MPT Pay အက်ပလီကေးရှင်း မှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များဝယ်ယူနိုင်

MPT Pay သည် သုံးစွဲသူများအတွက် MPT Pay အက်ပလီကေးရှင်း မှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များ ဖြစ်သော “Data Carry Plus” နှင့် All in one ထောဘီ ၁၀ ဆ ကိုဝယ်ယူလျှင် MPT Pay ၏ အထူးလက်ဆောင် ပြန်အမ်းငွေ E-money ၅၀% ရရှိမည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက် မှ ဧပြီလ ၁၂ ရက်အထိ ရယူနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

အထက်ဖော်ပြပါ ပက်ကေ့ချ်များအတွက် E-money ၅၀ ရာခိုင်နှုန်း ပြန်အမ်းငွေ အစီအစဉ်ကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT Pay အက်ပလီကေးရှင်းထဲရှိ “ဖုန်းငွေဖြည့် နှင့် ဒေတာ” icon မှတစ်ဆင့် ဝယ်ယူရန် လိုအပ်ပါသည်။ အဆိုပါ Auto-renewal ပက်ကေ့ချ်များသည် သုံးစွဲသူများအတွက် ဒေတာပြတ်လပ်မှုကို စိတ်ပူရန်မလိုဘဲ စဉ်ဆက်မပြတ်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်နှစ်မျိုးလုံးအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်များ ဝယ်ယူခြင်းအတွက် ၅၀ % E-money ပြန်အမ်းငွေကို ၂ ရက်အတွင်း MPT Pay Wallet အကောင့်သို့ ထည့်သွင်းပေးမည် ဖြစ်သည်။ ပြန်အမ်းငွေ ခံစားခွင့်များကို ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း၊ ပက်ကေ့ချ် ဝယ်ယူခြင်း၊ ဖုန်းငွေဖြည့်ခြင်း အစရှိသည်တို့အတွက် အသုံးပြုနိုင်သည်။
အထူးအကျိုးခံစားခွင့်များကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT Pay Wallet အကောင့်ဖွင့်ထားရန်လိုအပ်ပြီး MPT Pay အက်ပလီကေးရှင်းကို https://bit.ly/MPTPayAndroid (Android အသုံးပြုသူများအတွက်) နှင့် https://bit.ly/MPTPay_iOS (iOS အသုံးပြုသူများအတွက်) တို့မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်သည်။