စိတ်ဖိစီးမှုများလို့ စိတ်ထွက်ပေါက် လိုက်ရှာနေသူတွေအတွက် အကောင်းဆုံး MoodzHub App

လူတိုင်းဟာ တခါတလေမှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုတော့ ရှာတတ်ကြပါတယ်။ ဖြေသာမယ့်နည်း လမ်းကောင်းလေးတစ်ခုရှိမှလည်း စိတ်ဖိစီးမှုသက်သာစေမှာပဲမဟုတ်လား။ အဲ့ဒီအတွက်ကြောင့် လူတိုင်းမှာ စိတ်ဖိစီးမှု တွေများလာတဲ့အခါ စိတ်ထွက်ပေါက်ဆိုတဲ့ တံခါးလေးတစ်ချပ်ကို ရှိထားမှ အဆင်ပြေပါလိမ့်မယ်။
ခုချိန်မှာတော့ လူတိုင်းဖုန်းတွေကိုစီ သုံးလာကြတဲ့အတွက် ကျန်းမာရေးဆိုင်ရာ App တွေအပြင် အခြား App တွေလည်း ထည့်သွင်း ပြီးလွယ်လင့်တကူ အသုံးပြုနေကြပါပြီ။ အဲ့ဒီလို App တွေ အထဲမှာ လူတွေရဲ့ စိတ်ထွက်ပေါက်ကို အဓိကထား ဖြေရှင်းပေးတဲ့ App လေးတစ်ခု ထူးထူးဆန်းဆန်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ MoodzHub App ပဲဖြစ်ပါတယ်။ App ကို စတင်ဖြစ်ခဲ့ပုံလေးကလည်း လူတိုင်းအတွက် စိတ်ဝင်စားစရာတစ်ခုပါ။
“ကျန်းမာရေးနဲ့ ပတ်သက်ပြီး app တစ်ခုလုပ်ဖို့စိတ်ကူးဖြစ်ခဲ့ပါတယ်။ ဒါနဲ့ မြန်မာလိုရနိုင်တဲ့ healthapp တွေကိုကြည့်လိုက်တဲ့ အခါ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကိုအဓိကပိုထားတဲ့ app တွေတွေ့ရတာများပါတယ်။ ဒါကြောင့် mentalwellness စိတ်ကျန်းမာရေးအတွက် သီးသန့် appလေးရှိရင်ကောင်းမယ်လို့ စတွေးမိပါတယ်။ တစ်နှစ်လောက်အချိန်ယူပြီးလေ့ လာဖြစ် ခဲ့ပါတယ်။ Mentalwellness အတွက် app တွေလေ့လာကြည့်တော့ အများကြီးရှိတာကိုတွေ့ရပေမဲ့ အင်္ဂလိပ်လိုပဲရှိတာ တွေချည်းပါပဲ။ အင်္ဂလိပ်လို mood tracker app တွေ အများကြီးရှိပေမဲ့လည်း မြန်မာလိုမတွေ့မိတော့ မြန်မာလိုသုံးစေချင်တဲ့ဆန္ဒနဲ့ MoodzHub mood tracker/ mood diary app လေးကိုစပြီး ပြုလုပ်ဖန်တီးဖြစ်ခဲ့တာပါ။ ကျန်းမာရေးမှာ စိတ်ကျန်းမာရေးကလည်းအရေးကြီးပါတယ်။ စိတ်ခံစား ချက်တွေကနေ့တိုင်းလူတိုင်းမှာ စက္ကန့်နဲ့အမျှဖြစ်နေတော့ လူတိုင်းနဲ့လည်း သက်ဆိုင်လို့ lifestyle ဘက်ကို လည်းဦးတည်သွားတဲ့ နေ့စဉ် သုံးလို့ရမဲ့ app လေးဖြစ်အောင် ရည်ရွယ်ပြီး ဖန်တီးဖြစ်သွားတာပါ။” ဟု MoodzHub App ကို စတင်ပြုလုပ်ခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး Ma New Oo Wai က ခုလို ပြောပြပါတယ်။

