အားလပ်ချိန်တွေမှာ အလုပ်ရှာဖွေလုပ်ကိုင်ချင်သူတွေအတွက် Appen Freelance Website အကြောင်း

မိမိတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ မိမိတတ်ထားတဲ့ ပညာလေးတွေနဲ့ အချိန်ပိုင်းအလုပ်တစ်ခုခုလုပ်ဖို့ စဉ်းစားနေသူတွေ အတွက် Appen Freelance Website လေးက များစွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ Appen Freelance Website ရဲ့ အဓိကအားသာချက်က မြန်မာစာကိုရေးတတ်ဖတ်တတ်ရုံနဲ့ ဝင်ရောက်လုပ်ကိုင်လို့ရနိုင်ခြင်းပဲဖြစ်ပါတယ်။

Photo Source https://appen.com/

Appen မှာ ရနိုင်တဲ့အလုပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Translation
(၂) Transcription
(၃) Social Media Labelling
(၄) AI တိုးတက်စေဖို့ Photo, Video တွေ ရိုက်ပေးရတဲ့ Simple Task အစရှိတဲ့ အလုပ်များစွာ ရှိပါတယ်။
Burmese Transcription အလုပ်အများဆုံးရှိတဲ့ Website တစ်ခုဖြစ်ပါတယ်။
ဝင်ရောက်လုပ်ကိုင်ချင်ရင်တော့ အောက်ပါ လုပ်ဆောင်ချက်တွေကို လိုက်လုပ်ဖို့လိုပါတယ်။
(၁) Sign up လုပ်တဲ့အခါ ကိုယ်အမြဲသုံးတဲ့ Email, Ph No. နဲ့ ID အစစ်အမှန်ပဲ ထည့်ပါ။
(၂) Sign up Form ဖြည့်တဲ့အခါ Nationality, Country, Primary Language စတာတွေကို Burmese, Myanmar သေချာဖြည့်ပါ။
(၃) Sign up လုပ်ပြီး သွားရင် ကိုယ့် Mail ကို အမြဲစစ်ပါ။ Native Burmese တွေအတွက် အလုပ်တွေဆို Project Join ဖို့ Email ကနေ Invite လုပ်တတ်ပါတယ်။
(၄) Project Apply လုပ်ပြီးရင် များသောအားဖြင့် Test ဖြေရပါတယ်။ Test ဖြေဖို့ကိုလည်း Email ကနေ Link ပို့ပေးပါတယ်။ အဲ့ဒီ Link ကနေ သွားဖြေလိုက်ရုံပါပဲ။ Test အောင်/မအောင်ကိုတော့ 2-5 days အတွင်း Email ကနေ အကြောင်းပြန်ပါတယ်။
မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ချိတ်လို့ရတဲ့အတွက် အရမ်းအဆင်ပြေတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အရမ်းကောင်းတဲ့ တစ်ချက်ကတော့ Appen က Jobs တွေမှန်သမျှကို Linkedin ကနေ ရှာလို့ရပါတယ်။ Appen မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အလုပ်လုပ်လို့ရပါတယ်။
လုပ်ဆောင်ချက်အသေးစိတ်ကို ပုံနဲ့တကွဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/groups/608873095826030/permalink/4454271627952805

အောက်ပါ Link မှလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://appen.com/