Ooredoo မှ ယခင်နှစ်ပထမသုံးလပတ်တွင် သုံးစွဲသူ ၄၃ ရာခိုင်နှုန်းနှင့် ဝင်ငွေ ၉ ရာခိုင်နှုန်း တိုးတက်မှုရရှိ

အူရီဒူးမြန်မာသည် ၂၀၂၀ ခုနှစ် ပထမသုံးလပတ်နှင့် ပြီးခဲ့သောနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက သုံးစွဲသူ ၄၃ ရာခိုင်နှုန်း နှင့်ဝင်ငွေ ၉ ရာခိုင်နှုန်းတိုးတက်မှုရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အူရီဒူးမှ တစ်နှစ်ထက်တစ်နှစ်နှိုင်းယှဉ်ထားသော ဝင်ငွေကာတာရီရယ်(QAR) ၇ ဒဿမ ၃ ဘီလီယံဝင်ငွေတိုး တက်မှုနှုန်း၏ ၁ ရာခိုင်နှုန်း ရှိကြောင်းကိုထုတ်ပြန်ကြေညာခဲ့ပြီး တိုးတက်မှုပိုမိုရရှိနိုင်သောအင်ဒိုနီးရှား၊ တူနီးရှား၊ မြန်မာနှင့် အခြားဈေး ကွက်များတွင် COVID-19 ကပ်ရောဂါကြောင့် တိုးတက်မှုအားအဟန့်အတားအဖြစ် သက်ရောက်မှုများရှိခဲ့သည့်အပြင် ဟန်းဆက်ရောင်းချမှုများလျော့ကျခြင်းနှင့် အခြားသောဈေးကွက်များတွင် စီးပွားရေးဈေးကွက်၏အနေအထားကြောင့် ဖြစ် ပေါ်လာသောအားနည်းချက်များကလည်း သက်ရောက်မှုများရှိခဲ့ကြောင်းသိရသည်။
စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ချခြင်း၊ မူပိုင်ခွင့်နှုန်းထားများမနှုတ်ယူခင်အမြတ်ငွေ – EBITDA) မှာတစ်နှစ် ထက်တစ်နှစ် နှိုင်းယှဉ်မှုအရ ၅ ရာခိုင်နှုန်း ကာတာရီရယ် ၃ ဘီလီယံ ကျဆင်းသွားခဲ့ခြင်းသည်။ အယ်လ်ဂျီးရီးယား၊ ကာတာ၊ ကူဝိတ်နှင့်အိုမန် စသည့်ဒေသများရှိဈေးကွက်များတွင် စိန်ခေါ်မှုများရှိနေပြီးအခြားသောဒေသများတွင်လည်း COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကြောင့်လည်းယခုကဲ့သို့ သက်ရောက်မှုကိုဖြစ်ပေါ်စေခဲ့ပါသည်။ အူရီဒူးအုပ်စု၏ အသားတင်အမြတ် ငွေသည် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါကအူရီဒူး၏ ရှယ်ယာရှင်များအတွက် ၂၀၂၀ ပထမသုံးလပတ်တွင် ၈ ရာခိုင်နှုန်း ကာတာရီရယ် ၃၈၇ သန်းကျဆင်းခဲ့ပါသည်။ EBITDA လျှော့ကျခြင်းကြောင့် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါကနိုင်ငံခြားငွေလဲလှယ်နှုန်းပတ်ဝန်းကျင်အတွက် အသာစီးပေးမှုကိုတစ်စိတ်တစ်ပိုင်းခုနှိမ်ပေးရာရောက်ခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

ဒေတာကိုဦးဆောင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းလဲဖော်ဆောင်ခြင်းလုပ်ဆောင်ချက်များကြောင့် ဒေတာအသုံးပြုခြင်းမှ ရရှိသည့်ဝင်ငွေသည် စုစုပေါင်းဝင်ငွေ၏ ၅၀ ရာခိုင်နှုန်း ကျော်ရှိသည်ကိုတွက်ချက်ရရှိခဲ့သည်။
အဆိုပါကာလအတွင်းထူးခြားမှုများတွင် ခေါင်းဆောင်အဖွဲ့အပြောင်းအလဲပါဝင်ပြီးအူရီဒူးအုပ်စု၏ အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ ဥက္ကဌအဖြစ် Sheikh Faisal Bin Thani Al Thani ကိုခန့်အပ်ခဲ့ခြင်း၊ Sheikh Mohammed Bin Abdulla Al Thani အားအူရီဒူးအုပ်စု၏ Deputy Group Chief Executive Officer အဖြစ်နှင့် အူရီဒူးကာတာ၏ Acting Chief Executive Officer အဖြစ်ခန့်အပ်ခြင်း၊ Fadi Kawar အားအူရီဒူးကူဝိတ်၏ Acting Chief Executive Officer အဖြစ်ခန့်အပ်ခြင်းနှင့် Bassam Yousef Al Ibrahim အား အူရီဒူးအယ်လ်ဂျီးရီးယား၏ ဒုတိယအထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။
