တိုကျိုတွင်ကျင်းပသော Myanmar Job Fair သို့တက်ရောက်မည့်သူများအား လမ်းစရိတ်ထောက်ပံ့ပေးမည့်အစီအစဉ်ကို ကြေငြာ

Myanmar Job Fair ကိုတက်ရောက်မည့် တိုကျိုမြို့နှင့်အလှမ်းဝေးသော ဒေသတွင်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် လမ်းစရိတ်ထောက်ပံ့ပေးမည့်အစီအစဉ်ကို ကြေငြာထားပြီဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲသည် တိုကျိုမြို့တွင်ကျင်းပသည့် မြန်မာလူမျိုးများအတွက် သီးသန့်ပြုလုပ်ထားတဲ့ JOB FAIR ဖြစ်သည်။ အဆိုပါ Job Fair ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်လည်းဖြစ်သည်။
JOB FAIR တွင်ဂျပန်နိုင်ငံ တိုကျိုမြို့အနီးတဝိုက်နှင့်ဝေးကွာသောဒေသများမှ မြန်မာကျောင်းသူကျောင်းသားများ အတွက် ခရီးစာရိတ်ရနိုင်မည့် အထူးအခွင့်အရေးတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံသားများအတွက်သီးသန့်ပြုလုပ်သည့် Myanmar Job Fair ကိုတက်ချင်သောသူများ၊ တိုကျိုတွင် ပြုလုပ်သည့်အတွက်ကြောင့် လမ်းစရိတ်အခက်အခဲဖြစ်ကာ မတက်လိုက်ရခြင်းမျိုးမရှိလေအောင် Part-time job Times Co., Ltd မှ တိုကျိုမြို့နှင့်အလှမ်းဝေးသော ဒေသတွင်နေထိုင်ကြသော မြန်မာနိုင်ငံသားများအတွက် လမ်းစရိတ်ထောက်ပံ့မှု အထူးအစီအစဉ်ကို စီစဉ်ပေးထားခြင်းဖြစ်သည်။

Photo Source https://web.facebook.com/732800030159020/photos/a.736210653151291/4215171648588490/?type=3

ဂျပန်နိုင်ငံ နယ်မှလာမည့် ကျောင်းသူ၊ကျောင်းသားများအတွက် ၂၀၂၁ နှစ် ၁၂လပိုင်း ၁၀ရက်နေ့အတွင်း Entry Form စာရင်းသွင်းသူဖြစ်ပါက ခရီးထောက်ပံ့မှုရရှိနိုင်မည်ဖြစ်သည်။ ခရီးစရိတ်ထောက်ပံ့မှုအစီအစဉ်သည် ဂျပန်နိုင်ငံ၏ အရပ်ဒေသ အလိုက်လူဦးရေ သတ်မှတ်ထားသောကြောင့်၁လပိုင်း ၁၅ရက်နေ့ မတိုင်မီ မြန်မြန် Entry Form ဖြည့်ရမည်ဖြစ်သည်။
အောက်ပါအကြောင်းအရာ၄ချက်နှင့်ကိုက်ညီသူများသည် ခရီးစာရိတ်ထောက်ပံ့မှုရရှိနိုင်မည်ဖြစ်သည်။
(၁) ၂၀၂၂ ခုနှစ် ၃လပိုင်းမှ ၂၀၂၃ ခုနှစ် ၃လပိုင်းအတွင်း ဂျပန်ရှိ တက္ကသိုလ်၊ မာစတာနှင့် ပါရဂူတန်းများတွင်ကျောင်းပညာပြီးဆုံးမည့် ကျောင်းသားဗီဇာရှိသူဖြစ်ရမည်ဖြစ်သည်။
(၂) ခရီးစာရိတ်ထောက်ပံ့ခြင်းသည်ယခုလက်ရှိနေထိုင်နေသောလိပ်စာကိုအခြေခံပြီး တွက်ချက်ပေးမည်ဖြစ်သည်။ ဂျပန်နိုင် ငံ၏ ဒေသအလိုက် အရင် ကြိုတင် Entry Form တင်သူဦးရေကို သတ်မှတ်ထားသည်။
(၃) ၂၀၂၁ ခုနှစ် ၁၂ လပိုင်း ၁၀ရက်နေ့အတွင်း Entry Form စာရင်းသွင်းသူများသာ ခရီးစရိတ်ထောက်ပံ့ မှုကိုရရှိမည်ဖြစ်သည်။
(၄) Job Fairပွဲနေ့တွင် ဝင်ခွင့်လက်ခံချိန်အတွင်း လာရောက်မည့်သူဖြစ်ရမည်ဖြစ်သည်။ မနက်ပိုင်းဝင်ခွင့်လက်ခံချိန် 10:00 မှ 10:30 အထိဖြစ်ပြီး ညနေပိုင်းဝင်ခွင့်လက်ခံချိန်13:30 မှ 14:00 အထိဖြစ်သည်။
စသည့်အကြောင်းအရာ၄ချက်နှင့်ကိုက်ညီသောသူများသာလျှင် ခရီးစရိတ်အထူးအစီအစဉ်ကို ရရှိမည်ဖြစ်သည်။ ဒေသအလိုက် ခရီးစာရိတ်ထောက်ပံ့မှုများ ကို Job fair Page တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
https://mingalavalue.jp/contents/Jobfairevent10
ခရီးစာရိတ်ထောက်ပံ့ရရှိသူများကို မေးလ်ဖြင့်အကြောင်းကြားပေးသွားမည် ဖြစ်ပြီး ယခင်က ရောက်ဆင်နွှဲခဲ့ဖူးသူများ၊ ယခုမှလာရောက်ဆင်နွှဲမည့်သူအားလုံးမည်သူမဆို Entry Form ကိုမဖြစ်မနေဖြည့်သွင်းပေးရန်လိုအပ်မည်ဖြစ်သည်။
Entry Form Link https://docs.google.com/…/1FAIpQLSe0IeHTfodjcf…/viewform