လူငယ်များ ဘာသာစကားလေ့လာရန်အတွက် အကောင်းဆုံး Application များ

လူငယ်များအတွက် တစ်ဘဝလုံးကို ပညာရပ်တစ်ခုမဟုတ်တစ်ခု လေ့လာသင်ယူနေဖို့ Lifelong learning လိုအပ်ပါတယ်။ ဒီလိုလေ့လာသင်ယူသင့်တဲ့ ပညာရပ်တွေထဲမှာမှ ဘာသာစကားဆိုတာလည်း မပါမဖြစ်ဆိုတာ ဒီနေ့ခေတ် လူငယ်တွေ သိရှိပြီးသားဖြစ်မှာပါ။ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အတူ လေ့လာသင်ယူမှုပုံစံတွေဟာ ပြောင်းလဲ လာခဲ့တယ်။ ဘာသာစကားကိုလေ့လာဖို့အတွက် ဟိုးအရင်လို သင်တန်းတွေ၊ ကျောင်းတွေမှာ အချိန်အများကြီး အကုန်ခံစရာမလိုဘဲ မိုဘိုင်းဖုန်းတွေကတဆင့် Application တွေနဲ့ သင်ယူလို့ရနေပြီပဲဖြစ်ပါတယ်။

Photo Source https://www.facebook.com/MMEducationGuide/posts/3225015107775687

ဘာသာစကားကိုလေ့လာသင်ယူဖို့ဆိုရင် Duolingo, Babbel အစရှိတဲ့ App လေးတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်ဦးနဲ့တစ်ဦး အမေး၊ အဖြေ၊ Social နဲ့ Chat အနေနဲ့ အသုံးအပြုချင်တယ်ဆိုရင်တော့ HelloTalk, TripLingo ဆိုတဲ့ Application တွေကို အသုံးပြုဖို့ အကောင်းဆုံးပါပဲ။ ပညာရေးနဲ့ပတ်သက်တဲ့ ဂိမ်းကလေးတွေ ကစားချင်တယ်ဆိုရင်တော့ Mindsnacks, Leaf ဆိုတဲ့ App တွေနဲ့ ကဒ်ပြားလေးတွေအသုံးပြုပြီး လေ့လာရတာကို နှစ်သက်တယ်ဆိုရင်တော့ Memrise, AnkiApp, Tinycards ဆိုတဲ့ App တွေကို အသုံးပြုသင့်ပါတယ်။ ဒီ App တွေထဲက တစ်ချို့ App လေးတွေအကြောင်း လေ့လာကြည့်ဖု့ိ ဖော်ပြလိုက်ပါတယ်။
(၁) Memrise
Memrise သည် ပျော်ရွှင်စရာ ဝေါဟာရလေ့ကျင့်ရန်အတွက် အသုံးပြုသင့်သည့် App ဖြစ်သည်။ ဘာသာစကား စုစုပေါင်း (၂၁)မျိုးကို ဝင်ရောက်လေ့လာနိုင်သည်။ လူကြိုက်များသောစာအုပ်မှဝေါဟာရများ (e.g – Japanese naughty words, Harry Potter and the Philosopher’s Stone) ကို ဒီ App ထဲမှာ ရှာဖွေနိုင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင် ပါတယ်။
https://play.google.com/store/apps/details…
(၂) LinguaLift
ဒီ App လေးကတော့ ပြည့်စုံတဲ့ဘာသာစကားပရိုဂမ်ကို လိုချင်သူများအတွက် ရည်ရွယ်ပါတယ်။ App ကို sign up လုပ်ပြီးရင် USE THE TUTORS ဆိုတဲ့ function ကို အသုံးပြုပါ။ ရှင်းလင်းတဲ့ သဒ္ဒါရှင်းလင်းချက်များ၊ ဝေါဟာရများ အစရှိတာတွေဟာ တစ်ခြား ဘာသာစကား App တွေနဲ့မတူ တစ်မူကွဲပြားပါတယ်။ စိတ်ငင်စားဖွယ်သင်ခန်းစာတွေကို နေ့စဉ်ပြုလုပ်နိုင်ရန်အတွက် သင်ခန်းစာများကို (၁၀)မိနစ်မှ (၁၅)မိနစ်ကြာ အပိုင်းများ ခွဲခြားထားပြီး သင်တန်းသားရဲ့တိုးတက်မှုကို အခြေခံသည့် Algorithm ကိုလည်း အသုံးပြုထားခြင်းကြောင့် သင်တန်းသား ရဲ့လိုအပ်ချက်များကိုလည်း အလွယ်တကူ သိမြင်နိုင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင် ပါတယ်။
