Tinkyar Website တွင် CDM ဝန်ထမ်းများအတွက် အွန်လိုင်းပညာသင်ကြားရေး တစ်နှစ်အခမဲ့သင်ယူနိုင်

CDM ကို support လုပ်သည့်အနေဖြင့်   CDM  လုပ်ဆောင်သည့် ဝန်ထမ်းများကို  သင်ကြား website မှာ မည်သည့် အွန်လိုင်း သင်တန်းမဆို တစ်နှစ် အခမဲ့ သင်ယူနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အခြား online မှ ပညာဆည်းပူးလိုသူများအနေဖြင့် ပညာသင်ကြားရေး website တစ်ခု ဖြစ်သည့် ” သင်ကြား” website မှာ အခမဲ့ သင်တန်း များ နှင့် အခကြေးငွေ သွင်းရမည့် သင်တန်းများကို တက်ရောက် သင်ယူနိုင်ပါပြီဖြစ်ပါတယ်။ 

Photo source https://tinkyar.xyz/
CDM ဝန်ထမ်းမဟုတ်သည့် တခြားသူများအနေနဲ့ သင်ကြား website မှာ  အခမဲ့ သင်တန်းများကို တက်ရောက် သင်ယူနိုင်မှာဖြစ်ပြီး  အခကြေးငွေ ပေးသွင်းရမည့် သင်တန်းများကိုတော့  ၅၀ ရာခိုင်နှုန်း discount နဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ သင်ကြား Website ဆိုတာက အွန်လိုင်းပေါ်မှာ ပညာသင်ကြားနိုင် ၊ ပညာသင်ယူနိုင်မည့် ပညာသင်ကြားရေး နှင့် သင်ယူရေး Platform တစ်ခုဖြစ်ပါတယ်
Facebook Group အွန်လိုင်းသင်တန်းမျိုးမဟုတ်ပဲ Facebook ပေါ်မှာ မမှီခိုထားခြင်းမရှိတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင် website၊ ကိုယ်ပိုင် server နှင့် တည်ဆောက်ထားသည့် Learning Management System တစ်ခုဖြစ်ပါတယ်။ သင်ကြားမှာ သင်တန်းတက်တဲ့အခါ ရရှိနိုင်တဲ့အားသာချက်တွေကတော့
– မိမိ အဆင်ပြေသည့်အချိန် ၊ အချိန်မရွေး ဝင်ရောက်ပြီး သင်ယူနိုင်ခြင်း
– သင်ခန်းစာ တစ်ခုချင်းစီမှာ မရှင်းတာ ပြန်မေးနိုင်မည့် စနစ်ပါရှိခြင်း
– အိမ်စာ တင်နိုင်မည့် စနစ်
– သင်ခန်းစာများ ပြီးဆုံးပါက မေးခွန်းများ မေးနိုင်မည့် စနစ်
– Certificate ထုတ်ယူနိုင်မည့် စနစ် တို့ကို ရရှိမှာဖြစ်ပါတယ်။
သင်ကြား website မှာ သင်ကြားရေးဆရာတစ်ယောက်အနေနဲ့ register လုပ်ပြီး Course များကို ကိုယ်တိုင်ဖန်တီးခွင့်လဲ ပေးထားပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ ပညာသင်ကြားခြင်း၊ သင်ယူခြင်းအတွက် အထူးတည်ဆောက်ထားသည့် နည်းစနစ်များဖြင့် သင်ယူနိုင်မှာ ဖြစ်ပါတယ်။
သင်ကြား Website မှာ ပညာသင်ယူလိုသည့် ကျောင်းသားများအနေနဲ့  ပထမဆုံး website မှာ student အနေနဲ့ register လုပ်ရပါမယ်။ register  ပြုလုပ်ထားသည့် account ဖြင့် Login ဝင်ရောက်ပြီး မိမိသင်ယူလိုသည့် Course ကို ဝယ်ယူပြီး သင်ယူရမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ဝယ်ယူပြီးပါက မိမိ account ထဲမှာ ဝယ်ယူထားသည့် သင်ခန်းစာများ  ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အခမဲ့ သင်ခန်းစာများကတော့ ဝယ်ယူပြီးချင်း ချက်ချင်းရောက်ရှိနေမှာဖြစ်ပြီး အခကြေးငွေ ပေးသွင်းရမည့် သင်ခန်းစာများကတော့ ငွေလွှဲပြီးကြောင်း Approve လုပ်ပြီးမှ ရောက်ရှိမှာဖြစ်ပါတယ်။ 

Photo source https://tinkyar.xyz/
သင်ယူလိုသည့် Course ဝယ်ရန်အတွက် သင်တန်းတက်မယ် ဆိုသည့် ခလုတ်လေးကို နှိပ်ပြီး ဈေးခြင်းပုံစံ Cart လေးထဲကနေ Checkout လုပ်ပြီး ဝယ်ယူရမှာပါ။ Payment ကတော့ KBZ pay နဲ့ ပေးချေနိုင်ပါတယ်။ တခြား Payment နဲ့ ပေးချေလိုပါက offline payment ကို ရွေးပြီး ပေးချေလိုသည့် ပုံစံကို ရေးသားပြီး ပေးပို့နိုင်ပါတယ်။
CDM ဝန်ထမ်းများကတော့ Payment မှာ offline payment ကို ရွေးပြီး ပေးချေလိုသည့် ပုံစံမှာ CDM ဝန်ထမ်းဖြစ်ကြောင်း ရေးသားပြီး ပေးပို့ပါက အခကြေးငွေပေးသွင်းစရာမလိုဘဲ Approve လုပ်ပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ Website ကနေ မဝယ်ယူတတ်ပါက Page Message ကနေ မေးမြန်းပြီး သင်ယူလိုသည့် သင်ခန်းစာများကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရင် သင်တန်းများကို တက်ရောက်ထားသူများအနေနဲ့ အခု သင်ကြား website မှာ အခကြေးငွေ ထပ်သွင်းစရာမလိုအပ်တော့ဘူး ဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
Website Address – https://tinkyar.xyz/
Message us – https://m.m/ivrmyanmar