မြန်မာနိုင်ငံ၏ Digital Marketing Platform များအနက် တစ်ခုအပါအဝင်ဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲ

မြန်မာနိုင်ငံ၏ Digital Marketing Platform များအနက် တစ်ခုအပါအဝင်ဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ RFOX MEDIA သည် အရှေ့တောင်အာရှအခြေစိုက် Venture Builder အဖြစ်လူသိများသော RedFox Labs မှ ဖန်တီးထားသည့် Blockchain-driven Ecosystem အတွက် Branding နှင့် Marketing Division အဖြစ် ပြောင်းလဲတာဝန်ယူသွားမည့် Media Venture အသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယခုကဲ့သို့ Rebrand ပြုလုပ်မှုသည် MYMEDIA ကို RedFox Labs မှ ဖေဖော်ဝါရီလ ၂၀၂၁ တွင် ဝယ်ယူမှုအပြီး ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။
ယခု အသစ်စက်စက် RFOX MEDIA Venture သည် MYMEDIA ၏ ဈေးကွက်ကိုဦးဆောင်နေသည့် platform ကို စွမ်းဆောင်ရည် ပိုမိုမြင့်မားစေနိုင်သည့်အပြင် Brand များ Influencers များမှတစ်ဆင့် စားသုံးသူများကို အစားအသောက်၊ ဖက်ရှင်၊ အားကစား နှင့် ဖျော်ဖြေရေးစသည့် ကဏ္ဍများနှင့် တိုက်ရိုက် ချိတ်ဆက်ပေးမှုကို ပိုပြီးအားကောင်း လာစေမည်ဖြစ်သည်။ RFOX MEDIA အဖြစ် Rebrand ပြုလုပ်လိုက်သော MYMEDIA Facebook Page တွင်လည်း Social Media Channel နှင့် Website အားလုံးတွင် Follower ၁၃ သန်းကျော် ရှိနေပြီဖြစ်သည်။

Photo Source https://web.facebook.com/rfoxmedia.mm/

RFOX Ecosystem ဖြင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ကာ Rebrand ပြုလုပ်မှုတစိတ်တပိုင်းအနေဖြင့် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ၂ မျိုးပါဝင်သည့် RFOX MEDIA ၏ Website အသစ်ကိုလည်း ထပ်မံမိတ်ဆက်ထားပြီးဖြစ်ပါသည်။ RFOX MEDIA သည် မြန်မာနိုင်ငံ ၏ Digital Marketing Leader အဖြစ် ကြိုးပမ်းရပ်တည်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှဈေးကွက်ကို အလျင်အမြန်တိုးတက်သောနယ်ပယ် အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း တိုးတက်မှုများကို ဆက်လက်ယူဆောင်သွားမည်ဖြစ်သည်။ RFOX MEDIA အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့် Social Media အချက်အလက်များကိုလည်း ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ရန် ရည်ရွယ်ထားသော RFOX MEDIA သည် မြန်မာနိုင်ငံအတွက်လည်း RFOX Ecosystem ထဲတွင်ရှိသော Product အသစ် ၊ Service အသစ်များကိုလည်း ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ဈေးကွက်ကို ဆက်လက်ဦးဆောင်သွားမည်ဟု ရည်ရွယ်ထားပါသည်။ ယခုလအစောပိုင်းကာလများတွင် RFOX MEDIA မှတစ်ဆင့် RFOX Run ဟု အမည်ရသည့် Jump-and-run Casual Game ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့ပြီး Gaming Rewards Model အသစ်ဖြစ်သည့် Play-to-Eat ကိုပါ မိတ်ဆက်ခဲ့ပါသည်။ Play-to-Eat Game ဖြစ်သောကြောင့် အနိုင်ရရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏ လူသုံးအများဆုံး Food Delivery Service တစ်ခုဖြစ်သည့် Foodpanda မှ အခမဲ့ Food Voucher များကို ရယူနိုင်မည်ဖြစ်သည်။ RFOX MEDIA မှ ယခုကဲ့သို့ RFOX Token စနစ်ကို အသုံးချပြီး Games ၊ E-Commerce ၊ Digital Finance နှင့် အခြားသော Industry များအတွက် အသစ်အသစ်သော နည်းလမ်းတွေများကို နောင်အနာဂတ်တွင် ဆက်လက် ယူဆောင်လာပေးနေမည်ဖြစ်သည်။ များမကြာမီအချိန်တွင်လည်း RFOX TV Streaming Service ကို မြင်တွေ့နိုင်တော့မည်ဖြစ်သည်။

Photo Source https://web.facebook.com/rfoxmedia.mm/

“ကျွန်တော်ဟာ RFOX MEDIA ကို တည်ထောင်ရင်း RedFox Labs ရဲ့ တစိတ်တပိုင်းဖြစ်ရတာကို အရမ်းဝမ်းသာမိပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို တိုးတက်လာစေမယ့် Product တွေနဲ့ Service အသစ်တွေကို မိတ်ဆက်သွားဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ RFOX MEDIA Team ဟာ နှစ်ပေါင်းများစွာ Content ပိုင်းမှာ အတွေ့အကြုံရှိခဲ့တဲ့ MYMEDIA ရဲ့ Team ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို နိုင်ငံတကာဈေးကွက်ထဲ ခြေဆန့်ဖို့အထိ ကောင်းမွန်တဲ့အစဖြစ်ပါတယ်” ဟု RFOX MEDIA ၏ COO အဖြစ် တာဝန်ယူထားသည့် Rene Heumueller မှပြောကြားခဲ့သည်။
“MYMEDIA အား RFOX MEDIA အဖြစ် Rebrand ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တဲ့ Scaling Technology ၊ ပိုကောင်းတဲ့ ချိတ်ဆက်မှုတွေ တည်ဆောက်မှုတွေ နဲ့ သတင်းအချက်အလက်မျှဝေမှုတွေကို ပိုပြီးအားကောင်းစေဖို့ ပထဆုံးခြေလှမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒါတွေက အခု Digital Marketing Platform အတွက် အလွန်ကြီးမားတဲ့တန်ဖိုးတွေရရှိစေမှာဖြစ်ပြီး အရှေ့တောင်အာရှဈေးကွက်အပြင် တခြားနိုင်ငံတွေကိုပါ ခြေဆန့်နိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ယခုနှစ်အစောပိုင်းမှာ MYMEDIA ကို ဝယ်ယူလိုက်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ တခြားသော အရှေ့တောင် အာရှနိုင်ငံအတွင်းမှာလည်း တူညီတဲ့ Platform တွေကို တည်ဆောက်နိုင်ခဲ့ခြင်းလို့ဆိုနိုင်ပါတယ်။ MYMEDIA ကို အသုံးပြုပြီး ကြော်ငြာနေတဲ့ Global လုပ်ငန်းတွေဟာလည်း ပိုပြီး လူသိရှိမှုကို ရရှိစေမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှဈေးကွက်ဟာ အင်တာနက်အသုံးပြုသူ သန်း ၃၆၀ ပါဝင်ပြီး ကြော်ငြာရှင်တွေအတွက် အရေးကြီးဆုံး အသက်အပိုင်းအခြားဖြစ်တဲ့ အသက် ၂၅ မှ ၃၄ နှစ်ကြား လူငယ် ၁၀၄ သန်းရှိနေပါတယ်”ဟု RedFOX Labs ၏ CEO နှင့် Co-founder အဖြစ် တာဝန်ယူထားသည့် Ben Fairbank မှ ပြော ကြားသည်။