Ultra Vision Leica Quad ကင်မရာအပါအဝင် နောက်ဆုံးပေါ် Kirin 990 5G ချစ်ပ်ဆက် ဖြင့်ပြုလုပ်ထားသော Huawei P40 pro+

Huawei P40 pro+ က ဓာတ်ပုံနှင့် ဗီဒီယိုများကို အချိန်မရွေး၊ နေရာမရွေးရိုက်ကူးခြင်းအားဖြင့် သင့်အတွေးအမြင်များကို Ultra Vision Leica Quad ကင်မရာနှင့် ထုတ်ဖော်နိုင်ပါတယ်။ မြန်နှုန်းနှင့် ပါဝါပိုင်းဆိုင်ရာ အတွေ့အကြုံကို နောက်ဆုံးပေါ် Kirin 990 5G ချစ်ပ်ဆက် ဖြင့်ပြုလုပ်ထားခြင်းလည်းဖြစ်ပါတယ်။
ရေတံခွန်စီးဆင်းကျလာသည့် အလှတရားနဲ့ ဖြစ်တည်မှုအလား ခံစားစေနိုင်မည့် Quad-Curve Overflow Display ဟာ မျက်နှာပြင်ထောင့်စွန်းတိုင်းကို အတားအဆီးမရှိ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ထို့အပြင် 90 Hz refresh rate ဖြင့် စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုလည်း ခံစားနိုင်ပါတယ်။ အလယ်ဖရိမ်နှင့် ဘေးအကာဘောင်များသည် လှပသည့် အမြင်၊ ပြေပြစ်သည့် အထိအတွေ့များဖြင့် တင့်တယ်တဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။
အနောက်ဖက်မျက်နှာပြင်ဒီဇိုင်းကို အဆင့်မြင့် Nano-tech ကြွေဖြင့်ပြုလုပ်ထားသော HUAWEI P40 Pro+ က နူးညံ့ချောမွေ့၊ ကြံ့ခိုင်စေပြီး ပုံစံနှင့်ခံစားချက်ကို ပြည့်စုံစွာထိန်းညှိပေးသွားပါတယ်။ အထင်ကရဖြစ်တဲ့ကင်မရာပုံစံနှင့် လှပကျော့ရှင်းသော အနောက်ဖက်ကြွေထည်တို့က သဘာဝနှင့်လိုက်ဖက်ညီသောပုံစံနှင့် သဟဇာတဖြစ်မည့်ဒီဇိုင်းကို ပေါင်း စပ်ပေးထားခြင်းလည်းဖြစ်ပါတယ်။
ယခုစမတ်ဖုန်းများတွင် ပစ်ဇယ်အမြင့်ဆုံး 2.44 μm နှင့် 1/1.28လက်မရှိသည့် ထိပ်တန်းအာရုံခံ စနစ်ပါရှိနေပါပြီ။ RYYB အရောင်စစ်ထုတ်မှုကို အသုံးပြုထားသောကြောင့် လုံလောက်သော အလင်းရောင် ရရှိစေမည့်အပြင် မြင့်မားသော အလင်းအမှောင်ချန်ညှိမှု အဆင့်ပါရှိပြီး ဒစ်ဂျစ်တယ်ဆေးသားကြမ်းမှုကိုပါ လျှော့ချပေးပါတယ်။ 4-in-1 ပစ်ဇယ် ဘင်းနင်း နှင့် Octa PD Autofocus ဆုံချက်တို့ပံ့ပိုးပါရှိသည့် 50 MP ပင်မကင်မရာသည် ရိုက်ကွင်းနေရာနှင့် အလင်းအမှောင်မည်သို့ပင်ရှိစေကာမူ ကြည်လင်ပြတ်သားမှုအရှိဆုံးပုံများကို အသေးစိတ်လက္ခဏာအတိအကျနဲ့ ရိုက်ကူး ပေးပါတယ်။

