MPT Club အဖွဲ့ဝင်များအတွက် အမေများနေ့ပရိုမိုးရှင်းအစီအစဉ်ကို MPT က မိတ်ဆက်

MPT Club သည် ၂၀၂၂ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းကို မိတ်ဆက်လိုက်ကြောင်းသိရသည်။
MPT Club အဖွဲ့ဝင်များအနေဖြင့် အဆိုပါထူးခြားသည့်နေ့ရက်တွင် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် မိမိတို့၏မိခင်များနှင့် အချင်းချင်း ပိုမိုဆက်သွယ် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်မည် ဖြစ်သည်။

Photo Source https://www.mpt.com.mm

အောက်ဖော်ပြပါအချက်များဖြင့်ပြည့်စုံသူ MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကို ရရှိအသုံးပြုနိုင်သည်။
(၁) MPT Club အဖွဲ့ဝင်များအားလုံး (Crown, Diamond, Platinum, Gold, Silver အဆင့်ရှိသူ) ပါဝင် နိုင်ပါသည်။
(၂) MPT Club ပွိုင့် အနည်းဆုံး ၁၀၀ ပွိုင့်ရရှိထားရမည်။
(၃) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ၊ *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။

Photo Source https://www.mpt.com.mm

ယခု အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပွိုင့်များလဲလှယ်နိုင်သည့် အရေအတွက်မှာ အကန့်အသတ်ရှိပြီး သုံးစွဲသူများအနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်သာ လဲလှယ်နိုင်သည့်အတွက် လျင်မြန်စွာ လဲလှယ်ရန် လိုအပ်ပါသည်။ MPT4U အက်ပလီကေးရှင်းတွင် MPT Club ပွိုင့်များကို လဲလှယ်ရန်အတွက် အဖွဲ့ဝင်များအားလုံးသည် MPT Club အောက်ရှိ အမေများနေ့ ပရိုမိုးရှင်း Menu အသစ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၈၅ ခုကျော်၏ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များတွင် ဈေးဝယ်ယူခြင်းများ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများနှင့် ဝယ်ယူနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်သည်။