အချက်အလက်တွေကို စိတ်ချရအောင် ထိန်းသိမ်းပေးတဲ့ Cloud Storage ဆိုတာဘာလဲ

Cloud Storage ဆိုတာကတော့ အချက်အလက်တွေကို တစ်နေရာထဲမှာ သိမ်းဆည်းထားနိုင်ပြီးတော့ ကိုယ်ပိုင် အင်တာနက်ဒါမှမဟုတ် အများသုံးအင်တာနက်ကနေ ဝင်ကြည့်နိုင်တဲ့ Storage တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ဖုန်းထဲက Storage သိမ်းထားရတာတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပြီးတော့ ကိုယ်ပိုင် Cloud အကောင့်ထဲမှာ လုံလုံခြုံခြုံသိမ်းထားနိုင်မှာလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက်လည်း ကိုယ်သိမ်းထားတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ အချိန်မရွေးဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Server တွေနဲ့သေသေချာချာ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

Cloud Storage ဝန်ဆောင်မှုတွေက သုံးစွဲသူတွေကို အဆင်ပြေချော့မွေ့အောင် ပြုလုပ်ထားပေးပြီးတော့ အချက်အလက်တွေကို အရွယ်အစားမရွေးအားလုံး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို Cloud မှာသိမ်းထားခြင်းအားဖြင့် သုံးစွဲသူအနေနဲ့ အချက်အလက်တွေသိမ်းဆည်းဖို့ နေရာတစ်နေရာသီးသန့်တည်ဆောင်စရာမလိုဘဲ တစ်နေရာထဲမှာ လုံလုံခြုံခြုံနဲ့ နည်းပညာအသုံးပြုပြီးတော့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.google.com/drive/

Cloud Storage တွေကိုအသုံးပြုရတာက အသုံးပြုသူတွေအတွက် အကျိုးရလာဒ်တွေရတယ်ဆိုပေမယ့် ကုမ္ပဏီတွေ၊ အဖွဲ့အစည်း တွေအတွက်ကတော့ သူတို့ရဲ့အချက်အလက်တွေ လုံခြုံအောင်တော့သေချာဂရုစိုက်ရပါတယ်။ Cloud Storage တွေကို အသုံးပြုမယ်ဆိုရင်တော့ အကျိုးရလာဒ်တွေအနေနဲ့ Cloud ကိုအသုံးပြုလိုက်တာနဲ့ သိမ်းဆည်းထားတဲ့ အချက်အလက် တွေက Cloud Provider မှာပဲ လုံခြုံမှုရှိအောင် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝန််ထမ်းတွေအနေနဲ့လည်း အခြားအလုပ်တွေကို ဦးစာပေးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ Cloud Storage ကိုအသုံးပြုခြင်းက အချက်အလက်သိမ်းဆည်းထားမှုနဲ့ လုပ်ငန်း ပြီးမြှောက်မှုတွေကို အချိန်ကုန်သက်သက်သာသာနဲ့ ပြီးဆုံးအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သိမ်းဆည်းမယ့် ပမာဏပေါ်မူတည်ပြီးတော့ အချက်အလက်တွေကို နာရီပိုင်းအတွင်း  Cloud ပေါ်တင်ပြီး သိမ်းဆည်းနိုင်မှာပါ။ ကုန်ကျစရိတ် အနေနဲ့ကတော့ အသုံးပြုသူဟာ ကိုယ်သုံးတဲ့ Storage ပမာဏပေါ်လိုက်ပြီးတော့ပဲ ကုန်ကျစရိတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ကုန်ကျစရိတ်တွေက အခြားအလုပ်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံတာ အခွန်ပေးဆောင်ရတာတွေထက် အများကြီးသက်သာစေမှာ လည်း ဖြစ်ပါတယ်။ သိမ်းဆည်းနိုင်တဲ့ပမာဏအနေနဲ့ကတော့ အသုံးပြသူသိမ်းဆည်းရင် သိမ်းဆည်းသလောက် ရမှာြဖစ်ပြီးတော့ ကန့်သတ်ထားတဲ့ပမာဏဆိုတာ မရှိပါဘူး။ Cloud မှာအချက်အလက်တွေကို သိမ်းဆည်းထားခြင်းအားဖြင့် သဘာဝဘေး အန္တရာယ်တစ်ခုခု ဒါမှမဟုတ် အချက်အလက်တွေ ပျက်စီးသွားတာကို ကာကွယ်နိုင်ပြီးတော့ အလုပ်ပြန်လည်လုပ်ကိုင်ဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Photo source https://products.office.com/en-us/onedrive/online-cloud-storage