Photo Source https://www.facebook.com/MoodzHubMM

တကယ်တော့ MoodzHub App ဟာ လူတိုင်းနီးပါးအသုံးပြုရင် အကျိုးရှိစေတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ် ပြင်ပဒဏ်ရာတွေက မျက်စိရှေ့မြင်နေရပေမဲ့ စိတ်ဒဏ်ရာတွေကိုတော့ မမြင်နိုင်တဲ့အတွက် Moodz Hub app လေးကကိုယ့်မှာဖြစ်ပေါ်နေတဲ့ စိတ်ကိုမြင်စေနိုင်တဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်စေမှာပါ။
ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အချိန်မရွေးနေရာမရွေးဒိုင်ယာရီရေးမှတ်နိုင်တဲ့အတွက် ကိုယ့် အမှတ်တရတွေ၊ ကိုယ်ဘာကြောင့် ဒီလိုတွေခံစားနေရလဲဆိုတာသိမြင်လာမှာပါ။ ခံစားချက်တွေကိုလည်းနေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဇယား chart တွေနဲ့ ပြပေးထားတော့ ကောင်းတဲ့ခံစားချက်တွေများနေသလား ။ မကောင်းတာတွေဘဲ စုနေသလား။ ထင်ထင်ရှားရှားတိုင်းတာမြင်တွေ့နေရတာပေါ့။ အဲဒီအခါ ကိုယ့်စိတ်ကိုကိုယ်ပိုသိလာမယ် ပိုရင့်ကျက်လာမယ်။ ပြီးတေ့ ကိုယ့်စိတ်ကိုယ် ပိုပြီးစီမံထိန်းချုပ်လာနိုင်မှာပါ။ MoodzHub ကိုပုံမှန် သုံးရင် မှတ်တမ်းမှတ်တတ်တဲ့ ကောင်းမွန်တဲ့ အကျင့် ကောင်းလေးတစ်ခုလည်းရလာမှာလည်းဖြစ်ပါတယ်။
App အသုံးပြုပုံလေးကလည်း လွယ်ကူရိုးရှင်းပါတယ်။ MoodzHub app မှာ mood ပေါင်း ၃၀ ကျော် ထည့်ပေးထားလို့ ကိုယ်ဖြစ်ပေါ်နေတဲ့ mood စိတ်ခံစားချက်ကိုရွေးလိုက်ရုံပါပဲ။ ရွေးပြီးရှေ့ကိုဆက်သွားရင် ဘာကြောင့် ဒီ mood ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းအရင်းကိုထပ်ရွေးလို့ရပါတယ်။ မရွေးချင်လို့ mood ကိုပဲ save ရင်လည်းရပါတယ်။ ပြီးရင်တော့ ဒိုင်ယာရီ ရေးလို့ရမဲ့နေရာလေးမှာကိုယ့်ရဲ့ အမှတ်တရတွေ၊အဖြစ်အပျက်တွေကိုဖြည့်လို့ရပါတယ်။ Save လုပ်ပြီးမှတ်ထားတာတွေကို records (မှတ်တမ်းအားလုံး) မှာသွားကြည့်လို့ရမှာပါ။ ပြီးတော့ history (မှတ်တမ်း) မှာတော့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် မှတ်ထားတဲ့ ခံစားချက်တွေကိုစုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။
App ထဲမှာကောင်း၊ ဆိုး၊ ဒီလိုပါပဲ၊ အခြားဆိုပြီး ၄ မျိုးနဲ့ ခွဲခြားပေးထားပါတယ်။ ကိုယ်ကပျော်တဲ့ mood လေးမှတ်ခဲ့ရင် ကောင်းတဲ့ mood အဖြစ်ဖော်ပြပေးပြီးစိတ်တိုတဲ့ mood လေးမှတ်ခဲ့ရင် မကောင်းတဲ့ mood အဖြစ်ဖော်ပြပေးမှာပါ။
ထူးခြားတဲ့ နောက် feature တစ်ခုကတော့ customizemoodcharacter (ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်) feature ပါ။ mood တွေကို လူငယ်ဆန်ဆန် kawaiiJapanesestylemoodcharacter လေးတွေအနေနဲ့ ဖန်တီးပေးထားပါတယ်။ Moodz Hub ရဲ့ logo လည်းဖြစ်၊ mascot အကောင်းလေးလည်းဖြစ် wellness ကျန်းမာကောင်းမွန်ခြင်းကို ကိုယ်စားပြုဖန်တီးထားတဲ့ ကုမြဒြာကြာပန်း mood character လေးဖြစ်တဲ့ မြန်မာအငွေ့အသက် သနပ်ခါးပါးကွက်ကြားလေးနဲ့ ကုကု (KuKu) ကို app ထဲ ဝင်ဝင်ချင်းမှာတွေ့နေရမှာပါ။

