MPT က ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ Post-paid နှင့် FTTH ဝန်ဆောင်မှုများအတွက် E-invoice ကိုသာ အသုံးပြုသွားမည်

MPT သည် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး လွယ်ကူအဆင်ပြေစေရန်နှင့် ကာဗွန်အသုံးပြုမှုကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို ၂၀၂၀ ပြည့်နှစ်က စတင်မိတ်ဆက်ခဲ့သည်။
ယခုအခါ ထပ်မံတိုးချဲ့ခြင်းအနေဖြင့် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး (တစ်ဦးချင်း သုံးစွဲသူများသာ) သည် ငွေတောင်းခံလွှာ စာရွက်များအစား ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိမည် ဖြစ်ပြီး ငွေတောင်းခံလွှာ စာရွက်များ ပေးပို့ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီမှစတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Photo Source http://www.mpt.com.mm/

ထို့အပြင် ဒီဂျစ်တယ် ငွေတောင်းခံလွှာများကို MPT4U အက်ပလီကေးရှင်းနှင့် USSD နည်းလမ်း *260# သို့ ခေါ်ဆိုခြင်းမှတစ်ဆင့်လည်း ရရှိနိုင်မည် ဖြစ်ပါသည်။ E-invoice ကို စာရင်းသွင်းရယူခြင်းဖြင့် သုံးစွဲသူများသည် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၅ လ ဆက်တိုက် စုစုပေါင်း ကျပ် ၂,၅၀၀ သက်သာခွင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိရရှိမည် ဖြစ်ပါသည်။
MPT သုံးစွဲသူများသည် အခကြေးငွေထပ်မံပေးရန်မလိုဘဲ မိမိ၏ သတင်းအချက်အလက် (ဖုန်းနံပါတ် နှင့် Email လိပ်စာ) များကိုဖြည့်သွင်းပြီး အောက်ပါနည်းလမ်းများမှတစ်ဆင့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို စာရင်းသွင်း နိုင်မည် ဖြစ်သည်။
(၁) သတင်းအချက်အလက်များကို https://www.mpt.com.mm/mm/e-invoice-registration-mm/ မှတစ်ဆင့် စာရင်းသွင်းခြင်း။
(၂) မိမိနှင့် နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ (TRA/Commercial Office ရုံး) သို့ သွားရောက်၍ စာရင်းသွင်းခြင်း။
(၃) စာရင်းသွင်းရယူနိုင်ရန် MPT အသုံးပြုသူများ Call Center (106) ခေါ်ဆို၍ သော်လည်းကောင်း အခြားအော်ပရေတာသုံးစွဲသူများအနေဖြင့် ၀၁-၂၃၉၉၁၀၆ သို့လည်းကောင်း ဖုန်းခေါ်ဆို၍ စာရင်းသွင်းခြင်း။
(၄) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်းသွင်းရယူခြင်း တို့ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Photo Source http://www.mpt.com.mm/

စာရင်းသွင်းရယူပြီးနောက် သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို မိမိကြိုက်နှစ်သက်သည့် နည်းလမ်းဖြင့် အတည်ပြုရယူနိုင်ရန် SMS (စာတို) သို့မဟုတ် အီးမေးလ်ကို လက်ခံရရှိမည် ဖြစ်သည်။
MPT4U သည် Android နှင့် iOS အသုံးပြုသူများအတွက် အခကြေးငွေကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်သည့် MPT အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများသည် ၎င်းတို့၏ MPT ဝန်ဆောင်မှု အသုံးပြုမှုမှတ်တမ်းများနှင့် ကုန်ကျစရိတ်များကို အဆင်ပြေလွယ်ကူစွာ စစ်ဆေးနိုင်ရန်၊ လစဉ်ငွေတောင်းခံလွှာများ ပေးချေရန် နှင့် MPT က ပေးအပ်သည့် ဝန်ဆောင်မှုများစွာကို စီမံခန့်ခွဲရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါ အက်ပလီကေးရှင်းဖြင့် Post-paid သုံးစွဲသူများသည် နောက်ဆုံးထွက်ရှိထားသည့် ၆ လစာ ငွေတောင်းခံလွှာများ နှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များကို ကြည့်ရှုစစ်ဆေးနိုင်သကဲ့သို့ မိမိသိရှိလိုသော အကြောင်းအရာများ နှင့် အခြားဝန်ဆောင်မှုများကို လွယ်ကူစွာ ရှာဖွေနိုင်သည့်အပြင် အနီးနားရှိ MPT အရောင်းဆိုင်များကိုလည်း အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။
ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ဖြင့် MPT သုံးစွဲသူများသည် ယခင် စာရွက်ငွေတောင်းခံလွှာ များထက် ပိုမိုစောလျင်စွာ နှင့် အချိန်မှန် လက်ခံရရှိနိုင်ခြင်း ၊ ငွေတောင်းခံလွှာများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စစ်ဆေးနိုင်ခြင်း၊ သုံးစွဲသူ၏ ဖုန်း (သို့မဟုတ်) ကွန်ပျူတာထဲတွင် ငွေတောင်းခံလွှာများကို သိမ်းဆည်းနိုင်ခြင်း၊ လွယ်ကူစွာ ငွေပေးချေခြင်း နှင့် ပရိုမိုးရှင်းအစီအစဉ်များကို ရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

Photo Source http://www.mpt.com.mm/

MPT သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) အတွက် ငွေပေးချေခြင်းကို MPT Pay နှင့် KBZ Bank၊ AYA Bank နှင့် CB Bank တို့၏ I-Banking/ Mobile Banking တို့မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် ငွေပေးချေသည့်ကောင်တာများ ဖြစ်သည့် MPT TRA ၊ စာတိုက်နှင့် အေးဂျင့်များတွင် SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိထားသည့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို ပြ၍ ငွေပေးချေနိုင်သည်။
နည်းလမ်းမျိုးစုံဖြင့် ငွေပေးချေနိုင်သည့် သတင်းအချက်အလက် အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
https://www.mpt.com.mm/mm/payment-through-bank-channel-mm/