Creative Project တွေကို ဖန်တီးတဲ့နေရာမှာထောက်အကူပေးနိုင်တဲ့ Milanote

Milanote ဆိုတာကတော့ တီထွင်ဖန်တီးလိုသူတွေအတွက် note တွေမှတ်သားပေးနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။ Pasteboard ပုံစံဖြစ်ပြီးတော့ မှတ်စုတွေ၊ လင့်ခ်တွေ၊ To-Do list တွေ၊ လိုင်းတွေ၊ Board တွေ၊ Column ခွဲတာတွေ၊ Comment ရေးထားတာတွေအပြင် စိတ်ကြိုက်ဓာတ်ပုံတွေ ဖိုင်တွေကိုပါ ထည့်သွင်း နိုင်ပါသေးတယ်။

အသုံးပြုရလွယ်ကူပြီးတော့ ကိုယ့်ထည့်ချင်တဲ့ ပုံစံတွေကို ဆွဲပြီး ထည့်သွင်းလိုက်ရုံပါပဲ။ ကိုယ်အသုံးပြုချင်တဲ့ Tools လေးတွေကို သုံးလိုက်တာနဲ့ အသေးစိတ်ပြင်ဆင်လို့ရတာတွေကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ ဖော်ပြပေးထားပါတယ်။ ဖိုင်တွေလဲခွဲထားလို့ရတဲ့ အတွက် အတော်လေးအဆင်ပြေစေမှာပါ။ 

Photo Source https://milanote.com/

အစအဆုံး မလုပ်ချင်တဲ့သူတွေအတွက်လည်း Template မျိုးစံကိုထည့်သွင်းပေးထားပါတယ်။ ကိုယ့်ရဲ့  Product အကြောင်း မိတ်ဆက်ဖို့ အစီအစဉ်တွေချမလား၊ ဒီဇိုင်းတွေဖန်တီးဖို့အတွက်  Inspiration ယူမလား ဘယ်လို ဖန်တီးမှုမျိုး ဖြစ်ဖြစ် Milanote မှာထည့်သွင်းပြီး ကိုယ့်ရဲ့တီထွင်နိုင်စွမ်းတွေကို မြှင့်တင်လို့ရပါတယ်။ ဒီလိုဖန်တီးနိုင်စွမ်း အပြည့်နဲ့ အထောက်အကူပြုနိုင်တဲ့ Milanote ကိုတော့ Designer တွေ၊ Creative Director တွေ၊ Marketer တွေ၊ Writer တွေ၊ Agency တွေနဲ့ Startup လုပ်ငန်းတွေမှာ အသုံးပြုနေကြပါတယ်။

Milanote ကိုအသုံးပြုမယ့်သူတွေအတွက် Free, Person နဲ့ Team ဆိုပြီး သုံးမျိုးရှိပါတယ်။ Free ဆိုတာကတော့ အခမဲ့အသုံးချနိုင်ပြီးတော့ သုံးစွဲသူအတွက် Note, ဓာတ်ပုံဒါမှမဟုတ် လင့်ခ် အရေအတွက် ၁၀၀ အသုံးပြုခွင့် ပေးထားပါတယ်။ ဖိုင် ၁၀ ခုအထိတင်ထားခွင့်ရှိပြီးတော့ Boards တွေကိုတော့ အကန့်အသတ်မရှိ share ခွင့် ရှိပါတယ်။ Person အတွက် Note ဓာတ်ပုံ ဒါမှမဟုတ် လင့်ခ်တွေ အရေအတွက်အကန့်အသတ်မှရှိ အသုံးချခွင့် ရရှိမယ့်အပြင် File တွေကိုလည်းအကန့်အသတ်မရှိတင်ထားခွင့်ရှိပါတယ်။ Boards တွေကို အကန့်အသတ်မရှိ မျှဝေခွင့် ရှိသလို Content တွေနဲ့ Board တွေကို search box မှာရှာဖွေခွင့်ရမှာဖြစ်ပါတယ်။ Person အတွက် တစ်လကို $9.99 ကျသင့်မှာဖြစ်ပါတယ်။ Team ကတော့ Person နဲ့ရရှိမယ့် လုပ်ဆောင်ချက်တွေ အတူတူ ဆိုပေမယ့် လူဆယ်ယောက်အထိ ချိတ်ဆက်ပြီးအသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။ Team အတွက် တစ်လ $49 ကျသင့်မှာ ဖြစ်ပါတယ်။ 

Photo Source https://milanote.com/

အသုံးပြုသူတွေအနေနဲ့ Desktop App နဲ့ Mobile App တွေကနေ အသုံးပြုနိုင်မယ့်အပြင် Website ကနေလည်းအသုံးပြုနိုင်ပါသေးတယ်။ အသေးစိတ်အချက်အလက်တွေအတွက် Milanote ရဲ့ Official Website https://milanote.com/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။