ဂျပန်နိုင်ငံမှ မြန်မာများအတွက် IT အလုပ်နှင့်အခြား Career up များ၊ ဗီဇာများနှင့်ပတ်သက်၍ အခမဲ့ ဆွေးနွေးပေးမည့် အစီအစဉ်တစ်ရပ်ကို Online မှကျင်းပမည်

ဂျပန်‌ရောက် မြန်မာလူမျိုးများအတွက် အလုပ်/Career up/ ဗီဇာများနှင့်ပတ်သက်၍တစ်ဦးခြင်း အခမဲ့ ဆွေးနွေးပေးမည့် အစီအစဉ်ကို Online မှကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ လည်း ဂျပန်‌ရောက်မြန်မာလူမျိုးများအတွက် ဂျပန်တွင် အိုင်တီ၊ အင်ဂျင်နီယာနှင့် ပိုမိုကောင်းမွန်သော career up ဖြစ်လိုသူများ၊ အလုပ်ပြောင်းလိုသူများ၊ ကျောင်းပြီး၍ အလုပ်ရှာနေသူများ၊ ဘိုးဘွားစောက်ရှောက်ရေး၊ အလုပ်အကိုင်၊ ဗီဇာနှင့် ပတ်သက်၍ တိုင်ပင်လိုသူများအား တဦးချင်း အခမဲ့ဆွေနွေးတိုင်ပင်နိုင်စေရန် ရည်ရွယ်၍ အစီအစဉ်ကို Online မှတဆင့် ပြုလုပ်ပေးခြင်းလည်းဖြစ်သည်။
IT/ Engineer လူမှုအဖွဲ့အစည်းများအတွက် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် နေ့လည် ၁၁ နာရီ မိနစ် ၃၀ မှ ညနေ ၁ နာရီ မိနစ် ၃၀ အထိကျင်းပပြုလုပ်သွားမည်လည်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်မည့်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) နိုင်ငံခြားသားများအတွက် အလုပ်ခေါ်စာများနှင့် အလုပ်အကိုင်အခြေအနေသိလိုသူများ။
(၂) IT/ Engineer နှင့်ပတ်သက်ပြီး လစာကောင်းမွန်သောအလုပ်သို့ ပြောင်းလိုသူများ။
(၃) IT/ Engineer နှင့်ပတ်သက်ပြီး Career Up အတွက် တိုင်ပင်လိုသူများဖြစ်ပြီး အချက်များအားလုံးအတွက် လက်ရှိဂျပန် တွင်နေထိုင်သောသူများသာဖြစ်ရမည်ဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

ကျောင်းပြီး၍ အလုပ်ရှာနေသူများ၊ ဘိုးဘွားစောက်ရှောက်ရေး၊ အလုပ်အကိုင်၊ဗီဇာနှင့် ပတ်သက်၍ တိုင်ပင်လိုသူများ အတွက် ဆွေးနွေးနိုင်မည့် နေ့ရက်၊အချိန်မှာ ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၃၀ အချိန်မှ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်သည့်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ၂၀၂၁ တွင်ကျောင်းပြီးထားပြီး အလုပ်ရှာနေသူများ။
(၂) Trainingအလုပ်သက်တမ်းပြည့်ပြီးတိုခုတေးဂိနိုး(Kaigo)ပြောင်းလိုသူများဖြစ်ပြီး အချက်များအားလုံးအတွက် လက်ရှိ ဂျပန်တွင်နေထိုင်သောသူများသာဖြစ်ရမည်ဖြစ်သည်။
ဆွေးနွေးလိုသူများသည်အောက်ပါ Link မှဝင်ရောက်ကာ entry formကို ဖြည့်စွက်ပေးရန်လိုအပ်မည်ဖြစ်သည်။
https://docs.google.com/…/1TZ3sIAZbLgIdU0LwepKTquV…/edit
သတ်မှတ်ထားသောနေ့ရက်/အချိန်တွင် ဆွေးနွေးနိုင်သောသူများသာ ဆက်သွယ်ပေးရန် လိုအပ်ပြီး တဦးချင်း တိုင်ပင်ဆွေး နွေးလိုသော အကြောင်းအရာများကို တယောက်လျှင်(၁၅)မိနစ်မှ (၃၀)မိနစ် ဖြင့် အသေးစိတ် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပေးသွားမှာမည်ဖြစ်သည်။ ဆွေးနွေးပေးမည့်သူမှာ ကုမ္ပဏီ သက်တမ်း ၄၉နှစ်ရှိပြီဖြစ်သော Tokyo Stock Exchange(JASDA Stock)ဈေးကွက်ဝင် Human resources media industry ကုမ္ပဏီကြီး၏ HR နယ်ပယ်တွင် ဂျပန်ရောက်မြန်မာလူမျိုးများ၏ Career Counselingအဖြစ် အလုပ်လုပ်ကိုင်နေပြီး လုပ်သက် ၈ နှစ်ရှိပြီဖြစ်သော Khine Zin Kyaw (Career Counseling) အခမဲ့ဆွေးနွေးပေးမည်ဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

Myanmar Job Fair ပွဲများကိုနှစ်စဉ်ကျင်းပပေးနေသာ Facebook Page-Japan-Myanmar Jobs & Knowledge Page သည် ဂျပန်နိုင်ငံရှိကျောင်းများ၊ ဂျပန်ကုမ္ပဏီလုပ်ငန်းအသီးသီးတွင် ကြိုးစားနေသော မြန်မာလူငယ်များအတွက် အလုပ်အကိုင်၊ အသိပညာ၊ ဗဟုသုတများ Job Fair များ၊စီမီနာများနှင့် Career Counseling ဝန်ဆောင်မှုများပေးခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကထဲမှဖြစ်ပြီး ယခုဆိုလျှင် ၈ နှစ် တိုင်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။