ပိုမိုအဆင့်မြင့်သော AI ဓာတ်ပုံရိုက်ကူးခြင်းစနစ်များထည့်သွင်းထားတဲ့ Huawei Y9 Prime 2019

HUAWEI Y9 Prime 2019 မှာ ထူးခြားသေသပ်တဲ့ လိုင်းခွဲလေးတစ်ကြောင်းပါဝင်တာကြောင့် ပုံမှန်ဒီဇိုင်းတွေ ကနေခွဲထွက်စေပါတယ်။ ချောမွေ့ပြီး သေသပ်တဲ့ ကျောဖက်အပိုင်းက အလင်းရောင်အောက်မှာ ပိုမိုတောက်ပစေသလို တိကျကျစ်လစ်မှုကို အသေအချာမြင်တွေ့ရစေမှာပါလည်းဖြစ်ပါတယ်။
ပုံမှန်ထက်ပိုကျယ်တဲ့ 6.59 လက်မအရွယ် HUAWEI Ultra FullView မျက်နှာပြင်ပြည့်ဒီဇိုင်းကြောင့် အဆုံးအစမဲ့မြင်ကွင်းကို ရရှိစေပါတယ်။ ရုပ်ရှင်တွေကြည့်၊ ဂိမ်းတွေဆော့၊ စာတွေဖတ်ရင်း အကန့်အသတ်မရှိတဲ့ အတွေ့အကြုံတွေကို ခံစားနိုင်မှာပါ။
အရှေ့ကင်မရာက ဆယ်လ်ဖီရိုက်မယ်ဆိုရင် ၁ စက္ကန့်အတွင်း အလိုအလျောက်ထွက်လာမှာဖြစ်ပါတယ်။ 16MP ရှိတဲ့ AI ရှေ့ကင်မရာက ရိုက်ကူးနေစဉ်တစ်ချိန်ထဲမှာပဲ မတူညီတဲ့အခြေအနေပေါင်း (၈) မျိုးကို အသိဉာဏ်ရှိရှိ ခွဲခြားသိမြင်နိုင်ပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးနိုင်ပါတယ်။

Photo Source https://mm.myanmartechpress.com/

ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေအတွက် 16 MP Main ကင်မရာရယ်၊ 120 ဒီဂရီအထိ ကျယ်ပြန့်တဲ့မြင်ကွင်းတွေရစေမယ့် 8 MP Ultra Wide Angle ကင်မရာရယ်၊ ရှေ့ကြည်နောက်ဝါး ဓာတ်ပုံတွေဖမ်းယူနိုင်စေဖို့ 2 MP Depth ကင်မရာရယ် ပေါင်းစပ်ပါဝင်ထားပါတယ်။
ကျောဖက်မှာပါဝင်တဲ့ 8 MP Ultra Wide Angle Lens က ကြီးမားတဲ့အဆောက်အဦးတွေ၊ တောင်တန်းတွေနဲ့ အုပ်စုလိုက်ဓာတ်ပုံရိုက်တဲ့အခါတွေမှာ ထူးခြားတိကျမှုနဲ့ ကြည်လင်တောက်ပမှုတွေ ရရှိစေမှာပါ။ မတူညီတဲ့ရှုထောင့်ကနေ ပိုမိုကျယ်ပြန့်တဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်ပါတယ်။
AI နည်းပညာရဲ့ အထောက်အပံ့နဲ့အတူ ကျောဖက်ကင်မရာက မတူညီတဲ့အရာဝတ္ထု ၂၂ မျိုးရဲ့ အခြေအနေပုံစံပေါင်း ၅၀၀ ကျော်ကို ကင်မရာချိန်လိုက်တာနဲ့ သိရှိနိုင်မှာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် အသိဉာဏ်ရှိရှိ ချိန်ညှိပေးမှာပါ။ အဲ့ဒါကြောင့် ရရှိလာတဲ့ဓာတ်ပုံတွေကိုလည်း ပိုပြီးတိကျသေသပ်စေပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ Kirin 710F Octa-Core Chipset က ပါဝါစားမှုလျော့ပေးပြီး ပိုပြီးလျင်မြန်လာစေပါတယ်။ ရုပ်ထွက်ကောင်းကောင်းနဲ့ ဂိမ်းအကြီးတွေဆော့တာတို့၊ Live-Streaming တို့ လုပ်နေရင်တောင် ဖုန်းကချောချောမွေ့မွေ့၊ သွက်သွက်လက်လက်ဖြစ်နေစေမှာပါ။ HUAWEI Y9 2019 Prime 2019 ဗီဒီယိုတွေ၊ ဓာတ်ပုံအမှတ်တရတွေ၊ စာတိုတွေကို 128 GB ROM နဲ့ အများကြီးသိမ်းဆည်းနိုင်မှာဖြစ်ပြီး 512 GB အထိလည်း SD Card ထပ်စိုက်နိုင်ပါတယ်။

Photo Source https://mm.myanmartechpress.com/

4000 mAh7 ပါဝင်တဲ့ ဘက်ထရီပမာဏအပြင် Smart Power-Saving Processor ကြောင့် ပါဝင်စားသက်သာစေပါတယ်။ EMUI 9.0 က အသုံးပြုရလွယ်ကူစေဖို့ ရိုးရှင်းသွက်လက်တဲ့ ဒီဇိုင်းပုံစံနဲ့ အသိဉာဏ်မြင့် ဆောင်ရွက်ချက်တွေကို ဖန်တီးပေးပါတယ်။
Huawei Y9 Prime 2019 ရဲ့ Auto Pop-Up ကင်မရာက သုံးစွဲသူများမှ အရှေ့ဖက်ကင်မရာလုပ်ဆောင်ချက်အား ဖွင့်လိုက်တဲ့အခါမှာ အလိုအလျှောက်ပွင့်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အသိဉာဏ်မြင့်မားတဲ့ protection mechanism ကြောင့် လက်မှလွတ်ကျသွားတဲ့အခါ Lens အားအလိုအလျောက် ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။ အဆိုပါ Pop-Up Camera ဟာ အကြိမ်ရည်ပေါင်း တစ်သိန်းအထိ အဖွင့်အပိတ်လုပ်နိုင်စွမ်းရှိပြီး 15kg အထိရှိသော Soft Pressing ဒဏ်အားလည်း ခံနိုင်ရည်ရှိပါတယ်။
Huawei Y9 Prime 2019 မှာType C Charger Port ပါဝင်ပါတယ်။ Kirin 710 F ပါဝင်အားဖြည့်တာကြောင့် ယခင်မျိုးဆက်များထက် သာလွန်တဲ့ CPU နှင့် GPU အား ပေးစွမ်းနိုင်ပါတယ်။ ယခု Huawei Y9 Prime 2019 အား မြန်မာပြည်ဈေးကွက်မှာ မြန်မာငွေကျပ် ၃၃၉၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်ပြီး အရောင်အားဖြင့် Midnight Black ၊ Emerald Green နဲ့ Sapphire Blue စတဲ့အရောင် သုံးမျိုးရှိပါတယ်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://mm.myanmartechpress.com/