စားသောက်ဆိုင်တိုင်းအတွက် မရှိမဖြစ်အသုံးပြုသင့်တဲ့ “ဝိုး” POS Software

POS လို့ပြောလိုက်ရင်တော့ ဒီခေတ်ကြီးမှာ မသိတဲ့သူ ရှားလာပါပြီ။ POS တွေ အသုံးပြုမှု မြင့်မားလာလောက်အောင်လည်း POS တွေဟာ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပစ္စည်းအမျိုးအမည်ခွဲခြားတာ စာရင်းမှတ်တာတွေမှာ တစ်ကယ်ကို အသုံးဝင်တဲ့ Software တွေလို့ကို ဆိုနိုင်ပါတယ်။ POS Software တွေရဲ့အဓိက လုပ်ဆောင်ချက်တွေကတော့ ကုန်ပစ္စည်းတွေ၊ ပစ္စည်း အမျိုးအစားတွေကို စီမံဆောင်ရွက်တာတွေ၊ ငွေကြေးစာရင်းဇယား ထုတ်လုပ်တွက်ချက်ပေးတာတွေနဲ့ Report လုပ်ဆောင်ချက် တွေပဲ ဖြစ်ပါတယ်။ အရာရာကို ဖုန်းတွေ တက်ဘလက်တွေနဲ့ ထိန်းချုပ်နိုင်တဲ့ခေတ်ကြီးမှာတော့ POS Software တွေအနေနဲ့က လည်း ကွန်ပြူတာ Software တွေအပြင် ဖုန်းတွေ တက်ဘလက်တွေကနေတစ်ဆင့် Application တွေကိုလည်း အသုံးပြုပြီး တော့ အဝေးကနေထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဆိုင်ရဲ့ လုပ်ဆောင်မှုတွေ စာရင်းဇယားတွေ ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ စိစစ်နိုင်မှာ ဖြစ်ပါတယ်။

Photo Source https://www.facebook.com/ibizspcompany/

စားသောက်ဆိုင်တွေမှာလည်း ဘယ်လောက်မြတ်ပြီး ဘယ်လောက်ရှုံးနေလဲ။ ဘယ်ကုန်ပစ္စည်းတွေ ကျန်ပြီး ဘယ်ဟာတွေဝယ် ရမလဲ။နေ့စဉ် စာရင်းဇယား တွေကြားမှာ ခေါင်းမဖော်နိုင်ဘူး။ ဒီလိုအရှုတ်တွေကို သက်သက်သာသာ ဖြေရှင်းပြီး အများတစ်ကာ ထက် ခေါင်းတစ်လုံးသာ နေချင်ရင် ဝိုးရဲ့ Retail POS ကုန်အရောင်းစနစ်ကိုသုံးပါ။ လက်လီ/ကား အရောင်းဆိုင်များအတွက် ဝိုး Retail POS နဲ့ပိုမိုအဆင်ပြေစေမှာလည်းဖြစ်ပါတယ်။
ဝိုး POS ရဲ့ အဓိက အားသာချက်တွေကတော့ ကုန်ပစ္စည်းများ အရောင်း/ဝယ် ပြုလုပ်နိုင်ခြင်း၊ ကုန်ပစ္စည်းများ စီမံခန့်ခွဲနိုင်ခြင်း၊ အရောင်း/ဝယ် စာရင်းများ ကြည့်ရှုနိုင်ခြင်း၊ လွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်ခြင်း၊ လွယ်ကူလျင်မြန်စွာ ဘောက်ချာထုတ်နိုင်ခြင်း၊ အရောင်းစာရင်းများကို အင်တာနက်ပေါ်တွင် လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ခြင်း၊ ရောက်ရာအရပ်မှ မိမိဆိုင်၏ ရောင်းအား၊ကုန်ပစ္စည်း အခြေအနေကို အချိန်မရွေး ကြည့်ရှုစီမံဆောင်ရွက်နိုင်ခြင်း စတာတွေကို ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ် တဲ့အပြင် အရောင်းဆိုင်များနဲ့ ပါတ်သက်တဲ့ လုပ်ငန်းစဉ်မှန်သမျှ လွယ်ကူချောမွှေ့စွာ ဆောင်ရွက်ပြီးစီးနိုင်အောင် ကူညီလုပ် ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Online, Offline နှစ်မျိုးစလုံးအတွက် မိမိကြိုက်နှစ်သက်ရာ POS Software အမျိုးအစားကို ရယူ အသုံးပြုနိုင်ပါတယ်။

