Ooredoo နှင့် Facebook တို့ ပူးပေါင်းကာမြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် Digital ဗဟုသုတတိုးပွားရေးသင်တန်းများပို့ချပေး

ဒစ်ဂျစ်တယ်ဗဟုသုတတိုးပွားရေးအစီအစဉ် Internet 101 အား မြန်မာနိုင်ငံတဝန်းတွင်အရှိန်မြင့် တိုးချဲ့လုပ်ဆောင် သည့်အနေဖြင့် အူရီဒူးမြန်မာနှင့် Facebook တို့သည် ၂၀၁၉ ခုနှစ်၏ နောက်ဆုံး ၂ လအတွင်း သင်တန်းပို့ချသူများ ပါဝင်သည့် နိုင်ငံတဝန်းရှိ မြို့ပြနှင့်ဝေးကွာသောနေရာဒေသများသို့စေလွှတ်ခဲ့ပြီး အင်တာနက် အသုံးပြုမှုဆိုင်ရာ အကျိုးကျေး ဇူးများနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ၊ တာဝန်သိစွာ အသုံးပြုနိုင်မည့် အသိပညာများအား မျှဝေပို့ချခဲ့ခြင်းတို့ကို ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Photo Source – https://ooredoo.com.mm/portal/mm/index

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် Internet 101 အမှတ်တံဆိပ် တပ်ဆင်ထားသည့် ဗန်ကား ၂ စီးဖြင့် လှည်းကူး၊ တိုက်ကြီး၊ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ကော့မှူး၊ ဒလ၊ ထန်းတပင်၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဥတို၊ ကျောက်တန်း၊ ဖောင်ကြီး၊ ရွှေပြည်သာ၊ ပဲခူး၊ ဆိပ်ကြီး ခနောင်တို၊ မင်္ဂလာဒုံ၊ ဆတ်သွားတော၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ မလှိုင်၊ မြင်းခြံ နှင့် တောင်သာ အစရှိသည့် မြို့နယ်ပေါင်း ၂၆ ခုရှိ မိုဘိုင်းဖုန်း အသုံးပြုသူများထံ သိသင့်သိထိုက်သော ဒစ်ဂျစ်တယ် ဗဟုသုတများအား သွားရောက်ပို့ချခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://ooredoo.com.mm/portal/mm/index

“မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှုပမာဏ အစဉ်မပြတ်ပိုမိုတိုးတက်လာနေတဲ့ အချက်ကိုအူရီဒူးအနေနဲ့ သိရှိထားပြီး အခြားတစ်ဖက်မှာလည်း ဒီလိုတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုအနေနဲ့ အင်တာနက်ကိုအသုံးပြုတဲ့နေရာမှာ အကောင်းမွန်ဆုံး အခွင့်အလမ်းတွေကိုရယူနိုင်စေဖို့နဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အတွက် လုံခြုံစိတ်ချစွာနဲ့ တာဝန်သိစွာအသုံးပြုတတ်ဖို့ကလည်း တကယ်ကိုအရေးပါလာပါတယ်။ ဒါကြောင့်မို့လို့ အူရီဒူးအနေနဲ့ Facebook နဲ့ ပူးပေါင်းပြီး အင်တာနက် အသုံးပြုတဲ့အခါမှာ သိရှိထားသင့်တဲ့ အခြေခံဗဟုသုတတွေကို ပြည်သူလူထုတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီ Internet 101 အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘဝကို ဒစ်ဂျစ်တယ်လူနေမှုစနစ်နဲ့ တောက်ပကောင်းမွန်အောင် ရည်သန်လုပ် ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ အခုလို Internet 101 အစီအစဉ်ကနေ သင်တန်းတွေအောင်မြင်စွာ ပို့ချပေးနိုင်နေတဲ့အတွက် တကယ်ကိုဝမ်းမြောက်မိပြီး လာမယ့်နှစ်တွေမှာလည်း ပိုမိုများပြားတဲ့ ပြည်သူလူထုတွေကို သင်တန်းတွေ ဆက်လက်မျှဝေပို့ချသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
မိုဘိုင်းအင်တာနက် အသိပညာဗဟုသုတများ ပိုမိုတိုးပွားသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လမှစ၍ ဒစ်ဂျစ်တယ်ဗဟုသုတတိုးပွားရေးအစီအစဉ် Internet 101 အား အူရီဒူးမြန်မာနှင့် Facebook တို့ ပူးပေါင်း၍ နိုင်ငံတဝန်း၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://ooredoo.com.mm/portal/mm/index

အဆိုပါ အစီအစဉ်အတွက် Facebook အနေဖြင့် စတင်အကောင်အထည်ဖော်သူအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး အူရီဒူးမြန်မာ မှ အင်တာနက်ပညာရေးအစီအစဉ်များကို နိုင်ငံတစ်ဝန်းတွင် ပို့ချပေးသူအဖြစ်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ သင်တန်းများအားနိုင်ငံတဝန်းရှိ အူရီဒူးအရောင်းဆိုင်များတွင် ပို့ချခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ စာရင်းအချက်အ လက်များအရ သင်တန်းသား အရေအတွက်ပေါင်း ၃၀၀,၀၀၀ ကျော် အထိ ဒစ်ဂျစ်တယ် ဗဟုသုတတိုးပွားရေး သင်တန်း များကို အောင်မြင်စွာပို့ချပေးနိုင်ခဲ့ကြောင်းသိရသည်။