Photo Source https://consumer.huawei.com/mm/

အဆင့်မြှင့်ထားသည့် ISP နှင့် NPU တို့ဖြင့် လည်ပတ်သည့် HUAWEI XD Fusion Engine က သတင်းအချက်အလက်များစွာကို လျင်မြန်စွာ စီမံဆောင်ရွက်နိုင်စွမ်းရှိသလို နေ့ညမရွေး ရိုက်ကူးသည့် ဓာတ်ပုံတစ်ပုံ ချင်းစီအတွက် ပစ်ဇယ်ပမာဏကို ထူးခြားလှသည့် ကြည်လင်ပြတ်သားမှုမျိုးဖြင့် တိုးတက်ကောင်းမွန်စေနိုင်မှာလည်းဖြစ်ပါ တယ်။
အသေးစိတ်လက္ခဏာများကို မိမိမျက်စိနှင့်တပ်အပ်မြင်ရသည့်အလား ထည်ဝါလှသည့် မြင်ကွင်းကို 50 MP ပင်မကင်မရာနှင့်အတူ ခံစားကြည့်နိုင်မှာဖြစ်ပါတယ်။ ဖရိမ်ရဲ့ မည်သည့်အပိုင်းကိုမဆိုချဲ့လိုက်ခြင်းအားဖြင့် ရွှန်းစိုပြီး မျက်နှာပြင်အနုစိတ်လက္ခဏာများစွာပေါ်လွင်လှသည့် နောက်ထပ်ပုံကောင်းတစ်ပုံကို ရိုက်ယူနိုင်မှာလည်းဖြစ်ပါတယ်။
3x mid-rage Optical Zoom နှင့် 10x long-range Optical Zoom တို့က Zoom အဝေးကြီးရိုက်ကူးရမည့်အခြေအနေမျိုးအတွက် အကောင်းဆုံးသင့်တော်ဆုံးဖြစ်ပါတယ်။ ဆန်းသစ်တီထွင်ထားတဲ့ multi-reflection periscope telephoto က အလင်းရောင်ပြန်ကို ၅ ဆ နှင့် Max Zoom 100×4 အထိရရှိဖို့အတွက် 178 ရာခိုင်နှုန်း optical လမ်းကြောင်းကိုတိုးမြှင့်ပေးပါတယ်။ အဆင့်မြှင့်ထားတဲ့ AIS နဲ့ OIS တို့က zoom ဆွဲနေသည့်အချိန်တွင် တည်ငြိမ်အောင်ပြုလုပ်ထားပေးပါတယ်။
Ultra Vision ပင်မကင်မရာနှင့် အဆင့်ဆင့်ပြောင်းလဲလာသည့် AI အယ်ဂိုရစ်သမ်တို့၏ အကျိုးကျေးဇူးကြောင့် HUAWEI P40 Pro ဟာ ပတ်ဝန်းကျင်ရှိ လူများကို ၄၅ ရာခိုင်နှုန်း ပိုမို တိတိကျကျ ဆန်းစစ်လေ့လာပြီး အကန့်လိုက်ခွဲထုတ် ပေးနိုင်ခဲ့ပါပြီ။ ပစ်ဇယ်ပမာဏကို မြှင့်တင်ပေးသည့်အတွက် ကောင်းမွန်သော အလင်းပေးမှု၊ သဘာဝဆန်သော အသွေးအရောင်နှင့် တိကျပြတ်သားသော အသေးစိတ်လက္ခဏာများကို မူရင်းမပြတ် ထိန်းသိမ်းပေးပါတယ်။
အသစ်ထွက်ရှိသည့် အော်တို ဆုံချက်ပါရှိသော 32 MP အဆင့်မြင့် ရှေ့ကင်မရာနှင့် IR အကွာအဝေး ကင်မရာတို့သည် အဝါးစနစ် အထူးပြုလုပ်ချက်ပါရှိသော ဆဲလ်ဖီကောင်းတစ်ပုံကို ထုတ်လုပ်နိုင်စေရန် အနီးကပ်လုပ်ဆောင်ကြပါတယ်။ အလင်းပေးမှု၊ အသားအရောင်နှင့် မျက်နှာပြင်အနုစိတ်လက္ခဏာများကို ဉာဏ်ရည်တုနည်းပညာဖြင့် ပိုကောင်းအောင် ဖော်ဆောင်ထားသည့်အတွက် ပိုတိကျပြီး ဆဲလ်ဖီပုံများရိုက်ကူးချင်စိတ်ကို ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်။
အသစ်တီထွင်ဆန်းသစ်ထားသည့် 16-in-1 sedecimpixel fusion technology ပါဝင်သည့် 40 MP ရှိ ပရော်ဖက်ရှင်နယ်သုံးအဆင့်ရှိသည့် မြင်ကွင်းကျယ် ရုပ်ရှင်ကင်မရာသည် ရုပ်ရှင်ဗီဒီယိုများအား တီထွင်ဖန်တီးနိုင်စွမ်းကို ပွင့်ထွက်လာစေနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ဆိုင်ရာ လုပ်ဆောင်ချက်များစွာ ပါရှိသဖြင့် ရီဆိုလူးရှင်း မြင့် 4K 60 fps ဗီဒီယိုများကို ရှေ့ကင်မရာနှင့်ရော၊ နောက်ကင်မရာနှင့်ပါ မှတ်တမ်းတင်ရိုက်ကူးနိုင်ပါတယ်။ ဖြစ်စဉ်တစ်ခုကို ISO 51200 အထိ ကြည်လင်ပြတ်သားစွာ ဖမ်းယူရိုက်ကူးနိုင်ပါမည်။

