ကလေးသူငယ်များအတွက် ပညာရေးအထောက်အကူပြု Mobile Application များအကြောင်း (၁)

ခုခေတ်ကာလမှာ အွန်လိုင်းက ပညာသင်ကြားလေ့လာမှုတွေပိုမိုများပြားလာခဲ့သလို လူငယ်၊ လူကြီးများအတွက်ပါ ပညာရေး ပိုင်းဆိုင်ရာ Application တွေသာကမ ကလေးများအတွက် ပညာရေးဆိုင်ရာလေ့ကျင့်သင်ကြားပေးနိုင်တဲ့ App တွေလည်း များစွာရှိနေပါတယ်။ ခုဖော်ပြပေးမယ့် App တွေကတော့ မူလတန်း၊ အလယ်တန်းကလေးများအတွက် ပညာရေးဆိုင်ရာမှာ များစွာအထောက်အကူဖြစ်စေတဲ့ Mobile App တွေပဲဖြစ်ပါတယ်။ ဖုန်းထဲမှာဖြစ်ဖြစ် တက်ဘလက်မှာဖြစ်ဖြစ် ထည့်သွင်းအ သုံးပြုနိုင်ပြီး အိမ်မှာနေရင်းကလေးများကို ပြသသင်ကြားလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=org.khankids.android

(၁) Khan Academy Kids
Khan Academy App ကတော့ ကလေးများ စာပေသင်ကြားရာမှာ ပျော်ရွှင်မှုရရှိစေတဲ့ App တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အဆိုပါ အက်ပလီကေးရှင်းမှာ ထောင်ပေါင်းများစွာသောပညာရေးလှုပ်ရှားမှုများ၊ စာအုပ်များ၊ သီချင်းများနဲ့ မူကြို၊ သူငယ်တန်း၊ ပထမတန်းကျောင်းသားများအတွက် ဂိမ်းများ ပါဝင်ပါတယ်။ သဘာဝကျသော ဇာတ်ကောင်များထည့်သွင်း အသုံးပြုထားသည့်အတွက် သင်ခန်းစာများများလေ့ကျင့်ရမှာ ကလေးများ ပိုမိုပျော်ရွင်စေပါတယ်။
ဒါ့အပြင် ကလေးများအတွက် စာဖတ်ခြင်း၊ ဘာသာစကား၊ စာရေးခြင်း၊ သင်္ချာ၊ ပန်းချီဆွဲခြင်း၊ အရောင်ခြယ်ခြင်း၊ လူမှုရေးစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုနှင့်အခြားအရာများကိုသင်ယူနိုင်တဲ့ Mobile App တစ်ခုလည်း ဖြစ်ပါတယ်။
အဆိုပါ App မှာပါရှိတဲ့ သင်ရိုးညွှန်းတမ်းတွေကတော့ အသံထွက်၊ စာလုံးများ၊ စာလုံးပေါင်းနှင့်နားလည်မှုများ၊ ဘာသာစကား၊ ဝေါဟာရ၊ သင်္ချာ၊ နံပါတ်များရေတွက်ခြင်း၊ ထပ်ပေါင်းခြင်း၊ နှုတ်ခြင်း၊ တို့ပါဝင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=org.khankids.android

Photo Source https://play.google.com/store/apps/details?id=com.gonliapps.learnamericanenglish.forkidsandbeginners

(၂) Learn US English free for beginners
Learn US English free for beginners App ကတော့ offline နဲ့အသုံးပြုလို့ ရတဲ့ App တစ်ခုဖြစ်သလို အခမဲ့အသုံးပြုနိုင် မှာလည်းဖြစ်ပါတယ်။ ကလေးများအတွက် အင်္ဂလိပ်ဘာသာစကားကို ကိုယ်တိုင်လေ့ကျင့်ရန် (ဖတ်၊ ရေး၊ ပြောရန်) အတွက် သင်ခန်းစာတွေ ပါဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာ ၃၆ ခုနှင့်အဆင့် ၃ ဆင့်ပါရှိပါတယ်။ လေ့ကျင့်ရန်အတွက် သင်ခန်းစာတွေကတော့ အက္ခရာ၊ နံပါတ်များ၊ အရောင်များ၊ ကြိယာများ၊ အစားအစာများ၊ တိရိစ္ဆာန်များ၊ အဝတ်အထည်များ၊ ခန္ဓာကိုယ်အစိတ်အပိုင်းအခေါ်အဝေါ်များကို လေ့ကျင့်သင်ကြားနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.gonliapps.learnamericanenglish.forkidsandbeginners

