မကြာခင်ထွက်ရှိလာတော့မည့် League of Legends: Wild Rift MOBA Game

League of Legends(LOL) လို့ပြောလိုက်တာနဲ ဂိမ်းကစားရတာကို သဘောကျတဲ့သူတိုင်းလိုလို သိပြီးသားဖြစ်မှာပါ။ Gaming လောကမှာ နာမည်ရထားပြီး စတင်ထုတ်လုပ်တဲ့ ၂၀၀၉ ခုနှစ်ကနေ အခုအချိန်အထိ လူကြိုက်များ အောင်မြင်နေတဲ့ဂိမ်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။ League of Legends (LOL) ဆိုတာကတော့ Multiplayer Online Battle Arena (MOBA) ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ Riot Games ကနေ ထုတ်လုပ် ဖြန့်ချီထားတဲ့ PC Game တစ်မျိုးပဲ ဖြစ်ပါတယ်။

Photo source https://www.facebook.com/PlayWildRift/

League of Legends မှာပါဝင်တဲ့ Hero Character တွေကို ဝယ်စရာမလိုဘဲ Free To Play ဆော့ကစားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် League of Legends ရဲ့ သူမတူတဲ့ Gaming Experiences တွေနဲ့ အားလုံးသဘောကျတဲ့ Pay to Win ဂိမ်းတစ်ခုမဟုတ်တဲ့ အချက်တွေကြောင့် လူကြိုက်များတာလည်း ဖြစ်ပါတယ်။ Performance မြင့်တဲ့ ဖုန်းတွေ ခေတ်စားလာပြီးတဲ့ နောက်မှာတော့ Mobile Esports ကဏ္ဍကလည်း တဖြည်းဖြည်း ခေတ်စားလာခဲ့ပါပြီ။ Mobile Esport Tournament တွေကိုလည်း တဖြည်းဖြည်း ပြုလုပ်လာခဲ့ကြပြီး PUBG လို PC ဂိမ်းတွေ ဟာလည်း Mobile Version ကိုပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ Riot Games အနေနဲ့ကလည်း Mobile နဲ့ Console အတွက် League of Legends: Wild Rift အဖြစ်ထွက်ရှိလာမယ်လို့ 2019 ခုနှစ် အောက်တိုဘာလက ကြော်ငြာခဲ့ပြီးလည်း ဖြစ်ပါတယ်။  Hero Character တွေကတော့ အကောင့် ၄၀ ထိပါဝင်မှာဖြစ်ပြီး နောက်ပိုင်းတွေမှာ ဆက်ထည့်သွင်းပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Photo source https://wildrift.leagueoflegends.com/en-gb/

အခုဆိုရင် Riot Games အနေနဲ့ Mobile Version အတွက်ထုတ်ပြန်ခဲ့တာ လအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ Riot Games အနေနဲ့ League of Legends PC Version နဲ့တူညီတဲ့တဲ့ Gaming Experience မျိုးတွေပေးနိုင်မယ်လို့ ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေမှာဆော့ကစားလို့ ကိုက်ညီမယ့် ပွဲကြာမြင့်ချိန်တွေကို ချိန်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ PC အတွက်ကိုတော့ အချိန်ကြာမြင့်စွာကစားနိုင်ပေမယ့် ဖုန်းအတွက်ကတော့ အချိန် ၁၅ မိနစ်ကနေ မိနစ် ၂၀ သတ်မှတ်ထားပေးမှာ ဖြစ်ပါတယ်။ Tourchscreen စနစ်ကိုပြောင်းလဲမှာ ဖြစ်တဲ့အတွက် မြေပုံကိုလည်း ပြန်လည် Adjust ပြုလုပ်ပေးထားမှာပါ။

အခုလက်ရှိမှာတော့ League of Legends: Wild Rift ရဲ့ Beta Version ကိုတရုတ်နိုင်ငံမှာ စတင်နေပြီလို့ သိရပါတယ်။ သုံးစွဲသူ ရုတ်တရက်များပြီး Server တွေထိခိုက်မယ့် ပြဿနာကိုဖြေရှင်းဖို့အတွက် Wild Rift ကို ဒေသတစ်ခုချင်းစီအလိုက် စတင် ထုတ်ပြန်ပေးမယ်လို့ ခန့်မှန်းရမိပါတယ်။ Global Version ကိုလည်း ဒီနှစ်မကုန်ခင်မှာ စတင်ဆော့ကစားနိုင်မယ်လို့ မျှော်လင့် ရပါတယ်။

Photo source https://wildrift.leagueoflegends.com/en-gb/

Wild Rift ရဲ့ Twitter account ကနေလည်း ဂိမ်းကိုစောင့်နေတဲ့သူတွေကများပြားနေတဲ့အတွက် တရားဝင်မဟုတ်တဲ့ Link တွေကနေ ဒေါင်းလုပ်ဆွဲတာတွေ အမှားတွေကိုလည်း Download မဆွဲမိကြဖို့ သတိပေးထားပါသေးတယ်။ Pre-registration ကိုတော့ အခုလက်ရှိမှာ Android User တွေကပဲ ပြုနိုင်လုပ်ဦးမှာ ဖြစ်ပြီးတော့ iOS အတွက် ထုတ်ပြန်မယ့်ရက်ကိုတော့ မသိရသေးပါဘူး။ Game နဲ့ပက်သက်တဲ့ နောက်ဆုံး Update တွေကို သိရဖို့အတွက် League of Legend ရဲ့ Official Website https://wildrift.leagueoflegends.com/en-us/ မှာလည်း Sign Up လုပ်ထားလို့ရပါတယ်။ Pre-register လုပ်ထားသူတွေအနေနဲ့ မလုပ်ထားသူတွေထက် ကစားခွင့်ကြိုရရှိနေမှာြဖစ်ပြီးတော့ Beta Version ကာလမှာလည်း Developer တွေကို Feedback တွေပြန်ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

Developer တွေအနေနဲ့ Low-end စမတ်ဖုန်းတွေအထိ ဆော့ကစားနိုင်အောင် ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Android အသုံးပြုသူတွေအနေနဲ့ Anreno 306 GPU ဒါမှမဟုတ် Qualcomm Snapdragon 410 ရှိပြီး အနိမ့်ဆုံး 1GB RAM ရှိတဲ့ စမတ်ဖုန်းတစ်လုံးရှိတာနဲ့တင် ကစားနိုင်မှာဖြစ်ပါတယ်။ Apple အသုံးပြုသူတွေအနေနဲ့ကတော့ iPhone 5s နဲ့အထက်ဖုန်းတွေမှာ Wild Rift ကိုဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

League of Legends: Wild Rift ရဲ့ တရားဝင် Facebook Page https://www.facebook.com/PlayWildRift/ မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။