၂ နာရီနီးပါး အသုံးပြုလို့မရခဲ့တဲ့ Facebook, Instagram နဲ့ Threads

၂၀၂၄ မတ်လ (၅) ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်အချိန်ကစလို့ Meta ရဲ့ Facebook, Instagram နဲ့ Threads ပလက်ဖောင်းတွေဟာ ကမ္ဘာတစ်ဝှမ်း အသုံးပြုလို့မရတဲ့ Outage ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူအများအပြား ကြုံတွေ့လိုက်ရတဲ့ ဒီ Outage ဟာ အချိန် (၂) နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ Meta က Outage ပြဿနာကို ဖြေရှင်းပြီးခဲ့တဲ့ ည ၁၁ နာရီ ၃၇ မိနစ် အချိန်ကစလို့ အရင်လိုပဲ အသုံးပြု နိုင်နေပြီဖြစ်ပါတယ်။

Meta ရဲ့ ပလက်ဖောင်းတွေ Outage ဖြစ်သွားခဲ့တဲ့အတွက် အသုံးပြုသူတွေအနေနဲ့လည်း Facebook, Instagram, Messenger နဲ့ Threads တွေကို အသုံးပြုလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ တချို့ Meta Quest Headset အသုံးပြုသူတွေအနေနဲ့လည်း Login ပြုလုပ်ဖို့ အခက်အခဲဖြစ်ကြတယ်လို့လည်း သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ Facebook ပလက်ဖောင်းမှာ Logout ဖြစ်ခဲ့ကြသလို Instagram ပလက်ဖောင်းမှာလည်း Feed ကို Refresh ပြုလုပ်လို့မရတဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ Threads ပလက်ဖောင်းမှာတော့ “Sorry, something went wrong. Try again.” ဆိုတဲ့ စာသားနဲ့ အသုံးပြုလို့မရဘူးလို့လည်း သိရပါတယ်။ Meta ရဲ့ ပလက်ဖောင်းတွေ ကမ္ဘာတစ်ဝှမ်း Outage ဖြစ်ခဲ့ရပေမယ့် WhatsApp ကတော့ ဘာအခက်အခဲမှမရှိဘဲ ဆက်လက်အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို Outage ဖြစ်ခဲ့မှုအတွက် Meta ရဲ့ Platform Status မှာ ပြဿနာကို အသိပေးတဲ့အချိန်၊ ဖြေရှင်းနေတဲ့အချိန်နဲ့ အပြီးသတ်ဖြေရှင်းပြီးခဲ့တဲ့အချိန်စတာတွေကိုလည်း အသိပေးတဲ့အနေနဲ့ Status တင်ပေးထားပါတယ်။