Photo Source https://www.facebook.com/MoodzHubMM

Mood တွေကိုမှတ်တဲ့အခါ ကုကုရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ BeBe, OuOu, Boba စတဲ့ moodcharacter လေးတွေထဲကနေ ကိုယ့်စိတ်ကြိုက် moodcharacterလေးကိုရွေးပြီးတော့ မှတ်နိုင်ပါတယ်။ အလွယ်ဆုံးရှင်းပြရရင် chat လုပ်တဲ့အခါ ကိုယ်ကြိုက်တဲ့ sticker ပို့ပြီး chat နိုင်သလို MoodzHub app မှာက ကိုယ့်ကြိုက်တဲ့ moodcharacterလေးရွေးပြီး mood မှတ်နိုင်တော့ အဆင်ပြေစေပါတယ်။
App အသုံးပြုသူတွေအနေနဲ့ လက်ရှိမြန်မာပြန်မှာက Androiduser တွေပိုများတဲ့အတွက် အခုလက်ရှိ Google Playstore ကနေ Android user ပေါင်း ၅၀၀၀ ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ user တွေသုံးနေတဲ့ Social chat apps တွေလိုပဲ encrypted လုပ်ထားပေးတဲ့အတွက် အချက်အလက်တွေကိုကိုယ့် account မှာမှတ်ထားတဲ့ ကိုယ်ကလွဲပြီး ဘယ်သူမှမတွေ့နိုင်တော့တဲ့အတွက် စိတ်ချ ယုံကြည့်စွာ အသုံးပြုနိုင်မှာပါ။
နောက်ပိုင်းမှာလည်း mood character မှာKuKu, BeBe, OuOu, BoBa အပြင် character အသစ်လေးတွေ ထပ်ပြီးထုတ်သွားအုံးမှာပါ။ ဒါ့အပြင် Feature အသစ်တွေအများကြီးထပ်ထည့်သွားမှာဖြစ်ပါတယ်။
App ကို အသုံးပြုသူတွေအနေနဲ့ လက်တလောကတော့ Facebook account ရှိမှာသာ Facebook နဲ့ login ဝင်နိုင်မှာဖြစ်ပြီး Google Login နဲ့ Moodz Hub account သီးသန့် register လုပ်ပြီး login ဝင်နိုင်မဲ့ feature တွေကို မကြာခင်ထည့်ပေးသွားအုံးမှာပါ။ နောက်ပြီး Facebook account လိုမျိုး deactivate လုပ်တာ၊ Instagram ဆို delete account လုပ်လို့ရတဲ့ feature ကိုလည်းထည့်ပေးသွားမှာဖြစ်လို့ user တွေအနေနဲ့ ကိုယ့် data တွေကိုကြိုက်သလို စီမံလို့ရ အုံးမှာပါ။
လက်ရှိမှာ စိတ်ခံစားချက်ရင်ဖွင့်လိုသူတွေအနေနဲ့ MoodzHub Facebook Group လေးလည်းရှိတာကြောင့် အဲ group မှာလာရင်ဖွင့်လို့ရနိုင်ပါတယ်။ ခံစားနေရတာတွေရှိရင် ဝေမျှပြီးအပြန်အလှန်ဖေးမနိုင်တဲ့ community လေးတစ်ခုပါ။ ဘယ်သူမဆို စိတ်လုံခြုံစိတ်ချရတဲ့နေရာ (safe space) လေးတစ်ခု ဖန်တီးနိုင်ဖို့ရည်ရွယ်ထားပြီးဖွဲ့ထားကြောင့်ပဲဖြစ်ပါတယ်။
MoodzHub App ကို ပထမတစ်ခါ download ဆွဲ login ဝင်ပြီးတာနဲ့ feature အားလုံးကို offline သုံးလို့ရမှာဖြစ်ပါတယ်။ ကိုယ်မှတ်ထားတဲ့ data တွေကို back up လုပ်တဲ့အခါ restore လုပ်တဲ့အခါ ပြီးတော့ mood character အသစ်လေး တွေထပ်ထွက်ရင်တော့ လိုင်းရှိမှဒေါင်းလုဒ်ဆွဲနိုင်မှာလည်းဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့ App သုံးစွဲတော့မယ်သူတွေအနေနဲ့ MoodzHub App က ကိုယ့်အတွက် ရင်ဖွင့်စရာနေရာ တစ်ခုတိုးလာတယ်လို့ သတ်မှတ်လို့လည်းရသလို ကိုယ့်စိတ်ကိုယ် ပိုသိနိုင်စေမဲ့ self-care app လေးတစ်ခုလို့ ပြောလို့ရပါတယ်။ Facebook Page ကို အောက်က Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/MoodzHubMM