ရုံးဝန်ထမ်းပိုင်းဆိုင်ရာတွေမှာ ခေါင်းရှုပ်မခံချင်တဲ့ ကုမ္ပဏီလုပ်ငန်းရှင်အတွက် ထွက်ပေါက်တစ်နေရာ Better HR (Better HR မှ Ma Moe Htet Kyi Phyu နှင့်အင်တာဗျူး)

မြန်မာနိုင်ငံမှာ နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းတွေ များစွာထွက်ပေါ်လာတဲ့အထဲမှာ ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေကို နည်းပညာအကူအညီနဲ့ ပိုမိုတိုးတက်လာခဲ့ပါတယ်။ အဲ့ဒီအထဲမှာ လုပ်ငန်းရှင်တော်တော်များများ ရုံးလုပ်ငန်းပိုင်းဆိုင်ရာအ အတွက် ဖြေရှင်းဖို့အတွက် Better HR System ကို အသုံးပြုလာကြပါတယ်။ Better HR System ကိုစတင်ခဲ့တာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။
လုပ်ငန်းရှင်တွေကြားထဲမှာ အသုံးများပြီး ရုံးပိုင်းဆိုင်ရာတွေမှာ နည်းပညာနဲ့အထောက်အကူပြုတစ်ခုဖြစ်စေတဲ့ Better HR System အကြောင်းကို Myanmar Tech Press ရဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို အင်တာဗျူးဆောင်းပါအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တကယ်တော့ Better HR ဆိုတာကလည်း ၂၀၁၉ ခုနှစ် စတင်တင်ဘာလ မှစပြီး မြန်မာပြည် အခြေစိုက် Cloud နည်းပညာ အခြေပြု HR စွန့်ဦးတီထွင် လုပ်ငန်းတစ်ခု အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဒစ်ဂျစ်တယ် အေဂျင်စီ တစ်ခုဖြစ် တဲ့ nexlabs မှ ကုမ္ပဏီတွင်း အခြေခံ HR လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး in-house ဆော့ဝဲလ် တစ်ခု Better HR ကိုဖန်တီးမွေးထုတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
“Better HR ဟာဆိုလျှင် အဖွဲ့အစည်းများအတွက် ရုံးမှာဖြစ်စေ၊ ပြင်ပမှာဖြစ်စေ HR လုပ်ငန်းများကို အမြဲမပြတ်စီမံခန့်ခွဲနိုင်ဖို့ မရှိမဖြစ်ပင်မထောက်တိုင်ကြီးဘဲ ဖြစ်ပါတယ်။ Better HR mobile app သည် ဝန်ထမ်းများ၏ အလုပ်ချိန်၊ခွင့် မှတ်တမ်းတင်ခြင်း ၊ လစာတွက်ချက်ခြင်း၊ ဝန်ထမ်းအချင်းချင်းစာပို့စကားပြောဆက်သွယ်ခြင်း၊ နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ယန္တရားများကို ဆောင်ရွက်ပေးနိုင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး HR တွေရဲ့အလုပ်တာဝန်တွေကို လျှော့ချပေးနိုင်ပါတယ်” ဟု Better HR မှ Marketing Manager Ma Moe Htet Kyi Phyu ကပြောပါတယ်။

Photo Source https://www.facebook.com/joinbetterhr

 

“မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ် နိုင်ငံများမှ လုပ်ငန်းပေါင်း ၂၀၀ ကျော် ဟာ Better HR ကိုအသုံးပြုပြီး ဝန်ထမ်းပေါင်း ၃၅၀၀၀ ကိုစီမံခန့်ခွဲနေပြီး ဒေါ်လာ ၂ မီလီယမ် ကျော် ပမာဏ ရှိတဲ့ ဝန်ထမ်းများ၏လစာများကို လစဉ်လတိုင်း တွက်ချက်ပေးလျက်ရှိပါတယ်။ Market ရဲ့ 80 ရာခိုင်နှုန်း ကတော့ မြန်မာကဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွါးလျက်ရှိသော ကပ်ရောဂါကာလမှာ ဒစ်ဂျစ်တယ် ထုတ်ကုန်ဖြစ်တဲ့ Better HR ရဲ့ အသုံးပြုသူ အရေအတွက်ဟာ လေးဆထိ တိုးတက် လာပါတယ်။ ၂၀၂၂ ခုနှစ် September လောက်မှာတော့ ထိုင်းဘက်ကို ဈေးကွက်ချဲ့ထွင်ဖို့ ပြင်ဆင်နေပါပြီ။ လောလောဆယ်တော့ company စဖွဲ့နေပြီလည်းဖြစ်ပါတယ်”လို့လည်း သူမကဆက်လက်ပြောကြားပါတယ်။
Better HR app ကို ဖုန်းထဲ ထည့်ထားရုံနဲ့ (၁) Attendance (၂) Overtime (၃) Leave (၄) Payroll (၅) Learning Center (၆) Chat စတဲ့အချက်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါ။
“အခုလို digital ခေတ်မှာ ကိုယ့်လုပ်ငန်းကို လည်း ခေတ်ရှေ့ရောက်နေစေဖို့ ၊ ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ရာမှာ အရင်လို သမားရိုးကျ စာရွက်စာတမ်း Excel sheet တွေနဲ့အစား လုံးဝ digital အသွင် ကူးပြောင်းသင့်နေကြပါပြီ။ Better HR နဲ့ဆို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေ ရုံးတက်၊မတက်၊ ခွင့်၊ အချိန်ပိုဆင်းတာ စတာတွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်တဲ့ အပြင် HR တွေအနေနဲ့လည်း အရင်လို လစာတွက်ရင် အချိန်ကုန် လူပင်ပန်း ကိုယ်တိုင် manual တွက်နေစရာမလိုတော့ဘဲ ဒီ software မှာဘဲ လွယ်လင့်တကူ အလိုအလျောက်တွက်ခိုင်းလိုက်ရုံနဲ့အဆင်ပြေစေပါတယ်” ဟု Better HR မှ Marketing Manager Ma Moe Htet Kyi Phyu ကပြောပါတယ်။

Photo Source https://www.facebook.com/joinbetterhr

Better HR ပေါ်မှာ ရှိတဲ့ server တွေအားလုံးက log in access ရှိမှ ဝင်လို့ရတာပါ။ ဒါကြောင့် log in info, password တွေ ရှိမှ data တွေကို ကြည့်လို့ရတာမျိုးဖြစ်ပါတယ်။ Permission feature လည်းရှိတာကြောင့် HR manager က view တစ်မျိုး Owner and Directors တွေက view တစ်မျိုး စသဖြင့် အချက်အလက်ဒေတာတွေကို ရာထူးအလိုက် ကြည့်ရှု ပြင်ဆင်နိုင်ဖို့ ကန့်သတ်ထိန်းချုပ်ထားလို့ရပါတယ်။ ဒါ့ကြောင့် data leak လည်းမဖြစ်နိုင်တော့ပါဘူး။ Penetration test ကိုလည်း နှစ်စဉ် စစ်ဆေးပါတယ်။ လစာနဲ့ ပတ်သတ်တဲ့ Confidential data တွေကိုလည်း data encryption လုပ်ထားပါသေးတယ်။
အခု လတ်တလောမှာ Learning Center ( document library ) နဲ့ Chat အသစ် features 2 ခု ထုတ်ထားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာတော့ Recruitment နဲ့ဆိုင်တဲ့ Feature ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Chat ပိုင်းမှာလည်း video call ခေါ်ဆိုရနိုင်ဖို့ ကြိုးစားနေတယ်ကြတာပါ။
“Better HR စတင် အသုံးပြုတော့မယ်ဆို အရင်ဆုံး အခမဲ့ ၁၄ ရက် အစမ်းသုံးခွင့်ရှိပါသေးတယ်။ Trial စတာနဲ့ Better HR Customer Success team ကနေပြီး software အသုံးပြုပုံ အသေးစိတ်ကို Trial onboarding online meeting ခေါ်ပြီး အခကြေးငွေပေးစရာမလိုဘဲ free training ပေးသွားပါဘဲ ဖြစ်ပါတယ်။ Better HR သုံးပြီး လစာတွက်နည်းကအစ ပြောပြပေးသွားမှာပါ။ Better HR software နဲ့ mobile app ကိုသုံးရတာ Facebook သုံးရတာထက်တောင်လွယ်ကူတာမို့ နည်းပညာနဲ့ မရင်းနှီးတဲ့ သူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်” ဟု Better HR မှ Marketing Manager  Ma Moe Htet Kyi Phyu ကဆက်လက်ပြောကြားခဲ့ပါတယ်။
Better HR System ကို အစမ်း သုံးကြည့်ချင်တယ်ဆိုရင် betterhr.io ဆိုတဲ့ website ကိုသွားပြီး Free Trial Form လေးဖြည့်ပြီး စမ်းသုံးကြည့်လို့ရနိုင်ပါသေးတယ်။
အောက်ပါ Link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/joinbetterhr