Mytel Mobile Legends Myanmar COVID-19 Charity Championship အမှတ်ပေးပြိုင်ပွဲ

Mytel မှ ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ ဧပြီလ ၈ ရက်နေ့အထိ Mobile Legends Myanmar COVID-19 Charity Tournament ကို တာဝန်ယူ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှတစ်ဆင့် COVID-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီကို ကန်ဒေါလာ ၁၀,၀၀၀ လှူဒါန်းမည်လည်း ဖြစ်သည်။ Mytel အနေဖြင့် ပြိုင်ပွဲ မှတစ်ဆင့် eSports အသိုင်းအဝိုင်းသည် COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းများကို တစ်တပ်တစ်အား ထောက်ခံအားပေးလျက်ရှိကြောင်းကို ပြသနိုင်ရန် ရည်ရွယ်ပါသည်။

Photo source https://escharts.com/

Mobile Legends Myanmar COVID-19 Charity Tournament ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအဖြစ် Burmese Ghouls, Onic PH, Yangon Galacticos, Ourworld, Claw Esprots, Team SMG, Impunity, နှင့် Ream Reselection အစရှိသော ထိပ်တန်း Mobile Legends Professional အသင်း (၈) သင်းကို ပါဝင်ယှဉ်ပြိုင်ရန် ကမ်းလှမ်းခဲ့ပါသည်။ ပြိုင်ပွဲဝင် အသင်း (၈) သင်းအနက် Team SMG နှင့် Onic PH တို့မှာ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံမှ အသင်းများဖြစ်ကြပါသည်။ ပြိုင်ပွဲနောက်ဆုံးရလာဒ်အနေဖြင့် Onic PH အသင်းမှ ချန်ပီယံဆု၊ Burmese Ghouls အသင်းမှ ဒုတိယဆုနှင့်  Yangon Galacticos မှ တတိယဆုတို့ရရှိခဲ့ကြပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက “Mytel က ဒီလို ဖျော်ဖြေရေး platform ပေါ်က ပြိုင်ပွဲမျိုး ကျင်းပပြီးတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက eSports အသိုင်းအဝိုင်းကသူတွေကလည်း ဒီ Covid 19 တားဆီး ကာကွယ်ကုသရေးလုပ်ငန်းမှာ ရှေ့တန်းက ဦးဆောင်နေတဲ့ သူတွေကို အားပေးနေတယ်ဆိုတာ ဖော်ပြလို့ရမဲ့ နေရာတစ်ခုအနေနဲ့ အသုံးချဖို့ ရည်ရွယ်ပြီး ဒီပွဲကို လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။  Mytel Myanmar Covid-19 Charity Tournament ပြိုင်ပွဲမှာ ထိပ်တန်း Professional အသင်း (၈) သင်းက နိုင်ငံတကာ eSports အသိုင်းအဝိုင်းကို ကိုယ်စားပြုပေးပြီး ဒီလိုပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိပါတယ်။ နောက်ရည်ရွယ်ချက် တစ်ခုကတော့ eSports အသိုင်းအဝိုင်းတစ်ခုလုံးနဲ့အတူ Mytel က တားဆီးကာကွယ် ကုသရေး လုပ်ငန်းမှာ ရှေ့တန်းက အပင်ပန်းခံပြီး ဦးဆောင်နေတဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ပြသလိုတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် Mytel က ဒီလိုပြိုင်ပွဲမျိုးမှာ ၁၀,၀၀၀ USD ပါဝင်လှူဒါန်းပြီး အခုလို ကမ္ဘာလုံးဆိုင်ရာ ရောဂါတိုက်ဖျက်ရေး ကို တစ်ထောင့်တစ်နေရာက ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်။ အားလုံးလည်း အန္တရာယ်ကင်းစွာနဲ့ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ အစီအမံတွေကိုလည်း အလေးအနက်ထားပြီး ဆောင်ရွက် နေပါမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့အပြင် ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးစားနေကြတဲ့ သူရဲကောင်းတွေ အားလုံးကို အကောင်းဆုံး ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Photo source https://mytel.com.mm/

၇ ရက်တာပြိုင်ခဲ့ကြသည့် အုပ်စုပွဲစဉ်အပြီးတွင် Yangon Galacticos, Claw Esports, Onic PH, နှင့် Burmese Ghouls တို့သည် ပြိုင်ဘက်အသင်းများကို အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဤပြိုင်ပွဲကို social media မှ ကြည့်ရှုသူပေါင်း ၃၀၀,၀၀၀ ကျော်၏ စိတ်ဝင်တစားစောင့်ကြည့်မှုကိုရရှိခဲ့ပြီး ပွဲစဉ်တစ်ခုစီတိုင်းတွင် တပြိုင်တည်းကြည့်ရှုသူစုစုပေါင်း ၄၈,၀၀၀ အထိရှိခဲ့သည်။

ဤပြိုင်ပွဲသည် ယခုလက်ရှိရင်ဆိုင်နေရသော Covid 19 ကပ်ရောဂါကြောင့်ဖြစ်လာရသော အခက်အခဲများကို ကျော်လွှားရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အစိုးရနှင့် သုံးစွဲသူများ အဆင်ပြေ ချောမွေ့စွာ ပါဝင်လုပ်ဆောင်နိုင်စေရန် တစ်ဘက်တစ်လမ်းမှ ကူညီပံ့ပိုးပေးမည်ဟူသော ရည်ရွယ်ဖြင့်  Mytel မှ ပြုလုပ်လျက်ရှိသော #TogetherWeFightCovid19 ကမ်ပိန်း၏ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ မကြာသေးမီက မိတ်ဆက်ပေးခဲ့ သော ငွေဖြည့်သွင်းမှုတိုင်းအတွက် ၅၀% အပိုဆု နှင့် ဒေတာအစီအစဉ် ဝယ်ယူမှုတိုင်းအတွက် ၂၀၀% အပိုဆု ရနိုင်မည့် နှစ်ဆတိုးအပိုလက်ဆောင်အစီအစဉ်၊ “111” သို့ “CV19” ဟု စာတိုပေးပို့ခြင်းဖြင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လှူဒါန်းပံ့ပိုးနိုင်မည့် အစီအစဉ်တို့သည်လည်း  ဤကမ်ပိန်းမှ ပေးအပ် နေသော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။

Photo Source  https://mytel.com.mm/

ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို Mytel အနေဖြင့် ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန်၊ ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်း၌ မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးနှင့် အင်တာနက်ထောက်ပံ့မှုများကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည်ဖြစ်ပါသည်။  ထို့အပြင် မြန်မာပြည်သူတို့ အဆင်ပြေစွာ သုံးစွဲနိုင်မည့် ဆန်းသစ်တီထွင်ထားသော ဝန်ဆောင်မှုများကို ဆက်လက်ဖန်တီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။