိုးတွေအတွက်လည်း Freelancer တွေကို ခေါ်ယူနိုင်ပါသေးတယ်။ Payment အနေနဲ့ကတော့ American Express, Master Card, Visa Card, JCB နဲ့ Paypal စတာတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ Freelancer.com ရဲ့ Application ကိုလည်း website ဒါမှမဟုတ် Google Playstore ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Image Source: https://www.upwork.com/

upwork.com
ဘာသာပြန် အလုပ်တွေ များသလို content writing အလုပ်တွေလည်း များတဲ့ website တစ်ခုဖြစ်ပါတယ်။ အလုပ်အမျိုးအစားများစွာလည်း ရှိတဲ့ Website တစ်ခု ဖြစ်ပါတယ်။ အကောင့်စဖွင့်တဲ့အချိန်ကတည်းက ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်၊ ပညာအရည်အချင်း၊ ဘာသာစကား၊ Hourly Rate တွေနဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို တစ်ခါထဲ ဖြည့်ပေးရပါတယ်။ Payment Methods တွေကတော့ American Express, Master card, Visa card, Paypal တို့နဲ့ ငွေပေးချေနိုင်ပါတယ်။ upwork.com ရဲ့ Application ကိုတော့ Website နဲ့ Google Playstore တို့ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Image Source: http://www.chatesat.com/

Chate Sat
Chate Sat ကတော့ Myanmar Freelancing Website တစ်ခုဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီးတော့ သေသပ်တဲ့ ဒီဇိုင်းနဲ့ Website တစ်ခုဆိုရင်လဲမမှားပါဘူး။ ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတွေနဲ့လည်း ချိတ်ဆက်ထားတဲ့အပြင် Freelancer တွေအတွက် ရွေးချယ်စရာ Category ၃၀၀ ကျော်လဲရှိပါသေးတယ်။ Freelancing Platform တစ်ခုဖြစ်တဲ့အတွက် Freelancer တွေအတွက် သိသင့်တဲ့အချက်အလက်တွေကိုလည်း သိနိုင်အောင် Blog မှာလည်း တင်ထားပေးပါသေးတယ်။ ChateSat Application ကိုတော့ Google Playstore  နဲ့ App Store တို့ကနေ ဝင်ရောက် ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

Photo source https://mmfreelancehub.com/

Myanmar Freelance Hub

Myanmar Freelance Hub ကတော့ Myanmar Freelancing Website တစ်ခုဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူရိုးရှင်းပါတယ်။ Freelancer တွေနဲ့ Client တွေကို ကြားကနေ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပါတယ်။ Freelancer နဲ့ Client တွေကို Project စတာနဲ့ လွတ်လပ်သလိုချိတ်ဆက်ခွင့် ပြုထားပြီးတော့ Client နဲ့ Freelancer ကြားပိုမိုရင်းနှီးစေနိုင်မယ့် စီးပွားရေးအချိတ်အဆက်တစ်ခုကို ဖန်တီးပေးထားပါတယ်။ နှစ်ဦးနှစ်ဖက် တိုက်ရိုက်ဆက်သွယ်နိုင်သလို Project ပြီးသွားတဲ့အခါ Payment ကိုလည်း နှစ်ဦးနှစ်ဖက်ပဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ Project ပြီးသွားတဲ့အခါ rating တွေကိုလည်း Client ကိုကော Freelancer ကိုပါ ပေးနိုင်ဦးမှာပါ။  Myanmar Freelance Hub အနေနဲ့ အပေါ်ကဖော်ပြပေးခဲ့တဲ့ Freelance Platform တွေကို Application တော့မထွက်ရှိသေးပါဘူး Website မှာပဲဝင်ရောက်အသုံးပြုရမှာ ဖြစ်ပါတယ်။