အရောင်းဆိုင်များအတွက် ဖုန်းနှင့်အသုံးပြုနိုင်သော SAS Mobile POS Software

ဖုန်းတစ်လုံးလက်ဝယ်ရှိခြင်းဟာ ကွန်ပျူတာတစ်လုံးကဲ့သို့ များစွာအသုံးဝင်လှပါတယ်။ ဖုန်းပြောဆိုခြင်းတစ်ခုတည်းသာမ ဟုတ်ဘဲ အခြားမိမိနှစ်သက်ရာ Software တွေကိုထည့်သွင်းပြီး အသုံးပြုလို့ရတာကလည်း လူနေမှုအဆင့်အတန်းကို တစ်ထောင့်တစ်နေရာက မြှင့်တင်လိုက်ခြင်းလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း မိမိဝါသနာပါရာကဏ္ဍကို အသုံးပြု နိုင်ဖို့အတွက် Application တွေထည့်သွင်းအသုံးပြုကြသလို လုပ်ငန်းခွင်နဲ့ပတ်သက်ဆက်နွှယ်နေတဲ့ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက်လည်း အသုံးပြုလာကြပါပြီ။
အရောင်းဆိုင်တွေဖွင့်လှစ်ထားတဲ့သူအတွက်တော့ ငွေကြေးဆိုင်ရာတွေရဲ့ အရှုှုံးအမြတ်၊ ဝင်ငွေထွက်ငွေကို စနစ်တကျကိုင် တွယ်မှလည်း လုပ်ငန်းဖြစ်ထွန်းအောင်မြင်ကြမှာပါ။ စာရင်းပိုင်းဆိုင်ရာတွေကို လွယ်ကူမြန်ဆန်စွာအသုံးပြုနိုင်ဖို့ စာရင်းကိုင် Software တွေကို လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်းပြီး ထိရောက်စွာသုံးစွဲနိုင်လာနေကြပြီလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/SASMobilePos/

SAS Mobile POS ကတော့ အရောင်းဆိုင်များအတွက် မိမိတို့ကုန်ပစ္စည်းအခြေအနေ၊ ငွေကြေးအခြေအနေတို့ကို အချိန်ကုန်သက်သာစွာဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် ရေးဆွဲထားသော Mobile App ဖြစ်သည်။ Mobile ဖုန်းတစ်ခုရှိရုံဖြင့် လုပ်ငန်းတစ်ခုလုံး ကို ထိန်းချုပ်နိုင်စီမံခန့်ခွဲနိုင်ပါသည်။
လုပ်ဆောင်ချက်များအနေဖြင့် အဝယ်စာရင်း၊ အရောင်းစာရင်း၊ ကုန်စည်လက်ကျန်စာရင်း၊ အကြွေးစာရင်း၊ ပေးသွင်း/ လက် ခံငွေစာရင်း၊ ကုန်ကျစရိတ်စာရင်း၊ လစဉ်အစီရင်ခံစာ၊ နေ့စဉ်အစီရင်ခံစာ၊ လအလိုက် အရှုံးအမြတ်စာရင်း၊ ရက်အလိုက် အရှုံးအမြတ်စာရင်း စသည့်လုပ်ဆောင်ချက်များနှင့် အခြား Feature များစွာပါဝင်ပါတယ်။
အဝယ်စာရင်း၊ အရောင်းစားရင်းများအနေဖြင့် နေ့စဉ်အဝယ်စာရင်းကြည့်လို့ရသလို ရက်/လ/နှစ်အလိုက် filter လုပ်ပြီးကြည့်နိုင်ပါတယ်။ အကြွေးစာရင်းကိုလည်း (voucher/receipt/supplier/customer အလိုက် ရရန်ရှိ/ပေးရန်ရှိ) စသ ဖြင့်ကြည့်ရှုနိုင်ပြီး ပေးသွင်း/လက်ခံငွေစာရင်း(supplier/customer အလိုက် ပေးသွင်းငွေ/လက်ခံငွေ) များကိုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/SASMobilePos/

ကုန်ကျစရိတ်စာရင်းကိုလည်း (သယ်ယူစရိတ်၊ဝန်ထမ်းစရိတ်၊ဆိုင်ခန်းစရိတ်စသည်ဖြင့်) ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်လအတွင်း ရောင်းရငွေ၊ဝယ်ယူငွေ၊ကုန်ကျစရိတ်၊ လစဉ်အစီရင်ခံစာ ကိုလည်းကြည့်ရှုနိုင်ပါတယ်။နေ့စဉ်အစီရင်ခံစာအနေဖြင့် (နေ့စဉ် ရောင်းရငွေ၊ဝယ်ယူငွေ၊ကုန်ကျစရိတ်၊ရရန်ရှိ၊ပေးရန်ရှိ စသည်များ)
လအလိုက် အရှုံးအမြတ်စာရင်း(လအလိုက်အကြမ်းအမြတ်၊လအလိုက်အသားတင်အမြတ် စသည်ဖြင့်) ရက်အလိုက် အရှုံး အမြတ်စာရင်း(ရက်အလိုက်အကြမ်းအမြတ်၊ရက်အလိုက်အသားတင်အမြတ်)ကြည့်ရှုနိုင်ပြီး အခြား feature များအနေနဲ့ ရောင်းဈေး/ဝယ်ဈေး နဲ့ကုန်စည်ရဲ့အချက်အလက်တွေကို အလွယ်တကူကြည့်နိုင်ပါတယ်။ ကုန်စည်အလိုက်သိမ်း ဆည်းသည့် ဂိုဒေါင်/တည်နေရာ စတာတွေကို လျင်မြန်လွယ်ကူစွာ ရိုက်ရှာကြည့်နိုင်ပြီး Barcode စနစ်ပါရှိသည့်အတွက် မြန်မြန်ဆန်ဆန် ရောင်းချနိုင်ပါတယ်။ ဒါ့အပြင် Data တွေကို backup လုပ်ထား လို့လည်းရပါတယ်။

Photo Source – https://www.facebook.com/SASMobilePos/

SAS Mobile POS ဆော့ဖ်ဝဲကို စတိုးဆိုင်များ၊ ဖုန်းအရောင်းဆိုင်များ၊ ဖုန်းအပိုပစ္စည်းဆိုင်၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ ကားအပိုပစ္စည်းဆိုင်၊ အင်္ကျီဆိုင်၊ ဖိနပ်ဆိုင်နဲ့အခြားပုံစံတူအရောင်းအဝယ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့်ငါးသောင်းကျပ်ကျသင့်မည်ဖြစ်ပြီး Lifetime သုံးနိုင်ပါတယ်။ ဘာသာစကားအားဖြင့်လည်း Zawgyi နဲ့ Unicode နှစ်မျိုးစလုံးထည့်သွင်းထားတဲ့အတွက် မိမိအဆင်ပြေမည့် Font ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ လစဉ်ကြေးနှစ်စဉ် ကြေးပေးသွင်းစရာမလိုပဲ တစ်ခါဝယ်ထားရုံဖြင့်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
ဖုန်းနံပါတ် 09262700006 ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်သလို အောက်ပါ Link မှလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/SASMobilePos/