Photo Source https://play.google.com/store/apps/details?id=bc.leg

(၃) LearnEnglish Grammar (UK edition)
Learn English Grammar (UK edition) App ကတော့ အင်္ဂလိပ်သဒ္ဒါတိကျမှန်ကန်မှုကို တိုးတက်စေရန် နဲ့ အထောက်အကူပြုစေရန် ရန်ရွယ်ပြီး ပြုလုပ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်သဒ္ဒါစွမ်းရည်ကို လေ့ကျင့်ရန်အတွက် မေးခွန်းပေါင်း ၁၀၀၀ ပေးထားပါတယ်။
ဒီ App ဟာ Beginner (CEFR level A1)၊ မူလတန်း၊ အလယ်အလတ်နှင့်အဆင့်မြင့် (CEFR level C2) အတွက် သဒ္ဒါလေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ဆင့်ချင်းလေ့ကျင့်သွားနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ ဒါ့အ ပြင် ဘာသာစကားများအနေနဲ့ အင်္ဂလိပ်၊ ဂျပန်၊ စပိန်ဘာသာနှင့်ရိုးရာရိုးရှင်းသောတရုတ်ဘာသာဖြင့်လည်း အသုံးပြုနိုင် ပါတယ်။ ဒီ App ဟာ ကမ္ဘာတစ်ဝှမ်းမှအင်္ဂလိပ်စာသင်ယူသူများ အသုံးပြုမှုလည်းများပြားပါတယ်။ ဒီ App ဟာ နိုင်ငံ ၄၄ နိုင်ငံရှိ iTunes ပညာရေးအမျိုးအစားတွင်နံပါတ် ၁ အဆင့်ရှိပြီးနိုင်ငံပေါင်း ၁၁၁ နိုင်ငံတွင်ထိပ်ဆုံး ၁၀ ခုတွင်ပါဝင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=bc.leg

Photo Source https://play.google.com/store/apps/details?id=org.khanacademy.android

(၄) Khan Academy
ဒီ App မှာတော့ ထောင်နှင့်ချီသောအပြန်အလှန်လေ့ကျင့်ခန်းများ၊ ဗီဒီယိုများနှင့်ဆောင်းပါးများကို လေ့ကျင့်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ သင်္ချာ၊ သိပ္ပံ၊ ဘောဂဗေဒ၊၊သဒ္ဒါ၊ သမိုင်း၊ စတာတွေကိုလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းများ၊ ဉာဏ်စမ်းပဟေဋိမျာကိုလည်း လေ့ကျင့်ဖြေကြားခြင်းပြုလုပ်နိုင်ပါတယ်။ Offline App တစ်ခုဖြစ်ပြီး အင်တာနက်ချိတ်ဆက်စ ရာမလိုအပ်ဘဲ ဗီဒီယိုများကို ကြည့်ရှုခြင်း၊ Bookmark လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ဒီ App မှာ သင်္ချာ (ဂဏန်းသင်္ချာ၊ ကြိုတင်အက္ခရာသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီသြမေတြီ၊ စာရင်းအင်းတွက်ချက်မှု၊ ကွဲပြားခြားနားသောညီမျှခြင်းများ၊ သိပ္ပံ (ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ) ဆိုင်ရာဗီဒီယိုများ၊ ဘောဂဗေဒ၊ ကွန်ပျူတာသိပ္ပံ အခြေခံများအပါအဝင် စုံလင်စွာလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=org.khanacademy.android