UMT မှ Certificate in Marketing Management Online Class Batch 14 ကို အခမဲ့ဖွင့်လှစ်မည်

United Management Training School မှ ဖြစ်ပေါ်နေသောအခြေအနေများကြောင့် ပညာဒါနသင်တန်းအသစ်များ မဖွင့်လှစ်သေးရန်စီစဉ်ထားသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏တောင်းဆိုချက်ကြောင့် April လအတွက် Marketing Management Online Class Batch 14 ပညာဒါနတန်းလေးကိုဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။
Marketing နယ်ပယ်မှာ Professional ကျကျလုပ်ကိုင်လိုသူများ၊ Marketing ပိုင်းကို မိမိရဲ့ Career အဖြစ်စတင်လုပ်ကိုင်လို သူများ၊ လုပ်ငန်းခွင်တွင်း လစာကောင်း ရာထူးတိုးမြန်ချင်သူများ၊ Marketing Plan ကောင်းကောင်းဆွဲတက်ချင်သူများ၊ ဈေးကွက်ကိုလွှမ်းမိုးချုပ်ကိုင်လိုသူများ၊ Marketing ပညာရပ်ကိုစိတ်ဝင်စားသူများအတွက် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြား ခြင်းလည်းဖြစ်သည်။ Certificate in Marketing Management တွင် လေ့လာနိုင်မယ့် သင်ခန်းစာများမှာ
(1) What is Marketing?
(2) Marketing Management Theory
(3) Product Life Cycle
(4) Marketing Management Process
(5) Marketing Management Channel
(6) Marketing Mix များအားသင်ကြားပေးမှာဖြစ်သည်။

Photo Source https://www.facebook.com/unitedmanagementtrainingschool/

သင်တန်းကြေးအနေနဲ့လုံးဝပေးစရာမလိုအပ်ဘဲ အခမဲ့သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အမည်၊ အသက်၊ တက်ရောက်လိုသောဘာသာရပ်တို့ကို Page Messanger တွင်ပေးရမည်ဖြစ်သည်။ သင်တန်းကို ၂၀.၄.၂၀၂၁ တွင် စတင်နေဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် ဖြစ်ပေါ်လျှက်ရှိသောအခြေအနေများကြောင့် Certificate ကြေးအား April တွင်အပ်နှံသူများအတွက် ယခင် ၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ လျှော့ချပေးထားသည်။
ထို့အပြင် WiFi များပြတ်တောက်လဲစိတ်ပူစရာမလိုပဲသင်ခန်းစာများကိုအချိန်မရွေးပြန်လေ့လာနိုင်မည်ဖြစ်သည်။ Certificate မယူလိုပါကလည်းအခမဲ့လေ့လာနိုင်ပြီး Certificate ယူသူများသာ Certificate + Lecturer Soft Copy + Exam Fees = ၃၀၀၀ ကျပ်သာပေးသွင်းရမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/unitedmanagementtrainingschool/

United Management Training School အနေဖြင့် Human Resource Management Batch သင်တန်းများ၊ Financial Management Batch၊ Business Management Online Class Batch၊ Certificate in Leadership Management၊ Payroll Specialists စသောသင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး နောက်ပိုင်းတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရောက်လေ့လာ စာရင်းပေးသွင်းနိုင်ပါသည်။
https://www.facebook.com/unitedmanagementtrainingschool/