MPT က ပထမဆုံး One Stop Cloud ဝန်ဆောင်မှုကို မိတ်ဆက်

MPT က သတင်းအချက်အလက်နည်းပညာဆိုင်ရာ Infrastructure တစ်ခုလုံးကို အကောင်းဆုံး ဖြစ်စေရန်အတွက် ယုံကြည်စိတ်ချရသော Cloud ဝန်ဆောင်မှုကို ပေးအပ်ရန် ရည်ရွယ်၍ ပထမဆုံး One Stop Cloud ဝန်ဆောင်မှုကို လုပ်ငန်းရှင်များနှင့် B2B ဝန်ဆောင်မှု အသုံးပြုသူများ အတွက် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
MPT B2B Cloud ဝန်ဆောင်မှု အသစ်သည် စီးပွားရေးလုပ်ငန်းစုများနှင့် ကိုက်ညီသော စည်းမျဉ်း၊ စည်းကမ်းများ၊ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြားသော ဒေတာအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပေးခြင်း နှင့် ဒေတာအချက်အလက်များကို ပြောင်းရွှေ့ခြင်း (သို့မဟုတ်) ပြန်လည်ရယူခြင်းတို့ကို ဆောင်ရွက် ပေးခြင်းဖြစ်သည်။
MPT B2B Cloud ဆိုသည်မှာ အင်တာနက်ပေါ်တွင် စီမံခန့်ခွဲသည့် IaaS (Infrastructure as a Service) ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ဆာဗာများရှိရာနေရာသို့ အင်တာနက်ပေါ်မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်နိုင်သည့် ကွန်ရက်ကိုအသုံးပြုပြီး အင်တာနက်ပေါ်တွင် ‌‌ဒေတာအချက်အလက်များကို သိမ်းဆည်းခြင်း၊ ဒေတာ စီမံခန့်ခွဲ ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း တို့ကို ပြည်တွင်း၌ပင် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
MPT B2B Cloud ဝန်ဆောင်မှုတွင် Virtual Network ၊ Virtual Machine ၊ Virtual Storage နှင့် OS License ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။
MPT B2B Cloud ဝန်ဆောင်မှု ဒေတာစင်တာကို မြန်မာနိုင်ငံတွင်ထားရှိပြီး B2B သုံးစွဲသူများအတွက် လုပ်ငန်းစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်း၌ပင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် B2B သုံးစွဲသူများသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု တာဝန်များကို လျှော့ချနိုင်ခြင်း၊ မြင့်မားသောကွန်ရက်စွမ်းဆောင်ရည်ကို ရရှိနိုင်ခြင်း၊ ဒေတာများ လျင်မြန်ချောမွေ့စွာရယူနိုင်ခြင်း၊ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရယူနိုင်ခြင်း နှင့် သုံးစွဲသူများအတွက် ၉၉.၉ ရာခိုင်နှုန်း ယုံကြည်စိတ်ချရသော Cloud ဝန်ဆောင်မှု စသည့် အကျိုးကျေးဇူးများကို ရရှိ ခံစားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ထို့အပြင် MPT B2B Cloud ဝန်ဆောင်မှုတွင် Basic Operation Service ကို အပိုကုန်ကျစရိတ်မရှိဘဲ ပံ့ပိုး ဆောင်ရွက်ပေးထားပါသည်။ Basic Operation Service တွင် Virtual Machine များကို စောင့်ကြည့် စစ်ဆေးပေးခြင်း၊ ပြဿနာများ ဖြေရှင်းပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုများကို စီမံခန့်ခွဲခြင်းများ စသည့် ဝန်ဆောင်မှုများ ပါဝင်သည်။ MPT သည် သုံးစွဲသူများ၏ လိုအပ်ချက်ပေါ် မူတည်၍ MPT B2B Cloud ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပြီး အဆိုပါဝန်ဆောင်မှုများကို ကြိုတင်စာရင်းသွင်းခြင်းပြုလုပ်၍ လစဉ်ငွေပေးချေမှုပုံစံဖြင့် ကောက်ခံသွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက MPT သုံးစွဲသူများအတွက် အခမဲ့ဆက်သွယ်နိုင်သည့် B2B Hotline ဖြစ်သော 0800 800 9990 သို့မဟုတ် ၀၉၄၂၆၀၀၀၃၂၃ (အခြားအော်ပရေတာသုံးစွဲသူများအတွက်) (သို့) ၁၀၆ (သို့) 01- 2399106 နှင့် b2b@mptjo.com.mm သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
MPT သည် B2B ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ အပါအဝင် fixed lines ဝန်ဆောင်မှုများကဲ့သို့သော စီးပွားရေးသုံး မိုဘိုင်းလ်ဝန်ဆောင်မှုများကိုလည်း ကျယ်ပြန့်စွာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည်။ MPT သည် ကော်ပိုရိတ်သုံးစွဲသူအားလုံးအတွက် Close User Group (CUG)၊ B2B Data Plans၊ Data Only SIM၊ Mobile Remote Access၊ Business Allowance နှင့် Business Bundle ဝန်ဆောင်မှုအစရှိသည့် ဈေးနှုန်းသက်သာသော စီးပွားရေးသုံး မိုဘိုင်းလ်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ Fixed Line ဝန်ဆောင်မှုများအတွက်မူ Dedicated Fiber Internet ၊ Business Premium/ Eco ၊ SME Broadband ၊ IP-VPN၊ Domestic Private Lead Circuit (DPLC) ၊ International Private Lead Circuit (IPLC) ၊ MPT Auto Phone (PSTN) နှင့် Toll-Free Call အစရှိသည့် ဝန်ဆောင်မှုများကို MPT က ပေးအပ်လျက်ရှိသည်။