Cloud Storage ကိုအသုံးပြုမယ်ဆိုရင်တော့ လုံခြုံရေးနဲ့ပက်သက်တဲ့ ပြဿနာတွေတော့ရှိတတ်ပါတယ်။ Cloud Storage ထောက်ပံ့ပေးတဲ့သူတွေက သူတို့ရဲ့Storage ကို ခေတ်မှီနည်းပညာတွေနဲ့ အချက်အလက်တွေ လုံလုံခြုံခြုံသိမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ထားကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ဖောက်ဖျက်ခံရမှုတွေဖြစ်ပွားပြီး အသုံးပြုသူတွေအတွက် အခက် တွေ့စေနိုင်ပါတယ်။ အများသုံးအင်တာနက်ကိုအသုံးပြုတဲ့အခါ ကွန်ပြူတာကနေ Cloud ပေါ်ကို အချက်အလက်ပေးပို့မှုက Traffic ဖြစ်ပြီးတော့ အချိန်နှောင့်နှေးနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက်လည်း Cloud ဝန်ဆောင်မှုကို အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက် Cloud သိုလှောင်မှု ၀ န်ဆောင်မှုအမျိုးမျိုးကိုရရှိနိုင်ပါတယ်။ လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ပြီး အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် ကိုယ်တိုင်မစီစဉ်ပေးနိုင်တဲ့အခါ Cloud Storage အသုံးပြုမှုက အထောက်အကူဖြစ်နိုင်ပြီးတော့ စီးပွားရေးအောင်မြင်လာတာနဲ့အမျှ ဆက်ပြီးတော့ တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ကုန်ထုတ်လုပ်မှု၊ ဘဏ်ဝန်ဆောင်မှဒ ဒါမှမဟုတ် တည်နေရာတွေနဲ့ အလုပ်လုပ်ရတဲ့လုပ်ငန်း တွေအတွက် အလုပ်လုပ်မယ်ဆိုရင်တော့ အချက်အလက်တွေကို gigabytes နဲ့လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုး အတွက် စိတ်ချရတဲ့ ဝန်ဆောင်မှုနဲ့ လက်တွဲအလုပ်လုပ်သင့်ပါတယ်။ Cloud Storage ကအထူးသဖြင့် အဖွဲ့အစည်းတွေရဲ့ အရေးကြီးအချက်အလက်တွေကို ပျက်စီးမှုအရှိအောင် ထိန်းသိမ်းပေးရတဲ့အတွက် တာဝန်လဲကြီးလှပါတယ်။ အချက်အလက်တွေကို ဆိုက်ဘာခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ နောက်ဆုံးပေါ်ခေတ်မှီနည်းလမ်းတွေနဲ့မှ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Cloud Storage ဝန်ဆောင်မှု အများစုမှာတော့ Access Control, user authentication နဲ့ data encryption စတဲ့ လုံခြုံရေးလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကလည်း အရေးကြီးလွန်းလှပါတယ်။

Photo source https://www.dropbox.com/h

အချက်အလက်တွေကို ကူးယူထားတာက အရေးကြီးပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် လူ့အမှားများကြောင့်ဒေတာများပျောက်ဆုံးသွားရင်လည်း စီးပွားရေးလုပ်ငန်းတွေက ပြန်လုပ်ကိုင်ဖို့အတွက် အချက်အလက်တွေကို လိုအပ်ပါတယ်။ Cloud-based အချက်အလက်သိမ်းဆည်းထားမှုနဲ့ ပြန်ရယူမှုတွေ စတဲ့ဝန်ဆောင်မှုတွေကြောင့် Cloud Storage တွေကို အသုံးများလာတာ ဖြစ်ပါတယ်။ Cloud Storage ဝန်ဆောင်မှုတွေရဲ့ Backup စနစ်တွေက စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်သက်သာစေပြီးတော့ အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို Backup အဖြစ်သိမ်းထားဖို့ တောင်းဆိုချက်တွေကို အချို့သုံးစွဲသူတွေကတော့ ဖယ်ထားပေမယ့် အရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်တိုင် Backup လုပ်စရာမလိုဘဲ အလိုအလျောက်သိမ်းဆည်းမှုတွေအတွက်ကိုတော့ နေ့အလိုက် လအလိုက် နာရီအလိုက် ရွေးချယ်ပြီးတော့ ဘယ်အချိန်မှာ အချက်အလက်တွေကို ကူးယူထားမယ်ဆိုပြီး သုံးစွဲသူကဆုံးဖြတ်ပေးနိုင်ပါတယ်။