MPT မှ ဖုန်းအချင်းချင်း အခမဲ့ဖုန်းဘေလ် လွှဲပြောင်းပေးနိုင်သည့် ဝန်ဆောင်မှုကို မိတ်ဆက်

MPT သုံးစွဲသူများအနေဖြင့် ချစ်ခင်ရသူ မိသားစုများ၊ သူငယ်ချင်းများ ထံသို့ မိုဘိုင်းဖုန်းအချင်းချင်း မိမိတို့၏ ဖုန်းမှလက်ကျန် ဖုန်းဘေလ်များအား လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်ကာ ဝန်ဆောင်ခပေးရန်မလိုဘဲ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ယခင်က ဝန်ဆောင်ခအဖြစ် လွှဲပြောင်းသည့်ပမာဏ၏ ၅ ရာခိုင်နှုန်းကိုငွေလွှဲသူ၏ မူလ ဖုန်းလက်ကျန်ငွေထဲမှ ကောက်ခံ ခဲ့ပြီး ယခုပရိုမိုးရှင်းကို မိတ်ဆက်လိုက်ခြင်းအတွက် အဆိုပါ ဝန်ဆောင်ခမှာ ကျသင့်ခြင်း မရှိတော့ဘဲ ဆောင်ရွက်နိုင်ပြီဖြစ် သည်။ ယင်းသို့လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများမှာမူ ယခင်အတိုင်း အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှု ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂) ရက်မှစ၍ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်း အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.mpt.com.mm

ဝန်ဆောင်မှုကို ရယူရန်အတွက် အောက်ပါ USSD code ကိုရိုက်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။
*223*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏ Mobile Phone နံပါတ်# [ပေးပို့ပါ]
ဥပမာ။ *223*1000*09456456456#[send]
စည်းမျဉ်း စည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) MPT ကြိုတင်ငွေဖြည့်သွင်းသည့် စနစ် အသုံးပြုသူများသာ အသုံးပြုနိုင်ပါသည်။
(၂) တစ်ကြိမ်လျှင် ဖုန်းငွေ ကျပ် ၃၀၀ မှ ၁၀,၀၀၀ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
(၃) တစ်ရက်တွင် (၅) ကြိမ်သာ ငွေလွှဲနိုင်မည်ဖြစ်သည်။
(၄) ဖုန်းငွေအနည်းဆုံး ၃,ဝဝဝ ကျပ်နှင့်အထက်အသုံးပြုပြီးမှသာ ဖုန်းဘေလ်လွှဲပြောင်း ပေးနိုင်သည့် ဝန်ဆောင်မှုကို စတငအသုံးပြုနိုင်ပါမည်။
(၅) ဝန်ဆောင်ခ အခမဲ့ဖြင့် အသုံးပြုမှုကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၂) ရက်မှစတင်ကာ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်းအသုံးပြုနိုင်မည်ဖြစ်သည်။
လက်ကျန်ငွေလွှဲပြောင်းခြင်း ဝန်ဆောင်မှုနှင့်ပတ်သက်သော မေးခွန်းများအတွက် https://bit.ly/3d00LpK သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Photo Source https://www.mpt.com.mm

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထား သည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် https://www.mpt.com.mm သို့မဟုတ် https://www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။