အသုံးပြုသူတွေဆီ မိတ်ဆက်လာတဲ့ Meta ရဲ့ Meta AI

AI နည်းပညာတွေကို နည်းပညာကုမ္ပဏီတွေက အသီးသီးမိတ်ဆက်လာကြပြီးတဲ့နောက်မှာ Meta အနေနဲ့လည်း Meta Llama 3 အသုံပြုထားတဲ့ Meta AI ကို မိတ်ဆက်လိုက်ပါပြီ။ Meta AI ဟာ ကိုယ့်ရဲ့ Device တွေပေါ်မှာ အခမဲ့အသုံးပြုနိုင်တဲ့ AI Assistants တစ်ခုဖြစ်သလို Meta ရဲ့ Facebook Messenger, WhatsApp, Instagram Platform တွေပေါ်မှာ အသုံပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Meta AI ကို US အပြင်ဘက် ဩစတြေးလျ၊ ကနေဒါ၊ ဂန်နာ၊ ဂျာမာကာ၊ နယူးဇီလန်၊ နိုင်ဂျိးရီးယား၊ ပါကစ္စတန်၊ စင်္ကာပူ၊ တောင်အာဖရိက နဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်မှာ အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။

Meta AI icon animation

Source: Meta

Meta ရဲ့ Meta AI, AI Assistant ဟာ AI ကို Recommendation တွေလုပ်ခိုင်းတာ၊ Task Organizing လုပ်ခိုင်းတာ၊ တစ်ခုခုကို Explain လုပ်ခိုင်းတာ၊ ဓာတ်ပုံ Generate လုပ်ခိုင်းတာစတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ AI ကို ဖုန်းနဲ့တင်မကဘဲ ကွန်ပြူတာကနေတစ်ဆင့် အသုံးပြုနိုင်ဖို့အတွက်လည် meta.ai ဆိုတဲ့ Website ကိုပါပြုလုပ်ပေးထားပါသေးတယ်။ Meta AI မှာ Login လုပ်ပြီးအသုံးပြုမယ်ဆိုရင်တော့ ကိုယ်နဲ့ ပြောထားတဲ့ Conversation တွေကို Save လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Animation showing an Instagram group chat using Meta AI to recommend a picnic spot

Source: Meta

Meta ကုမ္ပဏီကမိတ်ဆက်တဲ့ AI တစ်ခုဖြစ်တဲ့အတွက် Facebook, Instagram, WhatsApp နဲ့ Messenger လို Meta Platform တွေပေါ်မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ App တစ်ခုပြိတစ်ခုပြောင်းစရာမလိုဘဲ real-time information တွေကို ကြည့်လို့ရမယ်ဆိုတာကတော့ တော်တော်လေးကို အဆင်ပြေတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ real-time information ဆိုတာကလည်း Messenger Group Chat တစ်ခုမှာစကားပြောနေတဲ့ Meta AI ကို ကိုယ်ပြောချင်၊ မေးချင်တဲ့ အကြောင်တစ်ခုကို မေးလိုက်မယ်ဆို App ကနေထွက်စရာမလိုဘဲ Messenger App ထဲကနေတစ်ခါတည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Animation showing Meta AI in Facebook Feed

Source: Meta

Facebook Newsfeed အသုံးပြုနေတဲ့အချိန်မျိုးမှာဆိုရင်လည်း ကိုယ်စိတ်ဝင်စားတဲ့ Post တွေအကြောင် ပိုပြီးသိချင်တယ်ဆိုရင် Post အောက်မှာပါတဲ့ “Ask Meta AI” ကိုနှိပ်လိုက်တာနဲ့ သက်ဆိုင်ရာ အကြောင်အရာတွေကို ဖော်ပြပေးသွားမယ်လို့လည် သိရပါတယ်။

Animation showing images appearing as you type using Meta AI's Imagine feature in a WhatsApp chat

Source: Meta

AI အသုံပြုပြီး Image Generate လုပ်နိုင်တဲ့လုပ်ဆောင်ချက်ကလည်း Meta AI မှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Meta AI ရဲ့ Image Generation အတွက် အားသာချက်တစ်ခုကတော့ ဖန်တီးဖို့အတွက် Prompt တစ်ခုရိုက်လိုက်တိုင်း real-time imagine feature ကလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စာတစ်လုံး ရိုက်လိုက်တိုင်း ထွက်လာနိုင်တဲ့ပုံတွေကို ဖော်ပြပေးတာက အသုံးပြုသူတွေသဘောကျစေမယ့် လုပ်ဆောင်ချက် တစ်ခု လို့ပြောရမှာပါ။ Meta ကဖော်ပြပေးထားတဲ့ Resource တွေကတစ်ဆင့်လည်း စာတစ်လုံးရိုက်လိုက်တိုင်း ပုံတွေထွက်လာတဲ့ပုံစံကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ High Quality ပုံရိပ်တွေကိုထုတ်ပေးရင်း ကိုယ်သဘောကျတဲ့ပုံကိုလည်း Animate ပြုလုပ်ဖို့အတွက် Meta AI ကို ပြောနိုင်ဦးမှာလည်း ဖြစ်ပါတယ်။ Animate ပြုလုပ်ပေးလိုက်တာတွေကို GIF ပြောင်းပြီး သူငယ်ချင်းတွေနဲ့ အတူမျှဝေနိုင်ဦးမှာပါ။

GIF showing Meta AI's image animation feature

Source: Meta