ဂျပန်‌ရောက် မြန်မာများအတွက် အလုပ်/Career up/ ဗီဇာများနှင့်ပတ်သက်၍တစ်ဦးခြင်း အခမဲ့ Online မှ ဆွေးနွေးပေးမည့် အစီအစဉ်ထပ်မံကျင်းပ

ဂျပန်‌ရောက် မြန်မာလူမျိုးများအတွက် အလုပ်/Career up/ ဗီဇာများနှင့်ပတ်သက်၍တစ်ဦးခြင်း အခမဲ့ ဆွေးနွေးပေးမည့် အစီအစဉ် တစ်ရပ်ကို Online မှကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်‌ရောက်မြန်မာလူမျိုးများ အိုင်တီ၊ အင်ဂျင်နီယာနှင့် ပိုမိုကောင်းမွန်သော career up ဖြစ်လိုသူများ၊ အလုပ်ပြောင်းလိုသူများ၊ ကျောင်းပြီး၍ အလုပ်ရှာနေသူများ၊ ဘိုးဘွားစောက်ရှောက်ရေး၊ အလုပ်အကိုင်၊ဗီဇာ နှင့် ပတ်သက်၍ တိုင်ပင်လိုသူများ အား တဦးချင်း အခမဲ့ဆွေနွေးတိုင်ပင်ခြင်းအစီအစဉ်ကို Online မှတဆင့် ပြုလုပ်ပေး သွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020

IT/Engineer များအတွက် ဆွေးနွေးမည့် နေ့ရက်၊အချိန်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ မှ ၁ နာရီ မိနစ်၃၀ အထိဖြစ်သည်။ ကျောင်းပြီး၍ အလုပ်ရှာနေသူများ၊ ဘိုးဘွားစောက်ရှောက်ရေး၊ အလုပ်အကိုင်၊ဗီဇာနှင့် ပတ်သက်၍ တိုင်ပင်လိုသူများအတွက် ဆွေးနွေးနိုင်မည့် နေ့ရက်နှင့်အချိန်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၃၀ မှ ၄ နာရီ မိနစ် ၃၀ အထိဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်မည့်သူများမှာ နိုင်ငံခြားသားများအတွက် အလုပ်ခေါ်စာများနှင့် အလုပ်အကိုင် အခြေအနေသိလိုသူများ၊ IT/ Engineer နှင့်ပတ်သက်ပြီး လစာကောင်းမွန်သောအလုပ်သို့ ပြောင်းလိုသူများ၊ IT/ Engineer နှင့်ပတ်သက်ပြီး Career Up အတွက် တိုင်ပင်လိုသူများ၊ ၂၀၂၁ တွင်ကျောင်းပြီးထားပြီး အလုပ်ရှာနေသူများ၊ Trainingအလုပ်သက်တမ်းပြည့်ပြီးတိုခုတေးဂိနိုး (Kaigo)ပြောင်းလိုသူများ ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်သည်။
ထို့အပြင် အဆိုပါ ဆွေးနွေးပွဲတက်ရောက်လိုသူများအားလုံးအတွက် လက်ရှိဂျပန်တွင်နေထိုင်သောသူများသာဖြစ်ရမည်ဖြစ် သည်။ ဆွေးနွေးလိုသူများသည်ဖော်ပြပါ entry formကို ဖြည့်စွက်ပေးရန်လိုအပ်မည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLSffe…/viewform
သတ်မှတ်ထားသောနေ့ရက်/အချိန်တွင် ဆွေးနွေးနိုင်သောသူများသာ ဆက်သွယ်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တဦးချင်း တိုင်ပင်ဆွေးနွေးလိုသော အကြောင်းအရာများကို တယောက်လျှင်(၁၅)မိနစ်နှုန်းဖြင့်လူ ၈ ယောက်အထိသာ အသေးစိတ် ဆွေးနွေးတိုင်ပင်မှုမျာ ပြုလုပ်ပေးသွားမှာမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020

အဆိုပါဆွေးနွေးပွဲတွင် လက်ခံဆွေးနွေးပေးမည့်သူများမှာ (၁) Khine Zin Kyaw (Career Counseling) (၂) HR Media Company လုပ်သက် (၉)နှစ် တို့ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို အခမဲ့ ဆွေးနွေးပေးသွားမည်လည်းဖြစ်သည်။
ယခုဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသော Tokyo Stock Exchange(JASDA Stock)ဈေးကွက်ဝင် ကုမ္ပဏီကြီးသည် ကုမ္ပဏီ သက်တမ်း ၅၀နှစ်ရှိပြီဖြစ်သော HR နယ်ပယ်တွင် ဂျပန်ရောက်မြန်မာလူမျိုးများ၏ Career Counseling အဖြစ် အလုပ်လုပ် ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။
Myanmar Job Fair ပွဲများကိုနှစ်စဉ်ကျင်းပပေးနေသာ Facebook Page-Japan-Myanmar Jobs & Knowledge Page သည် ဂျပန်နိုင်ငံရှိကျောင်းများ၊ဂျပန်ကုမ္ပဏီလုပ်ငန်းအသီးသီးတွင် ကြိုးစားနေသော မြန်မာလူငယ်များအတွက် အလုပ်အကိုင်၊ အသိပညာ၊ဗဟုသုတများJob Fair များ၊ စီမီနာများနှင့် Career Counseling ဝန်ဆောင်မှုများပေးခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကထဲမှဖြစ်ပြီးယခုဆို ၈နှစ် တိုင်ခဲ့ပြီဖြစ်သည်။

https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020