ကိုယ့်စိတ်ကြိုက်သတင်းတွေကို တစ်နေရာတည်းစုံစုံလင်လင်ဖတ်ရှုနိုင်မယ့် Microsoft Start

ဖုန်းကနေပဲဖြစ်ဖြစ်၊ ကွန်ပြူတာကနေပဲဖြစ်ဖြစ် သတင်းစာမျက်နှာတစ်ခုကို ဖွင့်လိုက်ပြီဆိုတာနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုနဲ့ပဲစတင်ပြီး ဖတ်ချင်ကြပါတယ်။ စိတ်မဝင်စားတဲ့ အကြောင်းအရာ တွေ အရမ်းများတဲ့အခါ ကိုယ့်အတွက်အချိန်လည်း ပိုကုန်စေပါတယ်။ ဒီလို လိုအပ်ချက်တွေ အတွက် Microsoft က Microsoft Start ကိုစတင်မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Personalize ပြုလုပ်လို့ရတဲ့ News Feed ပါဝင် ပြီးတော့ စိတ်ချသေချာတဲ့ Publisher တွေရဲ့သတင်းတွေ ဆောင်းပါးတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်လို့ ရနိုင်မှာပါ။ Microsoft Start ကို Microsoft Edge နဲ့ Chrome ကနေဖတ်နိုင်သလို Android နဲ့ iOS အတွက်လည်း Mobile App တွေနဲ့အသုံးပြုနိုင်ပါတယ်။ 

Photo Source https://www.microsoft.com/en-us/

ကိုယ်စိတ်မဝင်စားတဲ့ သတင်းဆောင်းပါးတွေကို ကျော်ဖတ်နေရတာမျိုးတွေမဖြစ်ရအောင် စိတ်ဝင်စားတဲ့ သတင်းဆောင်းပါးတွေ စုထားပေးနိုင်ဖို့အတွက် Personalize ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တွေကို Interest အနေနဲ့ထားပြီး သတ်မှတ်ထားနိုင်ပါတယ်။ အချက်အလက်မျိုးစုံအတွက် တစ်ခြားနေရာတွေမှာ လိုက်ကြည့်နေစရာ မလိုတော့ဘဲ ရာသီဥတုအခြေအနေ၊ ငွေကြေးသတင်းတွေ၊ အားကစားသတင်းတွေစတဲ့ သတင်းအချက်အလက်မျိုးစုံကို တစ်နေရာတည်း ရရှိနိုင်မှာပါ။

နေရာပေါ်မူတည်ပြီး Device မျိုးစုံသုံးတတ်တဲ့ သူတွေအတွက် Microsoft Account နဲ့ Log In လုပ်ထားရုံနဲ့ Microsoft Start ကို PC မှာကော Android နဲ့ iOS တွေမှာပါ အသုံးပြုနိုင်ပါတယ်။ Window 10 အသုံးပြုသူတွေ အတွက် Taskbar မှာ News and Interests ကိုထည့်ထားလိုက်တာနဲ့ သတင်းအချက်အလက်တွေ၊ မိုးလေဝသအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ အမြန်ဆုံးကြည့်နိုင် သိရှိနိုင်ပါတယ်။ Android အသုံးပြုသူတွေအတွက်လည်း Microsoft Start Application နဲ့ PC မှာပြုလုပ်ခဲ့သမျှ Interest တွေကို Account Log In လုပ်ထားလိုက်ရုံနဲ့ ကြည့်နိုင်ပါတယ်။ 

Photo Source https://www.microsoft.com/en-us/

Application အသုံးပြုသူတွေအတွက်က ပိုတောင်စုံပါသေးတယ်။ သတင်းအချက်အလက်တွေကို အသံနဲ့ ရှာလို့ရသလို ဓာတ်ပုံနဲ့လည်းရှာနိုင်ပါတယ်။ App ကနေ Instant game တွေဆော့ကစားနိုင်သလို AI အသုံးပြုပြီး သင်္ချာပုစ္ဆာတွေဖြေရှင်းတာ၊ ဘာသာပြန်တာ၊ အားကစားသတင်း၊ Esports သတင်းတွေ streaming တွေ၊ Unit Converter တွေစတဲ့ လုပ်ဆောင်ချက်ပေါင်းများစွာလည်း ထည့်သွင်းထားပေးပါသေးတယ်။ Microsoft Account နဲ့ ချိတ်ဆက်ထားတဲ့အတွက် ကွန်ပြူတာမှာအသုံးပြုနေတဲ့ One Drive ကိုလည်း Microsoft Start Application ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Application ကိုတော့ အသုံးပြုသူတွေအတွက် အပြင်ကို ပြန်ထွက်စရာ မလိုအောင် တစ်ခုတစ်စည်းတည်း ဖန်တီးထားပေးတာဖြစ်ပါတယ်။

Microsoft Start ကို ကွန်ပြူတာအသုံးပြုသူတွေအနေနဲ့ MicrosoftStart.com ကနေဝင်ရောက်နိုင်သလို Android နဲ့ iOS အသုံးပြုသူတွေအနေနဲ့လည်း Microsoft ကနေဝင်ရောက်ပြီး ဖုန်းနံပါတ် ဒါမှမဟုတ် Email address ကို ထည့်သွင်းလိုက်တာနဲ့ Download နိင်မယ့် လင့်ခ်ကိုပေးပို့ပေးမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ QR Code ကို Scan ဖတ်ပြီးတော့လည်း Download ရယူနိုင်ပါတယ်။