COVID-19 ကပ်ရောဂါကာလအတွင်းတွင် အူရီဒူးသည် ဝန်ထမ်းများနှင့် ဝန်ဆောင်မှုအသုံးပြုသူများ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကာကွယ်မှုများစွာကိုလုပ်ဆောင်ပေးခဲ့သည့် အပြင် လူမှုပတ်ဝန်းကျင်ကိုပံ့ပိုးကူညီရန် လုပ်ဆောင်ချက်များစွာကိုမိတ်ဆက်ဖော်ဆောင်ပေးခဲ့သည်။
“တစ်ကမ္ဘာလုံးအနေနဲ့ အစဉ်အလာမရှိခဲ့တဲ့ စိန်ခေါ်မှုတစ်ရပ်ကိုဖြတ်ကျော်နေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တဲ့ COVID-19ကို ကျွန်တော်တို့တတွေအတူတကွ ပူးပေါင်းဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍက အခြားကဏ္ဍ တွေထက် ပိုပြီးထိုးနှက်မှုကိုခုခံကာကွယ်နိုင်သလိုအပြောင်းအလဲကိုလည်းအလိုက်သင့် တွန်းလှန်ပြီးကြံ့ကြံ့ခံနိုင်စွမ်းအား ရှိပါတယ်။ ကမ္ဘာတလွှားမှာရှိတဲ့ အခြားဆက်သွယ်ရေးအော်ပရေတာတွေလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းလုပ်ဆောင် လည် ပတ်မှုအပိုင်းမှာ တချို့သောအနှုတ်လက္ခဏာဆောင်မှုတွေသက်ရောက်လာနိုင်တယ်ဆိုတာကို မျှော်လင့်တွက်ဆထား ပါတယ်။ ဒါပေမယ့် အူရီဒူးအုပ်စုမှာခိုင်မာတဲ့ ငွေလက်ကျန်ရှင်းတမ်းတစ်ခု၊ ပထဝီရေမြေအနေအထားကောင်းမွန်လှတဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအစုစုနဲ့ ကြိုတင်ငွေဖြည့်စနစ်၊ သုံးစွဲပြီးမှ ငွေပေးချေသည့်စနစ်၊ လုပ်ငန်းသုံးစတဲ့ ဝန်ဆောင်မှု အသုံးပြုသူပုံစံအမျိုးမျိုးရှိနေတဲ့အတွက်ကြောင့် အခုလိုစိန်ခေါ်နေတဲ့အချိန်ကာလတွေမှာမောင်းနှင်သွားလာနိုင်ဖို့ အားဖြည့် ကူညီပေးသွားနိုင်ပါတယ်” ဟု အူရီဒူး၏ ဥက္ကဌဖြစ်သူ Sheikh Faisal Bin Thani Al Thani က ပြောကြားခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

“၂၀၂၀ခုနှစ် ပထမသုံးလပတ်မှာအူရီဒူးအုပ်စုအနေနဲ့ ဝင်ငွေတိုးတက်လာပြီးရလဒ်ကောင်းတွေကိုဖော်ဆောင် ပေးနိုင်ခဲ့ပါ တယ်။ တိုးတက်လာမှုကတော့ ကျွန်တော်တို့ရဲ့ ဈေးကွက်ထဲမှာရှိတဲ့ နေရာအများစုမှာအောင်မြင်တဲ့ လုပ်ဆောင်ချက် တွေကိုအင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြတဲ့အတွက်ကြောင့်ဖြစ်ပြီးအင်ဒိုနီးရှားနဲ့ တူနီးရှားမှာဆိုရင် ဝင်ငွေ ၇ ရာခိုင်နှုန်း နဲ့ ၁၆ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ပါတယ်။ အူရီဒူးအင်ဒိုဆက်အနေနဲ့ မဟာဗျူဟာကိုအသစ်ပြောင်းလဲခဲ့ခြင်းနဲ့ အူရီဒူး တူနီးရှားအနေနဲ့ တန်ဖိုးဖန်တီးခြင်းအစီအစဉ်တို့ကိုလုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေခဲ့ တာဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့လည်းစီးပွားရေးတိုးတက်လာပါတယ်။ အူရီဒူးကာတာအနေနဲ့ ဝင်ငွေအများဆုံး ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၂၀ ပထမသုံးလပတ်အတွက် စုစုပေါင်းဝင်ငွေကာတာရီရယ် (QAR) ၁ ဒဿမ ၈ ဘီလီယံ ရရှိခဲ့ပါတယ်” ဟု အူရီဒူး၏ Group Chief Executive Officer ဖြစ်သူ Sheikh Saud bin Nasser Al Thani က ပြောကြား သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် အဆင့်မြင့် 4G ကွန်ရက်ကိုနိုငငံတဝန်းဖြန့်ကြက်ပေးခြင်းနှင့်အတူ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ရေးမဟာဗျူဟာကိုအဓိကထားဆက်လက်လုပ်ဆောင်လျက် ရှိနေသည်။ 4G ကွန်ရက်ကို ပိုမိုဖြန့်ကြက် ပေးနိုင်စေရန် လုပ်ဆောင်ခြင်းကြောင့် အူရီဒူးမြန်မာ၏ 4G LTE TURBO ကွန်ရက်သည် ၉၀၀ MHz လှိုင်းစဉ်ကို အသုံးပြုပြီးမြန်မာနိုင်ငံ၏ လူဦးရေအများဆုံးကို လွှမ်းခြုံပေးနိုင်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ၂၀၂၀ ခုနှစ် ပထမသုံးလ ပတ်တွင် အူရီဒူးအသုံးပြုသူ ၁၅ ဒဿမ ၆ သန်းအထိ ရှိလာခဲ့သဖြင့် သုံးစွဲသူ ၄၃ ရာခိုင်နှုန်း အထိ တိုးတက်များပြား လာခဲ့သောကြောင့် သုံးစွဲသူသိသာထင်ရှားစွာများပြားလာသောကာလအဖြစ် မှတ်တမ်းတစ်ခုကိုပြသနိုင်ခဲ့သည်။ အူရီဒူးမြန် မာမှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်တွင် ဝင်ငွေကာတာရီရယ် (QAR) ၂၈၄ သန်းရရှိသည်ဟုအစီရင်ခံခဲ့ပြီး ပြီးခဲ့သည့်နှစ် ယခုကာလနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း အထိတိုးတက်လာခဲ့ခြင်းသည် အဆိုပါကာလအတွင်းဒေတာ အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၁၉ ပထမသုံးလပတ်တွင်ရရှိသော အမြတ်ငွေကာတာရီရယ် ၅၉ သန်းနှင့် နှိုင်းယှဉ်ပါကယခုနှစ်တွင် ကာတာရီရယ် သန်း ၅၀ ရရှိခဲ့သဖြင့် အမြတ်ငွေ (EBITDA) ကျဆင်းခဲ့ခြင်းသည် သုံးစွဲသူများကိုရယူသည့်စရိတ်များလာခြင်းကြောင့် အမြတ်အစွန်းပမာဏကျုံ့သွားခြင်းဖြစ်ပါသည်။ အူရီဒူး“Supernet Wireless” ၏ Fixed Wireless Broadband ဝန်ဆောင်မှုသည် အသုံးပြုသူများများပြားလာသည်သာမကဘဲ ဝင်ငွေပါဆက်လက်တိုးတက်လာလျှက်ရှိပါသည်။ အူရီဒူးမြန်မာ၏ 3G နှင့် 4G ကွန်ရက်များသည် နိုင်ငံတစ်ဝန်းတွင် မြန်နှုန်းအားဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်နေခဲ့ပြီး “My Ooredoo” အက်ပလီကေးရှင်းသည် သုံးစွဲသူများအား အူရီဒူးမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအတွက် ဝယ်လိုအားများကိုဖြစ်ပေါ်စေမှုကိုလဲအခိုင်အမာဖြစ်နေစေခဲ့သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒစ်ဂျစ်တယ်လူနေမှုဖြင့် တောက်ပကောင်းမွန်အောင် လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေး လုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
အူရီဒူး၏ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် ငွေစာရင်းရလဒ်ထုတ်ပြန် ချက်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
http://www.ooredoo.com
https://www.facebook.com/OoredooMyanmar