2022 အတွက် Productivity အားကောင်းစေနိုင်မဲ့ Chrome Extensions များ

Software မဟုတ်ဘဲ Browser တွေပဲအသုံးပြုပြီး လုပ်ရတဲ့သူတွေအတွက် ကိုယ့်ရဲ့ Productivity ကို ပိုအားကောင်းလာအောင် ထောက်ပံ့ပေးမယ့် အရာတွေရှိထားတာ ပိုကောင်းပါတယ်။ Chrome Browser အသုံးပြုတဲ့သူတွေအတွက် Google Chrome Extension တွေဆိုတာ Chrome Browser မှာ သီးသန့်အသုံးပြုနိုင်ဖို့အတွက် ပြုပြင်ဖန်တီးထားတဲ့ Software Program တွေဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက် Productivity ပိုင်းမှာ အသုံးဝင်စေမဲ့ Chrome Extension တွေကို ဖော်ပြပေးလိုက်ပါတယ်။

Onetab - Google chrome extensions

(၁) OneTab

Browser မှာ Tab တွေအများကြီးဖွင့်ပြီး သုံးတတ်တဲ့သူတွေအတွက် One Tab က အသုံးပြုရလွယ်အောင် Tab တွေအားလုံးကို Tab Page တစ်ခုဖန်တီးပေးလိုက်မှာ ဖြစ်ပါတယ်။ Tab တွေအများကြီးဖွင့်ထားတာမျိုး မဟုတ်တော့တဲ့အတွက် Memory အရမ်းစားမှာလည်း ပူစရာမလိုတော့ပါဘူး။

Download 

momentum chrome extension

(၂) Momentum

Brainstorm လုပ်စရာ စဉ်းစားစရာတွေလိုအပ်လာရင် ခနလောက်တော့ စိတ်ကိုအနားပေးလိုက်ဖို့ လိုတာပါပဲ။ Browser ကိုအသုံးပြုရင်း Momentum ကို ဖွင့်ထားလိုက်ရင် Browser ရဲ့ Tab အသစ်တိုင်းမှာ Inspiration လုပ်နိုင်မယ့် Background ပုံစံပေါ်နေမှဦ ဖြစ်ပါတယ်။

Download

Grammarly - best chrome extension for writing

(၃) Grammarly

Grammarly ကတော့ အားလုံးသိထားကြတဲ့အတိုင်း ကိုယ့်အရေးအသား၊ စာလုံးပေါင်းသတ်ပုံနဲ့၊ Grammar အမှန်အမှားစစ်ပေးနိုင်တဲ့ Extension တစ်ခု ဖြစ်ပါတယ်။

Download

stayfocusd chrome extension

(၄) StayFocusd

Chrome  အသုံးပြုရင်း website တစ်ခုမှာ ကိုယ်အချိန်ဘယ်လောက်ကြအောင် အသုံးပြုလဲဆိုတာကို စစ်လို့ရတဲ့ Extension တစ်ခု ဖြစ်ပါတယ်။ ကိုယ်လုပ်နေတာကိုပဲ အာရုံစိုက်လုပ်နေဖို့အတွက် နာမည်ကြီးတဲ့ Reddit, Facebook, Twitter နဲ့ တခြား social media site တွေကို Block ပြုလုပ်ထားနိုင်ပါတယ်။ ပြန်လည်ပြင်ဆင်ဖို့အတွက် Setting ထဲမှာဝင်ပြောင်းလို့ရပါတယ်။

Download Marinara Pomodoro Technique chrome extension

(၅) Marinara: Pomodoro ® Assistant

အလုပ်အရမ်းများလို့ နားချိန်တောင်မရှိတဲ့သူတွေအတွက် အလုပ်လုပ်တဲ့အချိန်နဲ့ နားချိန်ထွက်လာအောင် ချိန်ညှိပေးတဲ့ Extension တစ်ခုဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်မှာပဲ အလုပ်လုပ်ပြီးတော့ နားချိန်တန်တာနဲ့ နားလို့ရပါပြီ။ Pomodoro ဆိုတာကတော့ ၂၅ မိနစ်အလုပ်လုပ် ၅ မိနစ်အနားယူတဲ့ပုံစံမျိုးပါ။ တခြား Time Tracking Tool တွေကိုအသုံးမပြုဘဲ Pomodoro Extension နဲ့တစ်နေရာထဲမှာပဲ သတ်မှတ်ထားနိုင်ပါပြီ။

Download