Photo Source https://www.facebook.com/ibizspcompany/

ဝိုး POS ရဲ့ ဝန်ဆောင်မှုများကို ယခုအချိန်မှာ ရယူချင်တယ်ဆိုရင်လည်း ဖုန်းနဲ့ဖြစ်စေ၊ Messenger (သို့မဟုတ်) Viber နဲဖြစ်စေ ရှင်းပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Zoom ဖြင့်သော်လည်းကောင်း ဝန်ဆောင်မှုများကို လွယ်ကူစွာ ရှင်းပြပေးနိုင်သလို Demo ကြည့်ခြင်းဖြင့်လည်း Training ပေးခြင်းတို့ကိုဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ငွေပေးချေခြင်းကိုလည်း Mobile Bank Transfer (သိုမဟုတ်) KBZ Pay, CB Pay, Wave Money ဝန်ဆောင်မှုတို့ကို ရယူ အသုံးပြုနိုင်ပါတယ်။ အရေးကြီးလို့ မဖြစ်မနေလိုအပ်ပါကလည်း Sale Executive များမှ လာရောက်ပေးသွားမှာလည်းဖြစ်ပါတယ်။
Restaurant Management POS အသုံးပြုမယ်ဆိုရင်တော့ ရရှိလာမယ့်အကျိုးရလဒ်တွေကတော့ ဧည့်သည်များထံသို့ ဟင်းပွဲများအချိန်မှီ ရောက်ရှိခြင်း၊ ကျသင့်ငွေရှင်းရာတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရန် မလိုအပ်တော့ခြင်း၊ ဟင်းပွဲများမှာ ယူရာတွင် စာရင်းများအပျောက်အရှဖြစ်ပေါ်မှု မရှိတော့ခြင်း၊ ငွေစာရင်းမသမာမှုများ မဖြစ်ပေါ်နိုင်တော့ခြင်း၊ ကုန်လက်ကျန်များ အားအစဉ်သဖြင့်စစ်ဆေးနေရသဖြင့် အချိန်ကုန်လူပင်ပန်းရခြင်းမှ ကင်းဝေးနိုင်ခြင်း၊ တိကျပြီး အသေးစိတ်ဖော်ပြထားသော report များထုတ်ပေးနိုင်သဖြင့် လုပ်ငန်းလည်ပတ်မှုကို ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်း၊ မိမိဆိုင်၏ အဆင့်အတန်းကို နောက်တဆင့် သို့ မြှင့်တင်ပေးနိုင်ခြင်း၊ ဆိုင်ရှင်များအနေဖြင့် ယခင်ကလောက် အလုပ်ရှုပ်ရခြင်းမရှိတော့ပဲ စိတ်အေးသက်သာစွာနေနိုင်ခြင်း၊ မိမိ၏ စားသုံးသူအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးလာနိုင်ခြင်း စသည့်အားသာချက်များဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းလည်ပတ်မှုကိပိုမိုကောင်းမွန်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
ဝန်ဆောင်မှုများအနေဖြင့် initial setup ပြုလုပ်ပေးခြင်း၊ လုပ်ငန်းခွင်အရောက် training သင်ကြားပေးခြင်း၊ software တပ်ဆင် ပြီးသည့်အချိန်မှစ၍ after sale service အနေဖြင့် အခမဲ့ရရှိနိုင်သော ဝန်ဆောင်မှုပေးခြင်း၊ Phone and remote support ဝန်ဆောင်မှုအခမဲ့ပေးခြင်း၊ ဆိုင်သို့၊ ရုံးသို့အရောက် လာရောက်၍ပြသခြင်း/ဆွေးနွေးခြင်း၊ Cloud Base POS ဖြစ်တဲ့အတွက် New Update တွေကို အလွယ်တကူ update လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
မီးပျက်လို့၊ စက်ချို့ယွင်းလို့၊ ဗိုင်းယပ်စ် စတာတွေအတွက်နဲ့ ဒေတာများပျက်စီးဆုံးရှုံးမှာလည်းမဟုတ်ပါဘူး။ Cloud base ဖြစ်တဲ့အတွက် data security ပိုမိုမြင့်မားတဲ့ POS စနစ်တစ်ခုဖြစ်ခြင်း၊ Online မှ Restaurant POS Training များအား အကန့်အသတ်မရှိ လေ့လာသင်ယူနိုင်ခြင်း၊ စတဲ့ အကျိုးရလဒ်များစွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို အကျိုးရလဒ်တွေ ရယူပိုင်ဆိုင် လိုချင် အောက်ပါ Link မှာအသေးစိပ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/ibizspcompany/