Photo Source https://consumer.huawei.com/mm/

7nm+ EUV နည်းပညာရပ်နှင့် အသစ်တီထွင်လိုက်သော CPU တည်ဆောက်ပုံများကြောင့် HUAWEI P40 Pro သည် လွန်စွာပင် အလုပ်တွင်ကျယ်ပြီး စနစ်ပိုင်းဆိုင်ရာတွင်လည်း ပြေပြစ်စေပါတယ်။ အဆင့်မြှင့်တင်ထားသည့် ISP နှင့် dual core NPU ရှိ အဆင့်မြင့် AI ဉာဏ်ရည်တုနည်းပညာများနှင့် လည်ပတ်လုပ်ဆောင်သော ပြိုင်စံကင်း Mali-G76 MC16 GPU ရုပ်ပုံစီမံခန့်ခွဲမှုပညာ၏ ဂရပ်ဖစ်စွမ်းဆောင်ရည်ပြောင်မြောက်မှုမှာလည်း အံသြဖွယ်ရာလည်းဖြစ်ပါတယ်။
HUAWEI P40 Pro+ ဟာ dual SIM (5G + 4G) ကို အထောက်အပံ့ပေးပါတယ်။ SIM card တစ်ခုကို ဖုန်းခေါ်ဆိုမှုအတွက် အသုံးပြုနိုင်ပြီး နောက်တစ်ခုသည် တစ်ချိန်တည်းမှာပင် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အင်တာနက်အသုံးပြုခြင်းကို လုပ်ဆောင် နိုင်ပါတယ်။ အမြန်ဆုံး 40 W wireless charging နဲ့အမြန်အားသွင်းထားလိုက်ပြီး လိုအပ်တာနဲ့ ပြန်လည်အသုံးပြုနိုင်ပါ တယ်။
မျက်နှာဖြင့် လော့ခ်ဖြေစနစ်သည် သင့်မျက်နှာရှိ သွင်ပြင်လက္ခဏာများကို တိတိကျထောက်လှမ်းပေးပြီး မျက်နှာပြင် လော့ခ်ကို ဖြည်နိုင်အောင် သို့မဟုတ် သီးသန့်အက်ပ်သို့ ဝင်ရောက်နိုင်အောင် ထောက်ကူပေးပါတယ်။ ဝန်းကျင်လင်းနေစေကာမူ သို့မဟုတ် မှောင်မိုက်နေစေကာမူ အတည်ပြုခြင်းကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်။
HUAWEI AppGallery တွင် တင်ထားသည့် အက်ပ်တစ်ခုစီသည် လုံခြုံမှုရှိကြောင်း သေချာစေရန်အတွက် အက်ပ်သုံးသည့် စက်တိုင်းတွင် developer အချက်အလက်အတည်ပြုမှု ၊ အဆင့် 4 ဆင့်ပါ လုံခြုံရေးထောက်လှမ်းမှု၊ ဒေါင်းလုဒ်/ထည့်သွင်းမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ၊ ကြိုတင်မှန်းဆ၍ရနိုင်သည့် ခြိမ်းခြောက်မှုများအတွက် ထိရောက်သည့် ကာကွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များပါဝင်သည့် ပြီးပြည့်စုံသော စနစ်ကို တည်ဆောက်ထားပါတယ်။
ဖုန်းကြားခံစနစ်ကို လက်ပ်တော့ပ်ထဲသို့ပေါင်းထည့်ထားခြင်းအားဖြင့် သင့်ဖုန်းရှိ ဖိုင်များကို သင့်လက်ပ်တော့ပ်အက်ပ်ကို သုံးပြီးဖွင့်ကာ တည်းဖြတ်နိုင်မည် သို့မဟုတ် မိုက်ခရိုဖုန်းစပီကာများနှင့် လက်ပ်တော့ပ်ရှိ ကင်မရာမှတစ်ဆင့် ဖုန်းခေါ်ဆိုမှုများကို တိုက်ရိုက်ပြုလုပ်နိုင်မည်။ ဆော့ဖ်ဝဲမှသည် ဟာ့ဒ်ဝဲပေါင်းထည့်ခြင်းအားဖြင့် တစ်ခုတည်းလိုဖြစ်ပြီး ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
မည်သည့်ကေဘယ်ကြိုး၊ အင်တာနက်ဒေတာ သို့မဟုတ် အက်ပ်ထည့်သွင်းမှုကိုမှ မလိုအပ်ပဲ HUAWEI Share ကို ရွေးချယ်ရုံဖြင့် သင့်ဖုန်း၊ လက်ပ်တော့၊ ကင်မရာ၊ ဒရုန်း သို့မဟုတ် ပရင်တာကြားရှိ ဖိုင်များကို လွယ်လင့်တကူဖြင့် အမြန်ဆုံး စတင်လွှဲပြောင်းနိုင်ပါတယ်။ တစ်ချက်နှိပ်ရုံဖြင့် ဖုန်းမှ သီချင်းသံဟာ စပီကာမှ ထွက်အောင် လုပ်နိုင်သလို Wi-Fi ကိုလည်း Router မှတစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။