အရောင်းဆိုင်များအတွက် အသုံးဝင်လွန်းတဲ့ Logic info Software

စာရင်းကိုင်ဆိုတာ ဆိုင်တစ်ဆိုင်အတွက် အရေးပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်ရဲ့ ဝင်ငွေထွက် ငွေကုန်ကျ စရိတ်တွေအားလုံးကို သေချာမှတ်သားပြီး ရက်ချုပ်စာရင်းလချုပ်စာရင်းနဲ့ စာရင်းတွေလုပ်ကိုင်ပေးရတဲ့သူပါ။ စာရင်းတွေ အားလုံးကို စာအုပ်တစ်အုပ်မှာမှတ်သားပြီး အမြဲအလုပ်ရှုပ်နေရသူဖြစ်ပါတယ်။ အချိန်တွေကနည်းပညာ ခေတ်ကိုရောက်လာ တာနဲ့အမျှ အလုပ်တွေအားလုံးကို အရင်ထက်ပိုပြီး သက်သက် သာသာနဲ့ လုပ်လာနိုင်ပါပြီ။ ကွန်ပြူတာတွေ ဖုန်းတွေ ပိုပြီးခေတ်စားလာတာနဲ့အမျှ ဒီစာရင်းဇယားတွေအားလုံးကို ကွန်ပြူတာထဲမှာပဲ သေသေချာချာ တွက်ချက်နိုင်လာပါပြီ။

Photo Source – https://www.facebook.com/logicinfomyanmar/

အရောင်းဆိုင်တွေက နည်းပညာတွေ မတိုးတက်လာသေးတဲ့အချိန် Calculator တစ်လုံးနဲ့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ၊ လချုပ်စာရင်း၊ နှစ်ချုပ်စာရင်း၊ ဝင်ငွေထွက်ငွေစာရင်း မှတ်ထားတဲ့ စာအုပ်တွေနဲ့လည်း စားပွဲပေါ်မှာပြည့်လျံပြီး ရှုပ်ရှပ်ခပ်နေ စရာမလိုတော့ပါဘူး။ စာရင်းပြန်စစ်တဲ့ အချိန်တွေဆိုရင်လည်း စာအုပ်လိုက်ယူသွဦးစရာမလိုတော့ဘဲ ကွန်ပြူတာတစ်လုံး ဖုန်းတစ်လုံးနဲ့တင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ စားပွဲပေါ်မှာ ကွန်ပြူတာတစ်လုံး ဖုန်းတစ်လုံးရှိရုံနဲ့ အားလုံးကို ထိန်းချုပ်လို့ရနိုင်ပြီး အဝေးကနေထိန်းချုပ် ပြင်ဆိုင်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီလိုတွက်ချင်အသုံးပြုနိုင်တဲ့ ဖုန်း Application တွေ ကွန်ပြူတာ Software တွေထဲမှာ Logic info Software ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/logicinfomyanmar/

Logic info Software က အရောင်းဆိုင်တွေကို အဓိကကူညီနိုင်တဲ့ အကြောင်းအရာတွေကတော့ အရောင်းစာရင်းဖွင့်ခြင်း၊ အရောင်းဘောက်ချာများ Print ထုတ်ခြင်း၊ အရောင်းအစီရင်ခံစာများအား ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ အဝယ်စာရင်းဖွင့်ခြင်း၊ အဝယ်အစီရင်ခံစာများအား ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ကုန်ပစ္စည်းလက်ကျန် အသေးစိတ်ကို လအလိုက်၊ နှစ်အလိုက် ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ကုန်ပ စ္စည်းလက်ကျန် အစီရင်ခံစာများအား ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ Sale Return, Purchase Return အသေးစိတ်ကို နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ အကြွေးစားရင်းများမှတ်သားနိုင်ခြင်း၊ အကြွေးအစီရင်ခံ စာများအား ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ မိမိဆိုင်၏ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုများကို မှတ်သား၍ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ မိမိဆိုင်၏ ဝန်ထမ်းလခ၊ ရေခ၊ မီးခ စသည့်ကုန်ကျစရိတ်များအားမှတ်သား၍ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ မိမိဆိုင်၏ အရှုံးအမြတ်အား နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ မိမိဆိုင်၏ ဝယ်ယူသူ၊ ကုန်သည်များ၏ လိပ်စာ၊ ဖုန်းနံပတ်များအား မှတ်သားနိုင်ခြင်း စသည့် အရေးကြီးအချက်အလက် များအားလုံးကို ကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်။
ဝန်ဆောင်မှုအနေနဲ့ကတော့ အရောင်းဆိုင်၏ အချက်အလက်၊ အရောင်းဆိုင်၏ အချက်အလက်များလုံးခြုံစိတ်ချရဖို့အတွက် အဆင့်မြင့်နည်းပညာများကို အသုံးပြုထားသောကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဘောက်ချာကို လည်း Portable Recipt Printer ဖြင့် (80mm, 58mm) ဘောက်ချာဆိုဒ် နှစ်မျိုးလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုမယ့် ဘာသာစကားအနေနဲ့ကတော့ မြန်မာဘာသာစကားကို ယူနီကုဒ်နဲ့ဇော်ဂျီ နှစ်မျိုးလုံး ထောက်ပံ့ပေးထားတဲ့ အတွက်စိတ်ကြိုက်ရွေးချယ် အသုံးပြုနိူင်ပါသည်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

Photo Source – https://www.facebook.com/logicinfomyanmar/

Software Update အတွက် Version အသစ်ထွက်တိုင်း New Feature များအတွက် အခကြေးငွေများ ထပ်မံပေးဆောင် ရန်မလိုအပ်တော့ဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရောင်းဆိုင်များကို Mobile Phone (သို့မဟုတ်) Tablet မှတဆင့် စီမံခန့်ခွဲရန်အတွက် Logic Info POS ကို ၇ ရက် အခမဲ့ စမ်းသုံးကြည့်နိုင်မှာလည်းဖြစ်ပါတယ်။ ကျသင့်ငွေကတော့ မြန်မာကျပ်ငွေ ၂၄၀၀၀၀ ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details
အသုံးပြုပုံအသေးစိတ်ကိုလည်း အောက်ပါ Link များမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://logic-info.com/Default.aspx
https://www.facebook.com/logicinfomyanmar/