Moonton မှ MPL-MM S4 နှင့် ရှုံးထွက်ပွဲစဉ်များအား COVID-19 ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားမည်

Mobile Legends: Bang Bang ဂိမ်းသည် ကမ္ဘာ့ Multi-Platyer Online Battle Arena (MOBA) ဂိမ်းနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားဆုံး ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါသည်။ လက်ရှိအချိန်တွင်  လူသန်း ၅၀၀ ကျော် install လုပ်ထားပြီး လစဉ်ကစားသူပေါင်း ၇၅ သန်းကျော်ရှိပါသည်။ ဂိမ်းကစားသူဦး‌ရေ အလျင်အမြန် တိုးတက်လာသောကြောင့် နိုင်ငံပေါင်း ၈၀ ကျော်တွင် ဝင်ငွေအများဆုံး ထိပ်ဆုံး (၁၀) ခုစာရင်းထဲတွင် ပါဝင်ခဲ့ပါသည်။ Mobile Legends: Bang Bang သည် နိုင်ငံစုစုပေါင်း ၁၃၉ နိုင်ငံကို ရောက်ရှိခဲ့ပြီး ဘာသာစကား ၂၅ ခုဖြင့် ဘာသာပြန်ထုတ်လုပ်ထားကာ ဂိမ်းအား အထစ်အငေါ့မရှိဘဲ အဆင်ပြေချော့မွေ့စွာ ကစားနိုင်ရန်အတွက် Server ပေါင်း ၁,၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။

Photo source https://www.facebook.com/MobileLegendsGameMyanmar/

၂၀၀၇ ခုနှစ်မှစတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပလျက်ရှိသည့် Mobile Legends: Bang Bang Professional League သည် ယခုနှစ် ၂၀၂၀ အထိ သုံးကြိမ်တိုင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း COVID-19 ရောဂါြဖစ်ပွားမှုကြောင့် ယခုနှစ် MPL-MM S4 ၏ ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပမည့်ရက်ကို နောက်ထပ်အသိပေးအကြောင်းကြားမှု မပြုလုပ်မီ အချိန်အထိ ရွေ့ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ WHO မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် COVID-19 ရောဂါသည် နိုင်ငံပေါင်းများစွာသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိပြီးရောဂါကို ထိန်းချုပ်နိုင်ရန် လျင်မြန်တိကျသော တိုင်းတာဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါသည်။

Photo source https://www.facebook.com/MobileLegendsGameMyanmar/

၂၀၂၀ ခုနှစ်မတ်လ ၂၅ ရက်နေ့ တွင်မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ အဆုတ်ရောင် ကူးစက်မြန်ရောဂါ COVID-19 ကူးစက်ထူးသူ လူနာသုံးဦးအား မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း သိရသည်။ ထိုကြောင့် ဝန်ကြီးဌာအနေဖြင့် မြန်မာနိုင်ငံအတွင်း ထိုကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်ရမည့်အချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပြီး လူစုလူဝေးဖြစ်ပေါ်စေမည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ကန့်သတ်ထားပါသည်။ အစိုးရမှချမှတ်ထားသော စည်းကမ်းများကို အထူးအလေးပေးလိုက်နာသောအားဖြင့် မိသားစုဝင်များနှင့် အခြားသော ပါဝင်ပက်သက်နေသူများအားလုံး၏ တန်ဖိုးရှိလှသော အသက်အိုးအိမ်များကို ကာကွယ်ရန်တာဝန်အပြည့်အဝရှိသည်ဟု ခံယူထားပါသည်။ သို့ဖြစ်ပါသောကြောင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ကာ MPL-MM S4 ၏ ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များကို အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းနှင့် ပြန်လည်ကျင်းပမည့် နေ့ရက်နှင့် အချိန်အတိအကျကို ကြိုတင်၍ကြေညာသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/MobileLegendsGameMyanmar/

Mobile Legends: Bang Bang Professional League သည်မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲကြီးဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား နိုင်ငံတကာအဆင့်သို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ Mobile Legends: Bang Bang Professional League အား လက်ရည်စစ်ပွဲ၊ ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များဟူ၍ အဆင့်သုံးဆင့်ခွဲကာ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲအချိန်ကာလအားဖြင့် ၄ လနီးပါးခန့် ကြာြမင့်လေ့ရှိသည်။ ယခုနှစ် MPL-MM S4 တွင်မူ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁၀၀,၀၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်သည်။   ပြိုင်ပွဲ၏ အကောင်းဆုံး ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ်အရှေ့တောင်အာရှဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြား ခြင်းခံရမည်ဖြစ်သည်။

ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်မည့် MPL-MM S4 သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကောင်းဆုံး Mobile Legends: Bang Bang အသင်းများအားတစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းလ် Esport ဂိမ်းပြိုင်ပွဲ တစ်ခုလည်းဖြစ်သည်။  ပြိုင်ပွဲ၏ အကောင်းဆုံး ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ်အရှေ့တောင်အာရှဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြား ခြင်းခံရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး Mobile Esport ဂိမ်းပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ MPL MM S4 ဂိမ်းပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆုရရှိသော အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်းခန့်) နှင့် ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများအား အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမည်ဖြစ်သည်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲ၏ အကောင်းဆုံး အသင်း ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲ တစ်ခုဖြစ်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီယားနှင့်လာအိုတို့မှထိပ်သီး အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။