နိုင်ငံတစ်ကာဇာတ်ကားကောင်းများကို မြန်မာစာတမ်းထိုးဖြင့် Download ရယူကြည့်ရှုနိုင်သော Website များ

ကိုဗစ်-၁၉ ရောဂါတွေကူးစက်ပြန့်ပွားတဲ့အတွက် အိမ်မှာပဲနေရတဲ့ကာလ ရုပ်ရှင်ရုံတွေလဲပိတ်ထားရတဲ့ ကာလမျိုးမှာ ဇာတ်ကားတွေကြည့်ဖို့အတွက် Download ဆွဲနိုင်တဲ့ Website လေးတွေဖော်ပြပေးလိုက်ပါတယ်။ Category မျိုးစုံထဲက ကိုယ်ကြိုက်တဲ့ဇာတ်ကားတွေကြည့်နိုင်သလို နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားတွေကို လည်း မြန်မာစာတမ်းထိုးနဲ့ အမြန်ဆုံးကြည့်ရှု ဒေါင်းလုတ်ဆွဲရယူနိုင်မှာပါ။ 

Photo Source https://www.facebook.com/channelmyamar

Channel Myanmar

Channel Myanmar ကတော့ ဇာတ်ကားအမျိုးအစားပေါင်းစုံနဲ့ ကြည့်ရှုသူတွေအဆင်ပြေအောင် Download Link ပေါင်းများစွာကိုလည်း ပြုလုပ်ထားပေးပါတယ်။ Download ဆွဲပြီးကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ stream ပြီး ကြည့်လို့တော့ရမှာ မဟုတ်ပါဘူး။ Download မဆွဲတတ်တဲ့သူတွေအတွက်လည်း How to Download ဆိုတဲ့နေရာမှာ ဝင်ကြည့်ပြီး Download ဆွဲနိုင်ပါတယ်။ Genres အလိုက်မျိုးအစားတွေရွေးချယ်နိုင်သလို ခုနှစ်အလိုက်လည်း ထွက်ရှိခဲ့တဲ့ကားတွေကို ရွေးချယ်နိုင်ပါသေးတယ်။

Facebook Page https://www.facebook.com/channelmyamar

Website http://channelmyanmar.org/

Photo Source https://www.facebook.com/Gold-Channel-108570274843272

Gold Channel

နိုင်ငံတစ်ကာက ဇာတ်ကားကောင်းတွေကို မြန်မာစာတမ်းထိုးနဲ့ ဒေါင်းလုတ်ရယူဖို့အတွက်  Gold Channel မှာလဲတင်ထားပေးပါတယ်။ Movie ပဲကြည့်ကြည့်၊ Series ပဲကြည့်ကြည့်၊ TV Show တွေပဲကြည့်ကြည့် အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ Genres အလိုက်မျိုးအစားတွေရွေးချယ်နိုင်သလို ခုနှစ်အလိုက်လည်း ထွက်ရှိခဲ့တဲ့ကားတွေကို ရွေးချယ်နိုင်ပါသေးတယ်။

Facebook Page https://www.facebook.com/Gold-Channel-108570274843272

Website https://goldchannel.net/

Photo Source https://kyipaypar.xyz/

Kyi Pay Par

Kyi Pay Par ကတော့ အွန်လိုင်းကနေ ဇာတ်ကားတွေကြည့်ရှုနိုင်တဲ့ Website တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနဲ့ အိန္ဒိယဇာတ်ကားတွေအပြင် Series တွေ၊ Variety Shows တွေနဲ့ OST တွေကိုပါ နားဆင်နိုင်အောင်လို့ စုစည်းပေးထားပါတယ်။

Website https://kyipaypar.xyz/

Photo Source https://www.facebook.com/channelmsubmoviemyanmar

Channel M-Sub Movie Myanmar

Channel M-Sub Movie ကတော့ Android ကနေဒေါင်းလုပ်ဆွဲယူချင်တဲ့သူတွေ တိုက်ရိုက် ကြည့်ချင်သူတွေ အတွက် Application ပြုလုပ်ထားပေးပြီးတော့ Android TV အသုံးပြုသူတွေအတွက်ပါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ဇာတ်ကားတွေ Series တွေကိုအခမဲ့ကြည့်ရှု Download ရယူနိုင်ပါတယ်။ Free User, VIP Member နဲ့ VIP Member Pro ဆိုပြီးလည်း သုံးမျိုးခွဲထားပါသေးတယ်။ Free User ကတော့ download link အမျိုးအစား အကုန်မရတာနဲ့ Ads တွေပါနေမှာဖြစ်ပါတယ်။  VIP Member ကိုတော့ တစ်လ ၂၀၀၀ ကျပ် နဲ့ ဝယ်ပြီး Ads တွေပိတ်နိုင်မယ့်အပြင် မတူညီတဲ့ Download Link တွေကနေဝင်ရောက် Download ယူနိုင်မှာပါ။ VIP Member Pro ကိုတော့ တစ်လ ၄၀၀၀ ကျပ်နဲ့ဝယ်ယူပြီး ADS တွေပိတ်နိုင်မယ့်အပြင် လုပ်ဆောင်ချက်တွေအားလုံး လုပ်ဆောင်နိုင်မှာပါ။ App တွေကို https://app.msubmovie.com/ ကနေဝင်ရောက် Download ရယူနိုင်ပါတယ်။

Facebook Page https://www.facebook.com/channelmsubmoviemyanmar

Photo Source https://www.facebook.com/KyiMal.TV

Kyimal.tv

K Drama Series တော်တော်များများကိုတော့ Kyi Mal မှာတွေ့ရမှာပါ။ မြန်မာစာတမ်းထိုးဇာတ်ကားတွေနဲ့ TV Series တွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြည့်နိုင် Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။

Facebook Page https://www.facebook.com/KyiMal.TV

Website https://kyimal.tv/

Photo Source https://www.facebook.com/MMSubtitlesOfficial

MM Subtitles

ဇာတ်ကားတွေ TV Shows တွေစုံစုံလင်လင်နဲ့ Genres တွေအပြင် ထွက်ရှိထားတဲ့နှစ်အလိုက်လဲ ကိုယ့်ကြည့်ချင်တဲ့ကားတွေကို ရှာဖွေလို့ရပါသေးတယ်။ ကြည်ကြည်လင်လင်နဲ့ အရည်အသွေးကောင်းတာပဲ ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ကလည်း 4K ရုပ်ရှင်တွေကို စုစည်းထားပေးပါသေးတယ်။

Website https://mmsubtitles.co/

Facebook https://www.facebook.com/MMSubtitlesOfficial

Photo Source https://www.facebook.com/www.shwepannthee.video

Shwe Pann Thee

နိုင်ငံတစ်ကာက ဇာတ်ကားကောင်းတွေကို Rating ပါတွဲဖက်ဖော်ပြထားတဲ့အပြင် စုံစုံလင်လင်နဲ့ Download ရယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Website – https://www.shwepannthee.video/

Facebook – https://www.facebook.com/www.shwepannthee.video