Ooredoo Group ကုန်အမှတ်တံဆိပ်အသွင်သစ်ကို စတင်မိတ်ဆက်

Ooredoo Group သည်Upgrade Your World ဟူသော အမှတ်တံဆိပ်နှင့် tagline အသစ်ကို စတင်မိတ်ဆက် လိုက်ပြီဖြစ် ကြောင်းသိရသည်။
တိုးတက်နေသောလုပ်ငန်းနယ်ပယ်တစ်ခုတွင် အူရီဒူး၏ အမှတ်တံဆိပ်နေရာချထားမှု ပုံစံသစ်သည် ကော်ပိုရိတ် အသွင် ကူးပြောင်းမှုဆိုင်ရာ မဟာဗျူဟာ၏ အဓိကကျသော အနာဂတ်အတွက် တွေးမျှော်စွမ်းဆောင်နိုင်ခြင်း၊ သုံးစွဲသူနှင့် ဝန်ထမ်းဗဟိုပြုအာရုံစိုက်မှု အစရှိသည့် ရည်ရွယ်ချက်များဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။
အူရီဒူး၏ tagline အသစ်သည် ကုမ္ပဏီ၏တိုးတက်မှုကိုဆက်လက်ထိန်းသိမ်းရန်နှင့် လုံးဝရပ်တန့်နေမှာမဟုတ်ကြောင်း ဖော်ပြနေစေရန်ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
Upgrade Your World သည် သုံးစွဲသူများနှင့်ဝန်ထမ်းများကိုရှေ့သို့ ဆက်လက်ရွေ့လျားစေမည်ဟုကတိပြုခြင်းဖြစ်သည် ဟုထုတ်ပြန်ထားသည်။
“ဒါဟာ အူရီဒူးအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကဏ္ဍသစ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ အားလုံးအချိန် အတိုင်းအတာ တစ်ခုအထိ စောင့်မျှော်နေခဲ့ရတဲ့ အရာတစ်ခုပါ။ သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ဘဝများကို ပိုမိုကောင်းမွန် ပြည့်စုံစေရန် ကျွန်ုပ်တို့ရဲ့ tagline အသစ် “Upgrade Your World” ဟာ ကျွန်တော်တို့လုပ်ဆောင်သမျှအရာအားလုံး၏ အဓိကနေရာမှာ ဝန်ထမ်းတွေနဲ့ သုံးစွဲသူများကိုထားရှိလိုတဲ့ မူဝါဒလမ်းစဉ်ကို ဖော်ပြနေပါသည်။ ဒါဟာ သူတို့ကို မည်သည့်နေရာတွင်ပင်ရှိနေပစေ အမြဲတစ်သမတ်တည်း ရှေ့သို့ကြိုလှမ်းနိုင်စေဖို့ ရှေ့ဆက်လျှောက်လှမ်းနိုင်စေရန် ပံ့ပိုး ဆောင်ရွက်ပေးမည်ဆိုသည့် ကတိစကားတစ်ခုလည်း ဖြစ်ပါတယ်” ဟု အူရီဒူး၏ MD နှင့် Group CEO ဖြစ်သူ Aziz Aluthman Fakhroo က ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူး၏အဆင့်မြင့်ကွန်ရက်များသည် 5G မှတစ်ဆင့် the Internet of Things နှင့် ဒေတာစိစစ်ချက်များကို အသုံးပြုနိုင်ပြီဖြစ်ပြီး ကာတာ၊ ကူဝိတ်၊ အိုမန်၊ မော်လ်ဒိုက်နှင့် အင်ဒိုနီးရှားတို့တွင် ယခုရရှိနိုင်ပြီဖြစ်သည်။
အူရီဒူး၏ Apps များသည် အလုံးစုံပြည့်စုံကောင်းမွန်သည့် ဒစ်ဂျစ်တယ်မိုဘိုင်း အတွေ့အကြုံကို ပေးအပ်လျက်ရှိနေပြီး အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုအသုံးမပြုသည့် လူမှုအသိုင်းအဝန်းများအတွက် မိုဘိုင်းပိုက်ဆံအက်ပ်လီကေးရှင်းများ နှင့်အတူ ဝန်ဆောင်မှုအသစ်များစွာကိုပေးအပ်လျက်ရှိကြောင်းသိရသည်။
မကြာသေးမီနှစ်များအတွင်း အူရီဒူးသည် ကုမ္ပဏီတစ်ခုလုံး၏ လုပ်ငန်းအသွင်ကူးပြောင်းမှုအစီအစဉ်ကို စတင်ခဲ့ပြီး သုံးစွဲသူများအား မည်သည့်နေရာတွင်မဆို အွန်လိုင်းပေါ်တွင် ပြောင်းလဲတိုးတက်ကောင်းမွန်လာသော ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ရရှိခံစားစေနိုင်ရန်ကွန်ရက်အဆင့်မြှင့်တင်မှုများ၊ ထုတ်ကုန်များနှင့် ဝန်ထမ်းများအပေါ် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားရှိကြောင်းလည်းသိရသည်။
ထို့ကြောင့် Ooredoo Group လုပ်ငန်းလည်ပတ်နေသောဈေးကွက်များတွင် ပြိုင်ဆိုင်မှုအားကောင်းသောလုပ်ဆောင်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကာတာနိုင်ငံအား ကမ္ဘာ့ပထမဦးဆုံး 5G ကွန်ရက်ကိုစတင်နိုင်စေခြင်းအပါအဝင် ကြီးကျယ်သောအောင်မြင်မှုများနှင့် အဓိကမှတ်တိုင်များဖြစ်ပေါ်စေခဲ့ခြင်းလည်းဖြစ်သည်။