၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ KBZPay App ကိုအသုံးပြု၍ ငွေကျပ်လှူဒါန်းမှုသည် ငွေကျပ် ၆၇ ဒသမ ၈ သန်းကျော်ရှိလာ

မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay အသုံးပြုသူများသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ အထိ KBZPay အက်ပလီကေးရှင်းအတွင်းရှိ အလှူဒါနလုပ်ဆောင်ချက်ကို အသုံးပြု၍ ပရဟိတအဖွဲ့အစည်း ၇ ဖွဲ့သို့ အလှူငွေစုစုပေါင်စ ငွေကျပ် ၆၇ ဒဿမ ၈ သန်းကျော်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
KBZPay အသုံးပြုသူများသည် ရွေးချယ်စုစည်းပေးထားသည့် ပရဟိတအဖွဲ့စာရင်းရှိ အဖွဲ့အစည်း ၇ ခုဖြစ်သော ရှမ်းပြည် နယ်ဗုဒ္ဓတက္ကသိုလ်၊ မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်း၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံနှင့်ဇီဝိတဒါနအသင်း၊ YCDC ကလေးပြုစုစောင့်ရှောက်ရေးရိပ်သာ၊ ခေမာရာမသီလရှင်သင်ပညာရေး(ပရဟိတကျောင်း)၊ Save The Aged ဘိုးဘွားရိပ်သာနှင့် We Love Yangon စသည့်အဖွဲ့များအတွင်း မိမိလှူဒါန်းလိုသော အဖွဲ့အစည်းအား ရွေးချယ်လှူဒါန်းနိုင် ကြောင်းသိရသည်။

Photo Source http://www.facebook.com/KBZPay

KBZPay အသုံးပြုသူများ၏ ပါဝင်လှူဒါန်းမှုများကြောင့် အထူးသဖြင့် ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အဆိုပါ ပရဟိတအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ရေရှည်ဆက်လက်လုပ်ကိုင်နိုင်ရန် များစွာအထောက် အပံ့ဖြစ်စေခဲ့သည်။ အဆိုပါအဖွဲ့အစည်းများမှာ ကြည့်ရှုစောင့်ရှောက်မည့်သူမရှိဘဲ တစ်ကိုယ်တည်းရုန်းကန်လှှုပ်ရှားနေရသူ များ၊ အစားအသောက်နှင့်အထောက်အပံ့လိုအပ်နေသူများအတွက် ကူညီပံ့ပိုးပေးနေသည့်အပြင် အခမဲ့ကျန်းမာရေးဝန် ဆောင်မှုများပေးအပ်ခြင်း၊ ခိုကိုးရာမဲ့ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်းတို့အပါအဝင် ရှေ့ တန်းတွင် ဝင်ရောက်လိုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများစွမ်းဆောင်ရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လို အပ်သည့်နေရာများတွင် ပါဝင်ကူညီပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ပရဟိတအဖွဲ့အစည်း ၇ ဖွဲ့တွင် တစ်ခုအပါအဝင်ဖြစ်သော We Love Yangon သည် COVID-19 ကြောင့် အခက် အခဲများနှင့်ရင်ဆိုင်နေကြရသော ရန်ကုန်မြို့နေပြည်သူလူထုအား အဆင်ပြေချောမွေ့စေရန် လိုအပ်သည်များကို ပံ့ပိုးထောက်ပံ့နေသော ရန်ကုန်အခြေစိုက်၊ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည်။ KBZPay မှ We Love Yangon COVID-19 Fund အား ဧပြီလအစပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး ခုနှစ်ရက်အတွင်း KBZPay အသုံးပြုသူများမှ စုစုပေါင်းငွေကျပ် ၅ သန်းကျော်ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ ယနေ့အချိန်အထိ We Love Yangon ရန်ပုံငွေအတွက် လှူဒါန်းမှုပေါင်း ၅၇၃၁ ကျော်မှ စုစုပေါင်း ငွေကျပ်သန်း ၄၂ သန်းကျော်အထိ လှူဒါန်းခဲ့ပြီးဖြစ်သည်။