https://play.google.com/store/apps/details…
(၃) Duolingo
Duolingoဆိုတာ ဘာသာစကားလေ့လာချင်သူတွေအတွက် သင်တန်းမတတ်ဘဲ အိမ်မှာအလွယ်တကူလေ့လာနိုင်အောင် တည်ဆောက်ထားတဲ့ Language Learning Website (သို့) App တစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားလေ့လာရေး website တွေထဲမှာ လူသိအများဆုံး website တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် Website နဲ့ App ထဲမှာလည်း ဘာသာစကား ၂၂ မျိုးကိုလေ့လာနိုင်ပြီး ကွဲပြားခြားနားတဲ့ Course ပေါင်း ၉၉ ခုတောင် ရှိနေပါပြီ။ အခမဲ့လို့တောင်မထင်ရအောင် အသေးစိတ် Detail ကျကျထည့်ပေးထားတာကြောင့် အိပ်မှာနေရင်း၊ အလုပ်မှာနေရင်း လေ့လာမယ့်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ သို့ပေမဲ့ သင့်အနေနဲ့ English ဘာသာစကားကိုတော့ ကျွမ်းကျင်နေဖို့လိုပါတယ်။ တခြားဘာသာစကားတွေကို သင်ယူဖို့အတွက် ကြားခံအနေနဲ့ English ကို အဓိကမပါမဖြစ် ထည့်ပေးထားပြီး အချို့နိုင်ငံကြီးတွေကတော့ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ လေ့လာနိုင်အောင် စီမံပေးထားပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.duolingo.com
(၄) HelloTalk
စကားပြောလေ့ကျင့်မှုလွယ်ကူချောမွေ့စေရန်နှင့် အချိန်နှင့်တပြေးညီ စကားလက်ဆုံ ပြောဆိုနိုင်စေရန် ရည်ရွယ်ထားသည့် App တစ်ခုဖြစ်ပါတယ်။ WhatsApp ကဲ့သို့ မိခင်ဘာသာစကားပြောဆိုသူများနှင့် စကားဝိုင်းဖွဲ့ကာ စကားပြောစွမ်းရည်ကို လေ့ကျင့်နိုင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင် ပါတယ်။
https://play.google.com/store/apps/details…
(၅) Babbel
နောက်ထပ် အခမဲ့ App လေးတစ်ခုကတော့ Babbel ဆိုတဲ့ App လေးပါပဲ။ ဒီ App လေးမှာတော့ သင်ခန်းစာပေါင်း (၄၀) ပါဝင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင် ပါတယ်။
https://play.google.com/store/apps/details…
(၆) TripLingo
ခရီးမသွားခင်မှာ ကိုယ်သွားမယ့်ဒေသရှိ ဘာသာစကား ကျွမ်းကျင်မှုကို လေ့ကျင့်ရန်လိုအပ်တဲ့ ခရီးသွားများအတွက် ရည်ရွယ်တဲ့ App တစ်ခုပါ။ ဒီ App က အင်္ဂလိပ်ဘာသာစကားကို တခြားနိုင်ငံခြားဘာသာစကားဖြင့်လည်း ပြန်ဆိုနိုင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details…