လူမှု့ဘဝတွေအတွက် အကျိုးရှိစေတဲ့ Grow Application

လက်ရှိမှာ အသစ်အဆန်းတွေထွက်ရှိလာတဲ့ App တွေထဲက လူမှုဘဝတွေအတွက် အသုံးဝင်တဲ့ Grow Application က လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
GROW ဆိုတာက အစားအသောက်၊ လက်မှုအနုပညာပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှု ဒီသုံးမျိုးစလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ Mobile application တစ်ခု ဖြစ်ပါတယ်။ GROW app ကို ဒေါင်းလုပ်ပြုလုပ်ပြီး အကောင့်ဖွင့်လိုက်ရုံနဲ့ မိမိနေထိုင်ရာ လူမှုရပ်ဝန်းကို တစ်ထောင့်တစ်နေရာက ကိုယ်တိုင်ပါဝင် အကျိုးပြုနိုင်မှာလည်းဖြစ်ပါတယ်။
Grow App ဟာ အိမ်သန့်ရှင်းရေး၊ ထိန်းသိမ်းရေးကစလို့ ပြင်ဆင်ခြင်းနဲ့ မွမ်းမံခြင်းလုပ်ငန်းတွေအထိ ကျွမ်းကျွင်စွာဝန်ဆောင်မှုပေးနိုင်တဲ့ နေရာတစ်ခုဖြစ်သလို အစားအသောက်၊ လက်မှုအနုပညာပစ္စည်းနဲ့ အိမ်တွင်းဝ န်ဆောင်မှုတွေကို စုစည်းပေးထားတဲ့ ရောင်းဝယ်ကုန်သွယ်ရာ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ချက်စားဖိုမှူးနဲ့ မုန့်ဖုတ်သူ၊ လက်မှုပစ္စည်းပြုလုပ်သူ၊ အိမ်တွင်းဝန်ဆောင်မှုပေးသူ အစရှိတဲ့ ကျွမ်းကျင်ရာ ဝါသနာကိုယ်စီကို အရင်းပြုကာ ကြိုးစားရုန်းကန်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက တပိုင်တနိုင်လုပ်ငန်းရှင်တွေအတွက်လည်း အထောက်အကူဖြစ်စေတဲ့ Application တစ်ခုလို့လည်းဆိုနိုင်ပါတယ်။

Photo Source https://www.facebook.com/growapp.myanmar

GROW App နဲ့ဆိုရင် အပြင်မှာ ဆိုင်ဖွင့်နေစရာ မလိုတော့ပါဘူး။ အိမ်မှာ သက်တောင့်သက်သာ လုံခြုံစိတ်ချစွာ နေထိုင်ရင်းက ကိုယ်ပိုင်အွန်လိုင်းဆိုင်ကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ ရောင်းကုန်နဲ့ ဝန်ဆောင်မှုတွေကို အက်ပလီကေးရှင်းကနေတဆင့် ဝယ်ယူသူတွေထံ ပြသရောင်းချနိုင်စေမှာဖြစ်ပါတယ်။
GROW ရဲ့ နောက်ထပ်ရည်ရွယ်ချက်က လူမှုရပ်ဝန်းအတွင်းရှိ မည်သူမဆို ကျွမ်းကျင်ရာဝါသနာကို အသုံးချပြီး ဝင်ငွေရှာဖွေ ခြင်းကို အားပေးကူညီဖို့ ဖြစ်ပါတယ်။ အစားအသောက်၊ လက်မှုအနုပညာပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုတွေကို စုစည်း ထားတဲ့ အွန်လိုင်းဈေးရုံတစ်ခုအဖြစ် ပုံဖော်သွားမှာဖြစ်ပါတယ်။
လက်ရှိမှာလည်း GROW app ကို ဦးဆုံး ဒေါင်းလုပ်ပြုလုပ်ကာ အသုံးပြုသူ အယောက် ၅၀၀ အတွက် အောက်ပါ ပရိုမိုးရှင်းလည်း ရရှိမှာဖြစ်ပါတယ်။
(၁) ကိုယ်တိုင်သွားယူမယ်ဆိုရင် ၁၀% လျှော့ဈေး (အများဆုံး ၁၀၀၀ ကျပ်အထိ)
(၂) သို့မဟုတ် အခမဲ့ပို့ဆောင်မှုကို ရယူနိုင်မှာပါ။
ပရိုမိုးရှင်းက ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့အထိဖြစ်ပါတယ်။
အသေးစိတ်သိချင်ရင်တော့ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/growapp.myanmar