Photo Source http://www.facebook.com/KBZPay

စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် We Love Yangon အဖွဲ့အား ၂၀၂၀ ခုနှစ် မတ်လတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့၏ အားပေးကူညီမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဒေါ်သန်း မြင့်အောင်မှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ မကြာသေးခင် ရက်သတ္တပတ်အတွင်း We Love Yangon လူထု အခြေပြု ပရဟိတအဖွဲ့သည် မြန်မာနိုင်ငံအတွင်း လူနေထူထပ်မှုအများဆုံးမြို့များရှိ လူစည်ကားသည့်နေရာများတွင် လက် ဆေးဘေစင်များတပ်ဆင်ခြင်း၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနှင့်ကိုယ်အပူချိန်တိုင်းကိရိယာများမျှဝေခြင်း၊ တစ်ကိုယ်ရေ သုံး ကာကွယ်ရေးပစ္စည်း(PPE) များပေးအပ်လှူဒါန်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဈေးများ၊ ကျောင်းများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ဆေးရုံသုံးကိရိယာများဝယ်ယူလှူဒါန်းခြင်း၊ လူထုပညာပေးအစီအစဉ် များဆောင်ရွက်ခြင်းနှင့် ရန်ကုန်မြို့နေပြည်သူလူထုအား အခြေခံစားသောက်ကုန်များကို မူရင်းဈေးဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။
We Love Yangon အား ထပ်မံကူညီပံ့ပိုးသည့်အနေဖြင့် ကမ္ဘောဇဘဏ်မှ အထူးအကောင့် (Merchant account) တစ်ခုဖွင့် လှစ်ပေးထားပြီး KBZPay မှတစ်ဆင့် ကောက်ခံရရှိထားသော အလှူငွေများကို လိုအပ်သည့်အချိန်တွင် အလွယ်တကူထုတ် ယူနိုင်ရန် သီးသန့်ကူညီဆောင်ရွက်ပေးမည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ထားရှိပေးထားသည်။ ယခုကဲ့သို့ ပံ့ပိုးမှုများကြောင့် We Love Yangon အဖွဲ့အစည်းအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့်လိုအပ်သည့် ပစ္စည်းများကို ထိရောက်စွာ ဝယ်ယူစုဆောင်းနိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။
“KBZPay က လှူဒါန်းတဲ့လုပ်ငန်းစဉ်ကို ပိုပြီးမြန်ဆန်သွားစေပါတယ်။ ပြီးတော့ လှူဒါန်းလိုသူများကလည်း မိမိနေအိမ်မှာ ဘေးကင်းလုံခြုံစွာနေရင်း အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့သူတွေကို KBZPay ကနေတစ်ဆင့် ပံ့ပိုးကူညီပေးနိုင်ပါ တယ်။ အခုလိုပါဝင်လှူဒါန်းခဲ့ကြတဲ့ KBZPay အသုံးပြုသူတွေနဲ့ အားလုံးအဆင်ပြေချောမွေ့အောင် ကူညီပေးခဲ့ကြတဲ့ KBZPay အဖွဲ့သားတွေကို We Love Yangon ကိုယ်စားအထူးကျေးဇူးတင်ရှိပါတယ်။ ရန်ကုန်မြို့နေပြည်သူလူထုကို ပံ့ပိုးကူ ညီဖို့အတွက် ကျွန်တော်တို့အဖွဲ့က အစွမ်းကုန်ဆက်လက်လုပ်ဆောင်သွားမှာပါ။ အားလုံးပဲ အားတင်းထားပြီး လက်ရှိဖြစ် ပွားနေတဲ့ အခြေအနေကနေ ကျော်လွှားနိုင်ဖို့ အတူတူလက်တွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု We Love Yangon ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုအရည်ကြိုက ပြောကြားသည်။

Photo Source http://www.facebook.com/KBZPay

ဒီကာလမှာ လိုအပ်မှုအရှိဆုံး လူမှုအသိုင်းအဝိုင်းအတွက် ကျွန်မတို့အားလုံး အတူလက်တွဲပြီး ပံ့ပိုးကူညီကြဖို့ လိုပါတယ်။ ဒီလိုကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ လိုအပ်နေသူတွေကို အကူအညီပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အထောက်အပံ့ဖြစ်စေဖို့ ပရဟိတအဖွဲ့အစည်းတွေက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြတာပါ။ မြန်မာနိုင် ငံတစ်ဝန်းအသုံးပြုသူ ၅ သန်းရှိနေပြီဖြစ်တဲ့ KBZPay အနေနဲ့ စုပေါင်းလှူဒါန်းမှုတွေပိုပြီး လုပ်နိုင်အောင် တိုက်တွန်းနှိုးဆော် ရင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှူဒါန်းမှုတွေပြုလုပ်နိုင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမှာပါ”ဟု ကမ္ဘောဇဘဏ်၏ ဒုတိ ယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက ပြောကြားသည်။
KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး ပရဟိတအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပံ့ပိုးကူညီလိုပါက အက်ပလီကေး ရှင်းအတွင်းရှိ အလှူဒါန လုပ်ဆောင်ချက်ကို ဝင်ရောက်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မိမိလှူဒါန်းလိုသည့် အဖွဲ့အစည်းကို ရွေးချယ်၍ လှူဒါန်းမည်ကို နိုပ်ရမည်ဖြစ်သည်။ ထို့နောက်လှူဒါန်းလိုသည့် ပစ္စည်း(သို့မဟုတ်) အလှူငွေပမာဏကို ရွေးချယ် ပြီးလှူဒါန်းရမည်ဖြစ်သည်။
အသေးစိတ်ပိုပိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/KBZPay