MPT က သဘာဝဘေးကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ အိမ်ထောင်စု ၇၀၀ ကျော် အား အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ကတိကဝတ်နှင့်အညီ သဘာဝဘေးကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ ဒေသခံပြည်သူများအား ကျပ်သန်း (၂၀) တန်ဖိုးရှိ အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။  ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ပြန်လည်ထူထောင်ရေးကာလအတွင်း မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ် ရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီး 2GB ဒေတာနှင့် MPT ဖုန်းအချင်းချင်း  အခမဲ့ ဖုန်းခေါ်ဆိုခွင့် ၁၀၀မိနစ် ကိုလည်း ပေးအပ်ထားပြီးဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုအား အောက်တိုဘာလ ၁၁ရက်မှ အောက်တိုဘာလ (၁၇) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Image: MPT

ယခုအစီအစဥ်အရ MPT အနေဖြင့်  ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ အကူအညီလိုအပ်နေသူ အိမ်ထောင်စုပေါင်း ၇၁၀ အား ပံ့ပိုးကူညီပေး နိုင်ခဲ့ပါသည်။ အိမ်ထောင်စုတစ်ခုချင်းစီအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန် ၁ပြည်၊ ငါးသေတ္တာ ၄ ဗူး၊ ခေါက်ဆွဲခြောက် ၄ ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ဆီ (၅၀) ကျပ်သား နှင့် ဓာတ်ဆားထုပ် ၄ ထုပ် တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာအလင်းသတင်းစာတွင် ဖော်ပြထားသော သတင်းအရ ပဲခူးမြစ်ရေသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆:၃၀ မိနစ်တွင် ၁၀၄ စင်တီမီတာသို့ရောက်ရှိလာခဲ့ပြီးနောက် ဆက်လက်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် အောက်တိုဘာလ (၈)ရက်နေ့တွင်  ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ မြို့နယ်အချို့တို့တွင် ယာယီတယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုအခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။ MPT အနေဖြင့် “မြန်မာပြည်နှင့်အတူရှိနေမည်” ဟူသည့်ကတိကဝတ်နဲ့အညီ  အောက်တိုဘာလ ၉ ရက် ည ၉ နာရီခွဲ မှစ၍ ပဲခူးတိုင်းဒေသကြီး(အရှေ့) ရှိ အဓိကကျသော မြို့နယ်အများစုတွင် တယ်လီကွန်း ဆက်သွယ်ရေးဝန်ဆောင်မှုများအား မူလအတိုင်း ပြန်လည်ပေးအပ်နိုင်ခဲ့ပါသည်။

Image: MPT

MPT အနေဖြင့်  ပေးအပ်ထားသော ကတိကဝတ်များနှင့်အညီ သဘာဝဘေးနှင့် ကြုံတွေ့နေရသည့် ဒေသခံပြည်သူများအတွက်  ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် နှင့် အရေးပေါ် စားနပ်ရိက္ခာများ ပြည့်စုံစေရန်အတွက်ပါ ရည်ရွယ်ဆောင်ရွက် လျက်ရှိပါသည်။

“ကျွန်တော်တို့အနေနဲ့ ခုလိုခက်ခဲတဲ့ကာလမှာ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ ဒေသခံပြည်သူတွေနဲ့ အတူရှိနေပြီး ကျွန်တော်တို့ရဲ့ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်မှုဟာ သဘာဝဘေးနဲ့ ကြုံတွေ့နေရသူတွေရဲ့ စိတ်ထိခိုက်ခံစားမှုတွေကို အတိုင်းအတာတစ်ခုထိ လျော့ကျစေဖို့ ရည်ရွယ်ပါတယ်။ အဓိကကျတဲ့ ဆက်သွယ်ရေး နဲ့ အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခြင်းဖြင့် ထိခိုက်ခံစားရမှုတွေကို အတိုင်းအတာတစ်ခုထိ လျော့ကျစေပြီး စိတ်သက်သာရစေမယ်လို့လည်း ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဆိုတဲ့ ကတိကဝတ်နဲ့အညီ မြန်မာ့လူမှုအသိုက်အဝန်းအတွက် အမြဲအဆင်သင့်ရှိသွားမှာပါ။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က ပြောကြားခဲ့ပါသည်။

Image: MPT

ကြုံတွေ့လာရသည့် အခက်အခဲများကို အတူ ရင်ဆိုင်ဖြတ်သန်းရင်း ပိုမိုကြံ့ခိုင်သန်မာလာမည်ဖြစ်ပါသည်။ တာဝန်သိ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည်နှင့်အညီ MPT အနေဖြင့် မြန်မာပြည်သူမျာအား တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ကို စဥ်ဆက်မပြတ်ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။